ဇန်နဝါရီလ၁၆ရက်မှာပြန်လည်ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်တွေ့ဆုံံမှုအပြီးမှာစစ်ကောင်စီနဲ့ရှမ်းမြောက်က EAOတစ်ခုဖြစ်တဲ့MNDAAတို့တရားဝင်အပစ်ရပ်ဖို့သဘောတူညီချက်ရသွားပြီလို့ ကြားဝင်ညှိိနှိုင်းပေးတဲ့တရုတ်နိုင်ငံကဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။အပစ်ရပ်ဖို့ သဘောတူညီချက်ရအပြီးမှာပဲ MNDAAကိုပိတ်ဆို့ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို တရုတ်ဘက်ကဖွင့်ပေးလိုက်တယ်။တွေ့ဆုံံပွဲရလဒ်တွေကို အသေးစိတ်မသိရသေးပေမယ့်MNDAAက ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေကို လွတ်ပေးဖို့သဘောတူခဲ့ပါတယ်။ဒါ့အပြင်အရှေ့တောင်တိုင်းစစ်ဌာနချုပ်မြို့ဖြစ်တဲ့ လားရှိုးကနေလာမယ့်ဇွန်လနောက်ဆုံးထားပြီး MNDAAဘက်ကဆုတ်ခွာပေးရမယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။ တရုတ်ဖက်ကအတင်းဖိအားပေးပြီး နှစ်ဖက်တွေ့ဆုံံဆွေးနွေးခိုင်းလို့နောက်ဆုံးမှာ အခုလိုအပစ်ရပ်ဖို့သဘောတူညီချက်ရရှိလာတာပါ။၁၀၂၇စစ်ဆင်ရေးပထမပိုင်းတုန်းကလဲ တရုတ်ရဲ့ဖိအားပေးမှုကြောင့်MNDAAနဲ့TLNAတို့ အပစ်ရပ်ခဲ့ရပေမယ့်ငါးလခန့်သာခံခဲ့တာပါ။အခုသဘောတူညီမှုမှာတော့...
Read moreDetailsအေအေရဲ့ထိုးစစ်ဟာရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းထဲကို ရောက်ရှိလို့လာနေပါပြီ။ရခိုင်ပြည်နယ်တောင်ဘက်စွန်းက ဂွမြို့ကိုသိမ်းပိုက်ပြီးနောက်ဒီလဆန်းမှာပဲ ရခိုင်နဲ့ဧရာဝတွနယ်စပ်ကမကျီးဇင်ရွာကို အေအေကဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။အခုလဲ မကျီးဇင်ရွာတောင်ဘက်ကဘောမိရွာမှာ အင်အားအများအပြားနဲ့တပ်စွဲထားတဲ့ စစ်သူပုန်တွေကိုမနေ့က တိုက်ခိုက်မောင်းထုတ်လိုက်ပါတယ်။ဘောမိရွာစစ်သူပုန်အင်အားငါးရာခန့်အပြင် သံချပ်ကာကားတွေနဲ့ပါခံစစ်ပြင်ထားပေမယ့်လဲ အေအေရဲ့အလစ်အငိုက်တိုက်ခိုက်မှုကြောင့် တစ်ရာခန့်သေဆုံး၈၀ခန့်ဒဏ်ရာရကာ အင်အား၂၀၀ကျော်ခန့်ကတော့ခွေးပြေးဝက်ပြေးထွက်ပြေးသွားကြတယ်။စစ်သူပုန်တပ်တွေဖရိုဖရဲဖြစ်ကုန်ပြီး သံချပ်ကာကားတွေကိုပါပြန်မသယ်နိုင်တော့လို့ မီးရှို့ဖျက်စီးသွားကြကာတောင်ဘက်မှာရှိတဲ့ ငွေသောင်ယံမြို့ဘက်ဆုတ်ခွာသွားပါတယ်။အင်အားငါးရာခန့်အပြင် သံချပ်ကားကားတွေလေကြောင်းပစ်ကူတွေရှိနေတာတောင် အေအေရဲ့ထိုးစစ်ကိုတစ်ရက်တောင်တောင့်မခံနိုင်တာဟာ ဧရာဝတီတိုင်းထဲကစစ်ကောင်စီတပ်တွေ...
