အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၁၊ ၂၀၂၃။ (ကြာသပတေး)

မြန်မာပြည်ဧရိယာ၏ သုံးပုံ နှစ်ပုံခန့်ကို ခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ကြောင်း ဗြိတိန်နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးမှုရုံး(FCDO)ကထုတ်ပြန်လိုက်တယ်။ပြီးခဲ့သည့် ဇူလိုင်က တိုင်းနှင့် ပြည်နယ် ၈ ခုကို ခရီးသွားလာခြင်းမပြုရန်တားမြစ်ခဲ့ပြီးယခုထုတ်ပြန်ချက်မှာတနင်္သာရီတိုင်းထပ်တိုးပါဝင်လာခဲ့ခြင်းဖြစ်တယ်။ဗြိတိန်၏ ကန့်သတ်ချက်အရ ခရီးသွားလာခွင့် လုံးဝတားမြစ်သည့် တိုင်းနှင့်ပြည်နယ်တို့မှာ မွန်၊ ကချင်၊...

Read moreDetails

စက်တင်ဘာ ၂၀၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

စစ်ကိုင်းမြို့ အနောက်ဘက်ခြမ်းရွာတွေကို စစ်ကြောင်းထိုးနေပြီး မန္တလေးမြို့အဝင် စစ်ကိုင်းမြို့အထွက် ဂိတ်ကိုစစ်ကောင်စီကပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ၁၅ရက်ကစတင်ပြီးစစ်ကိုင်းမြို့အနောက်ဘက်ခြမ်းသလွန်ဖြူရွာအပါအဝင်ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာပါ။သလွန်ဖြူရွာနားမှာရွာကိုအလည်ပြန်လာတဲ့တံတားဦးလေတပ်ကဒုရဲအုပ်လင်မယားသတ်ဖြတ်ခံရပြီးနောက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာပါ။ တဖက်မှာလည်းစစ်ကိုင်း မြို့အဝင်အထွက်ကို အရင်ကထက် တင်းကြပ်ထားတယ်။စစ်ကိုင်းမြို့အထွက် မန္တလေးအဝင်နှာပေါက်ဂိတ်မှာဆိုင်ကယ်၊ကားတွေကိုရှာဖွေစစ်ဆေးတာ၊သွားမယ့်ခရီးစဉ်လမ်းကြောင်းမေးမြန်းတာ၊ ဖုန်းစစ်ဆေးတာတွေပြုလုပ်နေတာတွေရှိနေတယ်။စစ်ကိုင်းမြို့ရဲ့ ပတ်ပတ်လည်မှာ တိုက်ပွဲတွေဖြစ်နေတော့ မြို့ပေါ်ကို မကူးအောင်ကာနေတဲ့သဘောပဲ။မနေ့ ကလည်း စစ်ကိုင်းမြို့ပေါ်မှာ နေ့ခင်းဘက်မထွက်ရဆိုတဲ့...

Read moreDetails

စက်တင်ဘာ ၁၉၊ ၂၀၂၃။ (အင်္ဂါ)

မွန်ပြည်နယ်ဘက်မှာလဲရေးမြို့နယ်မှ သတင်းရဲတပ်ဖွဲ့(SB)မှ အရာရှိတစ်ဦးကိုဒီနေ့ နံနက်ပိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့တယ်။ SB မှာ တာဝန်ထမ်းဆောင်နေတဲ့ သုံးပွင့်နဲ့အရာရှိတစ်ဦးဟာ ဒီမနက် ၁၀နာရီလောက်မှာ သူအိမ်စီးကားနဲ့အလာ မြို့လယ်ကောင်မှာရေးဘီလူးအဖွဲ့သားများက ဝင်ရောက်ပစ်ခတ်ရှင်းလင်းလိုက်တာပါ။သေဆုံးသွားသူမှာ ရဲအုပ်အဆင့်ရှိသူဖြစ်ကြောင်းသိရတယ်။ပြည်သူတွေ တိုင်ကြားချက်အရ ထိုသူဟာအာဏာဂုဏ်မောက်ပြီးပြည်သူတွေအပေါ်မှာမတရားငွေညှစ်တယ်၊ ငွေတောင်းတယ်။ စစ်ဆေးရေးဂိတ်တွေမှာလဲအာဏာရှိတဲ့ရဲအရာရှိကြီးတစ်ဦးဖြစ်တယ်။ ရေးမြို့နယ်မှာစစ်ကောင်စီဟာမြို့ပေါ်လောက်သာထိန်းချုပ်နိုင်ထားပြီးတော်လှန်ရေးအဖွဲ့တွေကမြို့ပတ်ပတ်လည်ကိုထိန်းချုပ်ထားတယ်။ဒီလိုအခြေအနေမှာမြို့ပေါ်မှာလုပ်ကြံခံလိုက်ရတဲ့အတွက်ရေးမြို့နယ်ကစစ်ကောင်စီဝင်တွေသွေးပျက်နေကြတယ်။

