ဒီနှစ်ဆန်းပိုင်းကစပြီးတနိုင်ငံလုံးမှာ တော်လှန်စစ်ပွဲအရှိန်သိသိသာသာ လျော့ကျလာပါတယ်။၂၀၂၄စက်တင်ဘာလလောက်ကစပြီး ရှမ်းမြောက်မှာတရုတ်ဖိအားကြောင့်အပစ်ရပ်လိုက်ရပေမယ့် ရခိုင်၊ကချင်စတဲ့ဒေသတွေမှာ စစ်ကောင်စီကိုမြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွဲကြတယ်။ဒီလိုနဲ့၂၀၂၅ခုနှစ်ထဲရောက်လာချိန်မှာတော့ ရခိုင်မှာလဲတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုအပါအဝင် ပြည်နယ်တစ်ခုလုံးသိမ်းပြီးသွားပြီ။ဒါကြောင့်အေအေတပ်တော်ဟာ ပြည်မဘက်ကိုသွေးတိုးစမ်းတိုက်ပွဲတွေလောက်သာဖော်ဆောင်နေပြီး ထိုးစစ်ကြီးတွေရပ်ထားတယ်။ကချင်ပြည်နယ်မှာလဲKIAကဗန်းမော်မြို့ကို သိမ်းနိုင်ဖို့ကြိုးစားနေရတဲ့အတွက်အခြားနေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေမရှိသလောက်နည်းပါးသွားတယ်။အခြားဒေသကြီးတွေမှာလဲ အထင်ကြီးလောက်စရာစစ်ရေးလှုပ်ရှားမှုတွေ မတွေ့ရတဲ့အတွက်၂၀၂၅ခုနှစ်ထဲမှာစစ်ရေးအရှိန်ရပ်တန့်နေသလို ဖြစ်နေတယ်။ဒါဟာတော်လှန်ရေးအတွက်ကောင်းတဲ့လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


