အာဏာသိမ်း ဒိုင်ယာရီ

ဇွန် ၂၈၊ ၂၀၂၄။ (သောကြာ)

ရှမ်းမြောက်နဲ့ မန္တလေးတိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ထိုဒေသတွေမှာ ရှိတဲ့မြို့တွေက ဒေသခံပြည်သူတွေ အလုံးအရင်းနဲ့ စစ်ဘေးစရှောင်နေကြရပါပြီ။ မရှောင်လို့လဲ အဆင်မပြေတော့ပါဘူး။ ကျောက်မဲမြို့ထဲမှာဆို တိုက်ပွဲတွေကြောင့် သေဆုံးသူ၃၀နီးပါးရှိလာပြီး ပရဟိတအဖွဲ့တွေက အလောင်း ကောက်သဂြိုလ်ပေးနေရတယ်။ အဓိကလမ်းမကြီးတွေ ပိတ်ကုန်လို့ စစ်ဘေးရှောင်ပြည်သူတွေဟာ တောထဲကရှောင်ခွင်းလမ်းတွေက...

Read moreDetails

ဇွန် ၂၇၊ ၂၀၂၄။ (ကြာသပတေး)

စစ်ကောင်စီရဲ့ ဆန်လုပ်ငန်းရှင်တွေကို ဖမ်းဆီးနေတဲ့ဂယက်ကမပြီးသေးပါဘူး။ မထင်ရင်မထင်တဲ့ သူတွေကို ဖမ်းဆီးနေပြီးနယ်က ဆန်စက်တချို့လဲ ချိတ်ပိတ်ခံလိုက်ရတယ်။ဒီထက်ပို ဆိုးတာက ဆန်ကို ရည်ညွှန်းစျေးနဲ့ ရောင်းဖို့စစ်ကောင်စီက စျေးသတ်မှတ်လိုက်တယ်။ သူတို့သတ်မှတ်လိုက်တဲ့စျေးက အပြင်ပေါက်စျေးထပ်ကျပ် ၃၀၀၀၀ ကနေ ၈၀၀၀၀အထိ ကွာဟနေတယ်။ လတ်တလောအကျိုးဆက်...

Read moreDetails

ဇွန် ၂၆၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

၁၀၂၇စစ်ဆင်ရေးရဲ့ အဆက်ဒုတိယနေ့မှာတော့ TLNAတပ်တွေကျောက်မဲနဲ့ နောင်ချိုမြို့ပေါ်ထိ ဝင်ရောက် နေရာယူထားပြီး စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်ထားတယ်။ ဒါပေမယ့်မြို့ကို အလုံးစုံထိန်းချုပ်နိုင်တာ မဟုတ်သေးပဲမြို့ပြင်မှာတော့ စစ်ကောင်စီတပ်ရင်း တစ်ချို့ ကျန်နေသေးတယ်။ ထိုတပ်ရင်းတွေကိုလဲ ဆက်လက်တိုက်ခိုက်နေတယ်။ဒီနေ့မှာတော့ စစ်ဇုန်ဟာ မန္တလေးမြို့မြောက်ဘက်က မတ္တရာမြို့အထိရောက်ရှိလာတယ်။...

Read moreDetails

ဇွန် ၂၅၊ ၂၀၂၄။ (အင်္ဂါ)

ဒီနေ့တော့ တော်လှန်ရေးရဲ့ ဒုတိယအလှည့်အပြောင်းတစ်ခုဖြစ်ပြီထင်တယ်။ ၁၀၂၇စစ်ဆင်ရေး အပိုင်း၂ စပြီလေ။ ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက်အဖြစ် ဒီမနက်ပိုင်း TLNA က နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေကို...

Read moreDetails

ဇွန် ၂၄၊ ၂၀၂၄။ (တနင်္လာ)

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်သတ်ခံရမှုကို စစ်ကောင်စီက သူတို့လုပ်ခဲ့တာလို့ ဝန်ခံလိုက်ပါပြီ။ ထိုဖြစ်ရပ်မှာ ပါဝင်နေတဲ့ဆရာတော်တပါးက လူမှုကွန်ယက်မှာအဖြစ်မှန်ကို ရှင်းလင်းမိန့်ကြားသွားတာကြောင့် စစ်ကောင်စီအတွက်ငြင်းမရပဲဝန်ခံလိုက်ရတယ်။ ထိုဆရာတော် ပြောသွားတာကတော့ ရှင်းပါတယ်။ ထိုနေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဟာ ဆွမ်းစားချိန် မမှီမှာ စိုးတဲ့အတွက် ကားကိုအရှိန်နဲ့ မောင်းမိတယ်။...

