စစ်ကိုင်းတိုင်းမှာကောလင်းနဲ့ပင်လည်ဘူးမြို့တွေကိုသိမ်းပိုက်နိုင်ပြီးနောက်ကောလင်းအထက်ပိုင်းကထီးချိုင့်မြို့ကိုပါတော်လှန်ရေးပူးပေါင်းအဖွဲ့တွေဆက်လက်တိုက်ခိုက်နေပါတယ်။လက်ရှိအချိန်မှာမြို့ရဲ့၃ပုံ၂ပုံခန့်ကိုသိမ်းပိုက်နိုင်ပြီးလို့သိရတယ်။မြို့ထဲမှာလဲမြို့ခံတွေအတော်များများပိတ်မိနေသေးတယ်။စစ်ကောင်စီကတော့ထီးချိုင့်မြို့ကိုလေကြောင်းအင်အားအများအပြားသုံးပြီးခုခံနေပါတယ်။
ရှမ်းမြောက်မှာလဲစစ်ရေးအရအချက်အခြာကျတဲ့ကွမ်းလုံမြို့ကိုညီနောင်သုံးဖွဲ့တပ်တွေအပြင်းအထန်တိုက်ခိုက်နေပါတယ်။မြို့ရဲ့အရှေ့ခြမ်းကိုထိန်းချုပ်ထားနိုင်ပြီးမြို့အနောက်ခြမ်းကိုဆက်လက်တိုက်ခိုက်နေတယ်။ကွမ်းလုံမြို့မှာစစ်ကောင်စီရဲ့ဒေသကွပ်ကဲမှုဌာနချုပ်ရှိပါတယ်။စစ်ရေးအရအချက်အချာကျတာမို့၁၉၇၂ခုနှစ်တုန်းကဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲ့တွေနဲ့စစ်တပ်တို့ရက်လေးဆယ်တိုင်အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ဒေသပါ။ကွန်းလုံကိုထိန်းချုပ်ရင်လောက်ကိုင်နဲ့သိန္ဒီမြို့ကြားမှာစစ်တပ်အခြေစိုက်စခန်းတစ်ခုမှမကျန်တော့ပဲလောက်ကိုင်ကိုစိတ်ချလက်ချသိမ်းနိုင်မှာမို့MNDAAကဖိဖိစီးစီးတိုက်ခိုက်နေတာပါ။ဒီပုံစံအတိုင်းဆိုရင်တော့ကွန်းလုံကိုလဲမကြာမီရရှိမှာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