Read moreDetails

စက်တင်ဘာ ၁၈၊ ၂၀၂၃။ (တနင်္လာ)

စစ်ကောင်စီရဲ့အဓိကအုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့နေပြည်တော်မှာစစ်ကောင်စီလေတပ်စခန်းကိုတော်လှန်ရေးအဖွဲ့တွေက မောင်းသူမဲ့ယာဉ်အသုံးပြုကာ ဗုံးသီးနှစ်လုံးကြဲချတိုက်ခိုက်နိုင်ခဲ့ပါတယ်။အေလာမြို့ရှိ စစ်ကောင်စီလေတပ်စခန်းမှ လေယာဉ်ပြေးလမ်းနှင့် သိုလှောင်ရုံတို့ကို အဓိကထားတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။ ထိုလေတပ်စခန်းမှာ စစ်ကောင်စီတပ်က ဆက်သွယ်ရေးလိုင်း ဖြတ်တောက်သည့်စနစ် Jummer တပ်ဆင်ထားသော်လည်း၎င်းတို့ထက်သာလွန်သောနည်းပညာအသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့်ပစ်မှတ်ကိုထိရောက်အောင် ဗုံးသီးများကြဲချနိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေထံမှသိရတယ်။ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးရှိနိုင်ပြီးအသေးစိပ်အခြေအနေအားအတည်ပြုစုံစမ်းဆဲပါ။တော်လှန်ရေးအဖွဲ့တွေဟာစစ်ကောင်စီရုံးစိုက်ရာနေပြည်တော်လိုနေရာမျိုးကလေတပ်စခန်းမျိုးကိုတိုက်ခိုက်နိုင်တဲ့အထိခြေလှမ်းကြဲလာပါပြီ။ ဒါ့အပြင်နေပြည်တော်ကောင်စီနယ်မြေမှာ တော်လှန်ရေးတပ်ဖွဲ့များက စစ်ရေးဖော်ဆောင်လျှက်ရှိရာ သြဂုတ်...

Read moreDetails

စက်တင်ဘာ ၁၇၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကစတင်ပြီး နိုင်ငံရေးအကျဉ်းသားတွေအစာငတ်ခံဆန္ဒပြခဲ့ကြတယ်။စက်တင်ဘာလ ၈ ရက်နေ့က ရှာဖွေရေး ဟုခေါင်းစဉ် တပ်ကာ ရဲနှင့်စစ်ကောင်စီတပ်သားအင်အားအလုံးအရင်းဖြင့် အကျဉ်သားများထံက ရှာဖွေရသမျှ ပစ္စည်းများကို သိမ်းဆည်းသွားခြင်းကြောင့် အကျဉ်းသား ၁၅...

Read moreDetails

စက်တင်ဘာ ၁၆၊ ၂၀၂၃။ (စနေ)

ဘဏ္ဏာရေးအကြပ်အတည်းကြုံတွေလာနေတဲ့စစ်ကောင်စီဟာပြည်သူတွေဆီကငွေကိုအခွန်ပေါင်းစုံကောက်ပြီးညှစ်ယူဖို့လုပ်‌ဆောင်လာနေတယ်။အခုလဲစစ်ကောင်စီလက်အောက်ခံကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကမော်တော်ယာဉ်မှတ်ပုံတင်ကြေးတွေကိုသုံးဆခန့်မြှင့်တင်ကောက်ခံသွားမယ်လို့ထုတ်ပြန်လိုက်တယ်။မော်တော်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးကျပ်ငါးသောင်းမှတသိန်းခွဲ၊ကျပ်တစ်သိန်းမှသုံးသိန်းအထိတိုးမြှင်းကောက်ခံမှာဖြစ်တယ်။ကားတွေကနှစ်တိုင်းလိုင်စင်ဝင်ရတာဆိုတော့အခြားအရာတွေထက်စာရင်ကောက်ရလွယ်တယ်လေ။ကားကမသုံးပဲနေလို့မရတော့ပေးရမှာပဲ။သူတို့စိတ်ကြိုက်ကိုကောက်နေကြတာပါ။ မော်တော်ယာဉ်အခွန်တွေတိုးလာပေမယ့်လမ်းတွေကတော့ကောင်းမလာပါဘူး။စက်သုံးဆီဈေးနှုန်းတွေဆိုပိုတောင်တက်လာသေးတယ်။အခုဆိုရင်စက်သုံးဆီတစ်လီတာကို၂၅၀၀ကျော်လာပါပြီ။ဒေါ်လာဈေးတွေတက်နေတဲ့အတွက်စက်သုံးဆီဈေးကတော့ကျလာမယ်မထင်ဘူး။စစ်ကောင်စီလက်ထက်မှာအရာအားလုံးအတက်ကြီးပါပဲ။