Read moreDetails

ဇွန် ၂၃၊ ၂၀၂၄။ (တနင်္ဂ​နွေ)

အခုနွေဦးတော်လှန်ရေးရဲ့ အဓိကအလှည့်အပြောင်းတစ်ခုဖြစ်တဲ့ ၁၀၂၇စစ်ဆင်ရေးစခဲ့တာ ရှစ်လခန့်ရှိသွားပါပြီ။ အခုအချိန်မှာ ၁၀၂၇ ဟာရပ်တန့်နေပေမယ့် ထိုလှိုင်းရဲ့အရှိန်ဟာ ဆက်လက် သက်ရောက်နေဆဲပါပဲ။ အောင်မြင်မှုများစွာလဲရရှိခဲ့တယ်။ သိသာထင်ရှားတဲ့ အောင်မြင်မှုတစ်ခုကို ပြောပါဆိုရင် ဒီရှစ်လအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ မြို့ပေါင်း၆၀ခန့်အထိ တော်လှန်ရေးတပ်ဖွဲ့​တွေ သိမ်းပိုက်ထားနိုင်ပါပြီ။ မြန်မာပြည်မှာ...

Read moreDetails

ဇွန် ၂၂၊ ၂၀၂၄။ (စနေ)

မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်မှာ နိုင်ငံတော်သံဃမဟာနယက ဆရာတော်တစ်ပါးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပါတယ်။ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဟာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် ကနေ သူ့ရဲ့မွေးရပ်ရွာကို ကြွချီတဲ့လမ်းမှာ ပစ်သတ်ခံလိုက်ရတာပါ။ ဆရာတော်ဟာ ရန်ကုန်ကနေ မန္တလေးကို လေယာဥ်နဲ့ကြွလာတယ်။ မန္တလေးလေဆိပ်ကနေ မွေးရပ်ရွာကိုသွားရာလမ်းမှာ မှန်မချပဲ...

Read moreDetails

ဇွန် ၂၁၊ ၂၀၂၄။ (သောကြာ)

ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်းတိုက်ပွဲတွေမှာ နှစ်ဖက်ကျဆုံးမှုတွေရှိလာပြီ။ အမြန်ဆုံးညှိကြရင် ကောင်းမယ်။ တနိုင်ငံလုံးက အခြားတော်လှန်ရေးအဖွဲ့တွေ ကြားထဲမှာလဲ အချင်းချင်းမကြေလည်မှု တွေရှိနေပေမယ့် အခုလိုလူသိရှင်ကြားကျဆုံးမှုတွေဖြစ်တဲ့အထိ ထိတွေ့မှုတွေမဖြစ်ကြဘူး။ အခု ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်လဲ သိက္ခါကျတယ်။ ဒီစစ်ပွဲကအနိုင်အရှုံးမရှိတဲ့ စစ်ပွဲတစ်ခု ပဲလေ။...

Read moreDetails

ဇွန် ၂၀၊ ၂၀၂၄။ (ကြာသပတေး)

ဒီတစ်ခေါက်တော့ စစ်ကောင်စီဟာ ဆန်ကုန်သည်တွေ၊ ဆန်လုပ်ငန်းရှင်တွေ၊ ဆန်စက်ပိုင်ရှင်တွေဘက် လှည့်လာပါပြီ။ တစ်နိုင်ငံလုံး ဆန်စျေးကွက်တွင် စျေးကစားနိုင်သော လက်ကြီး ကုန်သည်များ၊ ဆန်စက် များကို စစ်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးနေပါတယ်။ ဖမ်းဆီးရာတွင်လည်း ဆန်စျေးနှုန်းသတ်မှတ်မှု၊ အရောင်းအဝယ်၊ ဆန်အဝင်အထွက်များကို...

Read moreDetails

ဇွန် ၁၉၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ဟိုတစ်နေ့ကတင် ချင်းပြည်နယ်အကြောင်းပြောလို့မဆုံးခင်မှာပဲ ချင်းပြည်နယ်မှာ တော်လှန်ရေး အဖွဲ့ နှစ်ဖွဲ့ အချင်းချင်းတိုက်ခိုက်နေကြပါပြီ။ တော်လှန်ရေးကာလတစ်ခုကြာလာပြီးနောက် ချင်းပြည်နယ်မှာ အဖွဲ့ကြီးနှစ်ခုကွဲလာတယ်။ ချင်းပြည်နယ်မှာအရင်ကရှိပြီးသားEAOဖြစ်တဲ့ CNAဦးဆောင်တဲ့ ချင်းပြည်နယ် ကောင်စီအဖွဲ့နှင့် ရခိုင်ကအေအေတပ်တော်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ချင်းညီနောင်အဖွဲ့တို့ ဖြစ်တယ်။ ချင်းကောင်စီအဖွဲ့ဟာ ချင်းပြည်နယ်မြောက်ပိုင်းမှာ...

Read moreDetails
Page 30 of 159 1 29 30 31 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist