တော်လှန်ရေးအင်အားစုတွေဘက်မှာ ငြိမ်သက်နေသလိုဖြစ်နေပေမယ့်စစ်ကောင်စီကတော့ သူ့အလုပ်သူ့ဆက်တိုက်လုပ်နေပါတယ်။တနိုင်ငံလုံးမှာ အတင်းအဓ္ဓမပေါ်တာဆွဲပြီးစစ်သားဟု ဆောင်းနေတာအပတ်စဥ်၁၀အထိရောက်ရှိလာပြီဖြစ်ပါတယ်။ဒါ့ကြောင့် အနည်းဆုံးအင်အားလေးသောင်းခန့်စုဆောင်းမိသွားပြီလို့ ခန့်မှန်းလို့ရတယ်။စစ်တပ်ဟာသူ့အင်အားကို ပြန်လည်တည်ဆောက်နေပြီးအချို့ဒေသတွေမှာ တန်ပြန်ထိုးစစ်အသေးစားလေးတွေကိုပြန်လည်စတင်လာနိုင်နေပါပြီ။ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်ကလဲ စစ်ရေးအရှိန်ရပ်တန့်နေရင်စစ်ကောင်စီကပြန်လည်အသာစီးယူသွားနိုင်တယ်။အခုလောလောဆယ်အချိန်မှာ စစ်တပ်ရဲ့လက်နက်ထုတ်စက်ရုံတွေရှိတဲ့ နိုင်ငံအနောက်ပိုင်းဒေသတွေနဲ့စစ်ကိုင်း၊မကွေးစတဲ့မြေလတ်ဒေသတွေကို အားယူပြီးထိုးစစ်ကြီးတစ်ခုစဖို့မျှော်လင့်မိတယ်။ကျန်တဲ့ကရင်နဲ့ရှမ်းမြောက်ဒေသတွေကိုတော့ သိပ်မျှော်လင့်လို့မရတော့ပါဘူး။ဒီနှစ်မိုးရာသီမတိုင်ခင်မှာ နောက်တလှိုင်းမစနိုင်ရင်တော့ ၂၀၂၅အကုန်အဖြေတစ်ခုခုထွက်ဖို့က အလှမ်းဝေးနေဦးမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