Read moreDetails

စက်တင်ဘာ ၁၅၊ ၂၀၂၃။ (သောကြာ)

စစ်ကောင်စီကကုန်ဈေးနှုန်းတွေထိန်းချုပ်ဖို့ဆိုပြီးစီးပွားရေးလုပ်ငန်းရှင်တစ်ရာကျော်ကိုဖမ်းဆီးလိုက်ပြီးနောက်စစ်ကောင်စီ၏နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီအတွင်းရေးမှုးဗိုလ်ချုပ်ရန်နောင်စိုးနဲ့ထိပ်တန်းအရာရှိအချို့ပါဆက်တိုက်ဖမ်းဆီးခံလိုက်ရတယ်။ဖမ်းဆီးခံရသူများထဲတွင်စစ်ဗိုလ်ချုပ်ရန်နောင်စိုး၊စားသုံးသူရေးရာညွန့်ကြားရေးမှုးချုပ်၊ ညွန့်ကြားရေးမှုး ၅ ဦး ပါပါဝင်လာတယ်။ဒေါ်လာကိစ္စ၊ ပါမစ်ကိစ္စတွေလို့ကြားတယ်။ စားအုန်းဆီလုပ်ငန်းရှင်တွေကို စစ်ရင်း ပေါ်တာလို့သိရတယ်။ အာဏာသိမ်းစစ်ကောင်စီက သွင်းကုန်လိုင်စင်များကန့်သတ်ခဲ့ပြီးနောက်သွင်းကုန်လိုင်စင်ရသူများနှင့်ဗဟိုဘဏ်ဈေးဖြင့်ဒေါ်လာဝယ်ယူခွင့်ရသူများကိုဗိုလ်ချုပ်ရန်နောင်စိုးထောက်ခံချက်ပေးရခြင်းဖြစ်တယ်။ဒါ့အပြင်သူဟာစစ်ကောင်စီဖွဲ့စည်းထားသည့်ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှာလည်းအတွင်းရေးမှူးရာထူးရယူထားတယ်။အခုနောက်ပိုင်းအဖမ်းအဆီးကြမ်းလာတဲ့စစ်ကောင်စီဟာစီးပွားရေးကျဆင်းမှုအတွက်လုပ်ငန်းရှင်တွေကိုလက်ညိုးထိုးအပစ်ပုံချရင်းနဲ့ပဲသူ့လူတွေကိုပါပြန်လည်ဖမ်းဆီးလာရတဲ့အခြေအနေကိုရောက်ရှိလာပါပြီ။

Read moreDetails

စက်တင်ဘာ ၁၄၊ ၂၀၂၃။ (ကြာသပတေး)

ရန်ကုန်တိုင်းအတွင်းရှိ စတိုးဆိုင်၊ စားသောက်ဆိုင်နှင့် စျေးဝယ်စင်တာများမှာ စစ်တပ်ထုတ် မြန်မာဘီယာ နှင့် စစ်တပ်ထုတ် ထုတ်ကုန်များ တင်ရောင်းချရန် စစ်ကောင်စီနှင့်စည်ပင်က ဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးသမားများကို ဖိအား ပေး ခြိမ်းခြောက်နေတယ်။ စစ်တပ်နှင့်စည်ပင်က ရန်ကုန်မြို့လယ်ခေါင် တရုတ်တန်း ၁၉...

