ထိုင်းဘက်ကလျှပ်စစ်ဓာတ်အားဖြတ်တောက်လိုက်ပေမယ့် မြဝတီမြို့ပတ်ဝန်းကျင်ကကျားဖြန့်လုပ်ငန်းတွေကို မထိပဲမြို့ခံပြည်သူတွေသာ ထိခိုက်နေပါတယ်။မြို့နယ်ဆေးရုံလိုနေရာမျိုးတွေမှာ လျှပ်စစ်မီးမရတော့တာကြောင့် လူနာတွေဒုက္ခရောက်ကုန်ကြတယ်။ကျားဖြန့်လုပ်ငန်းတွေကတော့ ပုံမပျက်ပဲဆိုလာတွေမီးစက်တွေနဲ့ဆက်လက်လည်ပတ်နေကြဆဲပဲ။ဒါ့ကြောင့်ထိုင်းဘက်က မနေ့ကစပြီးလောင်စာဆီ၊စက်သုံးဆီပါ စတင်ဖြတ်တောက်လိုက်ပါပြီ။ထိုင်းဘက်ခြမ်းကဆီတင်ကားတွေကို မြဝတီဘက်ဝင်ခွင့်မပေးတော့ပါဘူး။မြဝတီဘက်မှာရှိတဲ့ဆီဆိုင်ကြီးတွေ ပိတ်လိုက်ရပြီ။စက်သုံးဆီပါ ဖြတ်တောက်ခံရတာကြောင့်မြို့နေလူထုတွေ ပိုမိုဒုက္ခများကုန်တယ်။မြဝတီကမော်တော်ယာဥ်တွေ ဆီထည့်ချင်ရင်ထိုင်းဘက်ကိုသွားထည့်နေရတယ်။လျှပ်စစ်ဓာတ်အားနဲ့လောင်ဟာ ဆီပါရုတ်တရက်ဖြတ်တောက်ခံရကြောင့် တမြို့လုံးရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြပြီ။အခုချိန်ထိတော့ကျားဖြန့်လုပ်ငန်းတွေအပေါ် ထိခိုက်မှုရှိလာတာမတွေ့ရသေးပါဘူး။ဒါ့ပေမယ့်စောချစ်သူတို့အဖွဲ့ကတော့ မတရားဖမ်းဆီးနှိပ်စက်ခိုင်းစေခံနေရတဲ့ နိုင်ငံခြားသားတချို့ကို ပြန်လွတ်ပေးတော့မယ်လို့ ပြောလာပါတယ်။တာချီလိတ်မြို့ဘက်မှာလဲတရုတ်ရဲ့ ဖိအားပေးမှုကြောင့်လာအိုဘက်ကရောင်းချနေတဲ့ လျှပ်စစ်ဓာတ်အားကို လျော့ချလိုက်ပါတယ်။တရုတ်နဲ့ထိုင်းပေါင်းပြီး မြန်မာနိုင်ငံထဲကကျားဖြန့်လုပ်ငန်းတွေကို ပြင်းထန်စွာကိုင်တွယ်လာချိန်မှာ စစ်ကောင်စီဘက်ကတော့ သူတို့အကျိုးစီးပွားတွေများစွာပါဝင်နေတဲ့ ကျားဖြန့်တိုက်ဖျက်ရေးအပေါ်လိုလိုလားလားပူးပေါင်းမယ့်ပုံ မပြသေးပါဘူး။
ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅။ (အင်္ဂါ)
စစ်ကောင်စီဟာတော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးတဲ့ဒေသတွေကိုလေကြောင်းမှ တိုက်ခိုက်ရာမှာစက်တပ်လေထီးတွေကိုအသုံးပြုလာပါတယ်။စက်တပ်လေထီးတွေဟာ ထိရောက်မှုအားနည်းတာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ မသုံးပဲအရပ်သားပြည်သူတွေကို...