ညီနောင်သုံးဖွဲ့ဟာဒီနေ့မှာတော့တတိယမြောက်မြို့အဖြစ်တရုတ်နယ်စပ်ကဖောင်းဆိုင်မြို့ကိုထပ်မံသိမ်းယူလိုက်ပါတယ်။ဒါ့အပြင်အပိုဆုအဖြစ်သံချပ်ကာကားသုံးစီးကိုပါထပ်မံသိမ်းဆည်းရရှိတယ်။ဒါနဲ့ဆိုရင်ဒီစစ်ဆင်ရေးမှာရရှိထားတဲ့သံချပ်ကာကား၅စီးထိရှိသွားပါပြီ။ပီးတော့ဒီနေ့အထိစစ်ကောင်စီရဲ့တပ်စခန်းပေါင်း၉၀နီးပါးအထိတိုက်ခိုက်သိမ်းပိုက်ရရှိထားပါပြီ။မဟာမိတ်အဖွဲ့တွေစစ်တပ်စခန်းတွေကိုသွားတိုက်ခိုက်ရင်စစ်သူပုန်တွေဟာပြင်းပြင်းထန်ထန်မခုခံတော့ပဲဖနှောင့်နဲ့တင်ပါးတသားထဲကြအောင်ထွက်ပြေးကြတယ်။ဒါကြောင့်စစ်တပ်ရဲ့စခန်းတော်တော်များများကိုအလွယ်တကူသိမ်းပိုက်ရရှိနေတယ်။နောင်ချိုမြို့နားကကျောက်မဲမြို့မှာဆိုရင်တော်လှန်ရေးအဖွဲ့တွေလာရောက်တိုက်ခိုက်မှာစိုးသောကြောင့်မြို့ပေါ်ကစစ်ကောင်စီရုံးတွေအကုန်ဆိုင်းပုဒ်တွေဖြုတ်ပြီးရုံးထဲမှာပုန်းအောင်းနေကြတယ်။စစ်ကောင်စီတပ်တွေဟာစိတ်ဓာတ်ပိုင်းရောစစ်ရေးစွမ်းရည်ပိုင်းမှာပါအနိမ့်ဆုံးအဆင့်ကိုထိုးကျနေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