Read moreDetails

စက်တင်ဘာ ၁၃၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ကြီးမြင့်လာတဲ့အထွေထွေကုန်ဈေးနှုန်းတွေကိုထိန်းချုပ်ဖို့ဆိုပြီးစစ်ကောင်စီကကုန်ဈေးနှုန်းရေးကော်မတီဖွဲ့တယ်။ထိန်းချုပ်ပုံထိန်းချုပ်နည်းကတော့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုလိုက်ဖမ်းတော့တာပါပဲ။ပထမဒေါ်လာအရောင်းအဝယ်လုပ်တဲ့သူတွေကိုဖမ်းတယ်။ရွှေဈေးတက်လို့ဆိုပြီးရွှေဆိုင်ပိုင်ရှင်တွေကိုဖမ်းတယ်။အခုလတ်တလောမှာတော့စားသုံးဆီလုပ်ငန်းရှင်တွေကိုဖမ်းတယ်။နောက်ပိုင်းမှာတော့ပြောင်းနှင့်ဆန်တင်ပို့သူများ၊ စက်သုံးဆီတင်သွင်းသူများ၊ဘဏ်လုပ်ငန်းရှင်များပါတွေ့သမျှအကုန်ဖမ်းဆီးတော့တာပါပဲ။အခုလောလောဆယ်အထိလုပ်ငန်းရှင်၁၀၀ကျော်ကိုဖမ်းဆီးထားတယ်လို့သိရတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့အစည်းအဝေးတွေတုန်းကတော့လုပ်ငန်းရှင်တွေကိုကုန်ဈေးနှုန်းတွေကစားရင်နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ငွေကြေးလိမ်လည်မှု၊နိုင်ငံခြားသုံးငွေကြေးကစားမှုတို့ဖြင့်တရားစွဲပြီးထောင်ဒဏ်၃၅နှစ်ချမည်ဟုခြိမ်းခြောက်ထားသေးတယ်။တချို့လုပ်ငန်းရှင်တွေလဲရှောင်နေရပြီ။စစ်ကောင်စီဟာတဖြည်းဖြည်းနဲ့ထွက်ပေါက်ပိတ်လာချိန်မှာလူတန်းစားမရွှေးဒုက္ခပေးနေတာအခုလုပ်ငန်းရှင်ကြီးတွေအလှည့်ရောက်လာပြီပေါ့။

Read moreDetails

စက်တင်ဘာ ၁၂၊ ၂၀၂၃။ (အင်္ဂါ)

နိုင်ငံခြားငွေရပေါက်ရလမ်းပိုနည်းလာသည့်စစ်ကောင်စီကနိုင်ငံခြားငွေရရှိရန်ပြည်သူတွေရဲ့ချွေးနည်းစာကိုအဓ္ဓမသိမ်းယူဖို့နောက်တမျိုးကြံစည်လာပြန်တယ်။ ပြည်ပတွင်သွားရောက်လုပ်ကိုင်နေသူများက ပြည်တွင်းသို့ ပြန်ပို့သောလစာ၏၂၅ရာခိုင်နှုန်းကိုစစ်ကောင်စီထိန်းချုပ်ထားသည့်ဘဏ်စနစ်များမှမဖြစ်မနေငွေလွှဲရမည်ဖြစ်ပြီးမလွှဲပါက ပြည်ပအလုပ်ထွက်လုပ်ခွင့် ၃ နှစ်ပိတ်မယ်လို့ခြိမ်းခြောက်လိုက်ပြီ။ ထိုသို့ငွေလွှဲရာတွင် စစ်ကောင်စီထိန်းချုပ်ထားပြီး ၎င်းတို့ စိတ်ကြိုက်သတ်မှတ်ထားသည့် ငွေလွှဲနှုန်းအတိုင်းဖြင့်သာ ငွေလွှဲရမည်ဖြစ်တယ်။ထိုအချက်ကို အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် အလုပ်သမားများကြား သဘောတူစာချုပ်ချုပ်ဆိုထားရမည်ဟုပြောထားတယ်။အဲ့ဒီတော့အလုပ်သမားတွေဟာပေါက်ဈေးအတိုင်းမရတော့ပဲစစ်ကောင်စီနှိမ်ပြီးဝယ်ယူတဲ့ဈေးနှုန်းအတိုင်းသာရရှိမှာပါ။လက်ရှိအလုပ်သမားအများစုဟာဟွန်ဒီစနစ်ဖြင့်ငွေလွှဲပေးပို့နေကြပြီးစစ်ကောင်စီသတ်မှတ်ထားသည့်ငွေလွှဲနှုန်းသည်ပြင်ပပေါက်ဈေးဖြင့်အလွန်ကွာခြားနေတယ်။နိုင်ငံခြားတိုင်းပြည်တွေကမြန်မာလုပ်သားတွေအတွက်ဘာတခုမှ အဆင်ပြေအောင် မလုပ်ပေးဘဲနဲ့သူတို့လိုချင်တဲ့ ဒေါ်လာရဖို့ကိုပဲကြိုးစားနေကြတယ်။

Read moreDetails
Page 72 of 173 1 71 72 73 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist