စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့ပေါ် လမ်းဆုံကို စစ်အုပ်စုနဲ့ပျူ အင်အား(၂၀၀)လောက်က ပိတ်ဆို့စီးနင်းပြီး လူမနေတဲ့ အိမ်နဲ့ အဆောက်အဦး တချို့ကို မီးရှို့ဖျက်ဆီးကာ ထမင်းဟင်းချက်နေတဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ခုနှစ်ဦး ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့သိရတယ်။စစ်အုပ်စုဟာ နေအိမ်တွေထဲ ဝင်မွှေလုယက်ရင်း တွေ့သမျှပြည်သူကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ခြင်းမရှိပဲနဲ့ သူတို့ဟာသူတို့ မီးရှို့ပြီး အဲဒီနေရာက လူတွေကို ၀င်ဖမ်းတာပဲ။
စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ လက်ဖက်ရည်ဆိုင်၊ ရေဆေးဆီလိုက် ဆိုင်တစ်ဆိုင်၊ စျေးဆိုင်တွေနဲ့ လူနေအိမ် နှစ်လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက တန့်ဆည်မြို့ လမ်းဆုံနဲ့ လူအသွားအလာ များတဲ့ နေရာတွေမှာ ဂိတ်ဖွင်ကြာ ဖမ်းဆီးငွေညစ် သတ်ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပြီး စက်တင်ဘာ(၂၂)ရက်ကတော့ တန့်ဆည်မြို့ပေါ်က စစ်အုပ်စု ဂိတ်ဖွင့်ထားတဲ့ သုံးနေရာကို ဒေသခံ တော်လှန်ရေး တပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု (၂၀)ကျော် သေပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်။အဲ့ဒီလိုတန့်ဆည်မြို့ပေါ်ကဂိတ်တွေတိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုဟာ မြို့ပေါ်မှာ ဂိတ်ဖွင့်မနေရဲတော့ဘဲ တန့်ဆည်ရဲစခန်းထဲမှာပဲ စုဝေးနေပြီး လက်နက်မဲ့ ပြည်သူကို ရန်ပြုသတ်ဖြတ်တာတွေ ကျူးလွန်နေတာဖြစ်တယ်။