Read moreDetailsကရင်ပြည်နယ်ကစစ်ကောင်စီလက်အောက်ခံ စောချစ်သူဦးဆောင်တဲ့နယ်ခြားစောင့်တပ်ဖွဲ့BGFကတော့ ကျားမြီးဆွဲမိနေပါပြီ။BGFတွေဟာ မြဝတီမြို့အနီးကရွှေကက္ကိုမြို့သစ်မှာ ကျားဖြန့်လုပ်ငန်းတွေအကြီးအကျယ်လုပ်ကိုင်နေကြတယ်။ပြီးခဲ့တဲ့ရက်တွေက ထိုကျားဖြန့်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံကသရုပ်ဆောင်တစ်ယောက်ကို လိမ်လည်ခေါ်ဆောင်သွားကြတယ်။အလိမ်ခံရသူဟာသရုပ်ဆောင်ဖြစ်နေတာကြောင့် ထိုသူဟာထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားတဲ့သတင်းတွေ ပြန့်နှံ့သွားတယ်။ဒါ့ကြောင့်ထိုင်းရဲတပ်ဖွဲ့ကခြေရာခံပြီး ထိုင်းနိုင်ငံရဲချုပ်ကိုယ်တိုင်ကျားဖြန့်လုပ်ငန်းတွေထဲက ထိုတရုတ်နိုင်ငံသားသရုပ်ဆောင်ကိုပြန်လည်ခေါ်ထုတ်ခဲ့ရတယ်။ ဒီအမှုဟာ ဒီမှာတင်ပြီးသွားမှာမဟုတ်ပါဘူး။ထိုသတင်းဟာတရုတ်နိုင်ငံထဲပြန့်သွားတဲ့အတွက် တရုတ်အစိုးရကိုယ်တိုင်ဝင်ပါလာတော့မှာပါ။တရုတ်အစိုးရဝင်ပါလာရင် ထိုင်းအစိုးရကလဲအငြိမ်နေမှာတော့မဟုတ်ပါဘူး။ကျားဖြန့်လုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေတဲ့ BGFအဖွဲ့တွေအတွက်ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။BGFအဖွဲ့ဟာ...
Read moreDetailsမြန်မာနိုင်ငံသားတဦးအတွက် လျှပ်စစ်မီး မလာခြင်း၊ လျှပ်စစ်မီး မမှန်ခြင်း၊ မကြာခဏ လျှပ်စစ်မီး ပြတ်တောက်ခြင်းတို့မှာ အဆန်းတကြယ် မဟုတ်ပါ။ အာဏာသိမ်း စစ်ခေါင်းဆောင် အဆက်ဆက် မြန်မာပြည်သူတို့ ကြုံတွေ့နေကျ နိစ္စဓူဝများပင် ဖြစ်သည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွတော်လှန်မှုကို...
Read moreDetailsNUGအစိုးရအဖွဲ့ဟာပြည်တွင်းမှာ ရုံးထိုင်တော့မယ်လို့ကြေညာလိုက်တယ်။စစ်ကိုင်းတိုင်းထဲက လွတ်မြောက်နယ်မြေတစ်နေရာမှာရုံးထိုင်မှာဖြစ်တယ်။အခုလောလောဆယ် NUGအစိုးရအဖွဲ့တွေဟာပြည်တွင်းပြည်ပမှာ ပြန့်ကြဲနေတာကြောင့်အဝေးရောက် အစိုးရလို့ဝေဖန်မှုတွေရှိနေတယ်။တော်လှန်ရေးဟာအထိုက်အလျောက်အောင်မြင်မှုတွေရထားတာကြောင့် အစိုးရလုပ်ငန်းတွေကိုထိရောက်စွာဆောက်ရွက်နိုင်ဖို့နဲ့ မြေပြင်ကတော်လှန်ရေးအင်အားစုတွေနဲ့နီးနီးစပ်စပ်ရှိဖို့ အခုလိုဆောင်ရွက်ရတာလို့ပြောထားတယ်။ပြည်တွင်းမှာရုံးစိုက်တာဟာ အစိုးရတစ်ရပ်အနေနဲ့ခံယူထားတဲ့အဖွဲ့အစည်းတစ်ခုအတွက် ဖြစ်သင့်တဲ့ကိစ္စမို့ကြိုဆိုရမှာပါ။NUGဟာပြီးခဲ့တဲ့ရက်ကလဲ အစိုးရအဖွဲ့အတွင်းမှာအပြောင်းအလဲတွေ လုပ်မယ်လို့ပြောထားသေးတာကြောင့်ဒီနှစ်ထဲမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်ဖို့အားယူနေပုံပဲ။ဘယ်လောက်ထိအပြောင်းအလဲတွေလုပ်နိုင်ပြီး တော်လှန်ရေးကိုဘယ်လိုတွန်းတင်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။
Read moreDetailsပို့ကုန်သွင်းကုန်လောကနဲ့ဆက်သွယ်နေတဲ့ ပြည်တွင်းဆောက်လုပ်ရေးလောကလဲရပ်တန့်လုနီးပါးဖြစ်နေပါတယ်။အဓိကကတော့ ဆောက်လုပ်ရေးအတွက်အခြေခံပစ္စည်းတွေဖြစ်တဲ့ ဘိလပ်မြေတဲ့သံချောင်းတွေ လိုအပ်သလောက်တင်သွင်းခွင့်မရတာကြောင့်ပါ။ထိုပစ္စည်းတွေကိုပြည်ပကတင်သွင်းရတာကြောင့် ဒေါ်လာမကုန်ချင်တဲ့စစ်ကောင်စီဟာဆိပ်ကမ်းတွေ ဂိုဒေါင်တွေမှာမလိုအပ်ပဲလိုက်လံကြပ်မတ်နေတယ်။ဘိလပ်မြေဆိုရင်ပြည်တွင်းမှာ ထွက်ရှိပေမယ့်လဲထုံးကျောက်တောင်တွေခွဲဖို့ ယမ်းကုန်ကြမ်းဝယ်ရခက်နေတဲ့အတွက်စက်ရုံတွေအတော်များများ မလည်ပတ်နိုက်ကြပါဘူး။ထိုယမ်းတွေPDFတွေလက်ထဲရောက်သွားမှာ စစ်ကောင်စီကစိုးရိမ်နေတယ်လေ။ဒါကြောင့်စျေးကွက်ထဲမှာ ဘိလပ်မြေစျေးတွေထိုးတက်နေပြီးတအိတ်ကို ၂၀၀၀၀ကျပ်ဝန်းကျင်ဖြစ်လာတယ်။အာဏာမသိမ်းခင်ကဘိလပ်မြေတအိတ်ကို ၈၀၀၀ကျပ်ဝန်းကျင်သာရှိခဲ့တာပါ။နှစ်သောင်းစျေးနဲ့တောင်လိုသလောက်ဝယ်လို့မရတဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းအတော်များများ ရပ်တန့်နေတယ်။စစ်ကောင်စီဟာ တိုင်းပြည်ဘယ်လောက်ပဲဆိုးရွားနေပါစေ သူတို့ရှင်သန်ဖို့ပဲစဥ်းစားမှာဖြစ်တဲ့အတွက်အခြေအနေတွေဟာ ကောင်းလာစရာမရှိသေးပါဘူး။
Read moreDetailsအာဏာသိမ်းလေးနှစ်တာကာလအတွင်း စစ်ကောင်စီကကုမ္မဏီပေါင်းနှစ်သောင်းကျော်ကို ဖျက်သိမ်းခဲ့ကြောင်းသိရတယ်။ထိုအရေအတွက်ဟာ ပြည်တွင်းပုဂ္ဂလိကကုမ္မဏီစုစုပေါင်းရဲ့ သုံးဆယ်ရာခိုင်နှုန်းခန့်ရှိတယ်။ဖျက်သိမ်းခံရတဲ့ကုမ္မဏီအများစုကတော့ ဆောက်လုပ်ရေးနဲ့ပို့ကုန်သွင်းကုန်တွေ လုပ်ကိုင်နေတဲ့ကုမ္မဏီတွေပါ။စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက်ပိုင်း ပို့ကုန်သွင်းကုန်တွေကိုတင်းကြပ်စွာချုပ်ကိုင်ပြီး နောက်သူတို့ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာတဲ့ ကုမ္မဏီမှန်သမျှကိုဖျက်သိမ်းပစ်နေတာပါ။ပုဂ္ဂလိကကုမ္မဏီအတော်များများကို ဖျက်သိမ်းပြီးနောက်အမြတ်အစွန်းများတဲ့လုပ်ငန်းအများစုကို စစ်အုပ်စုနဲ့အပေါင်းအပါအဆက်အနွယ်တွေသာ လက်ဝါးကြီးအုပ်ဖို့ကြိုးစားလာတာတွေ့ရတယ်။ခပ်ယဲ့ယဲ့သာကျန်တော့တဲ့မြန်မာပြည်စီးပွားရေးအခြေအနေတွေကြောင့်လဲ ပြည်တွင်းကကုမ္မဏီအများစုဟာ အသက်ဆက်ဖို့ရုန်းကန်နေရတယ်။
Read moreDetailsရန်ကုန်နဲ့တကွ မြို့ကြီးတွေမှာဖြစ်နေတဲ့ လျှပ်စစ်မီးပြသာနာကိုရေတိုဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုတော့ရှိပါတယ်။ရန်ကုန်မှာရပ်ထားရတဲ့ ဂတ်စ်တာဘိုင်တွေ ပြန်လည်ပတ်နိုင်ဖို့ပါ။ထိုဓာတ်အားပေးစက်ရုံတွေပြန်လည်ပတ်နိုင်ရင် မဂ္ဂါဝပ်၅၀၀ခန့်ထွက်လာမယ်။ဒါပေမယ့်ထိုမဂ္ဂါဝပ်၅၀၀ခန့်ရရှိနိုင်ဖို့ တစ်လဒေါ်လာသန်း၅၀လောက်သုံးရပါမယ်။စစ်ကောင်စီဟာ ထိုနည်းလမ်းကိုသိပါတယ်။ဒါပေမယ့်စစ်အသုံးစားရိတ်အတွက်ဒေါ်လာလိုအပ်နေတာကြောင့် ထိုငွေကိုပြည်သူတွေအတွက်သုံးပေးမယ့် အနေအထားမရှိပါဘူး။ လျှပ်စစ်ဓာတ်အားပြတ်တောက်နေတဲ့ ပြသာနာအခုမှထဖြစ်တာမဟုတ်ပါဘူး။စစ်တပ်ကအာဏာသိမ်းပြီးကတည်းက နှစ်စဥ်တဖြည်းဖြည်းနဲ့ဆိုးရွားလာတာပါ။ပြီးတော့ဒီလိုပြသာနာမျိုးကို ဖြေရှင်းနိုင်ဖို့ချမ်းသာတဲ့နိုင်ငံတွေမှာတောင် ရေရှည်စီမံကိန်းတွေချမှတ်ပြီးငွေကြေးအများအပြားရင်းနှီးမြုပ်နှံရတယ်။အခုအချိန်အထိစစ်ကောင်စီမှာ ဒီပြသာနာကိုဖြေရှင်းဖို့အတွက် ရေတိုရေရှည်အစီအမံဘာမှရှိမနေပါဘူး။ဒါကြောင့်လက်ရှိအခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင်လာမယ့်နွေရာသီမှာမြို့ကြီးတွေမှာတောင် တစ်နေ့၂နာရီခန့်သာမီးရတော့မှာဖြစ်ပြီး၂၀၂၆...
Read moreDetailsလျှပ်စစ်မီးပြသာနာကိုပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းနေရတယ်။ချမ်းသာပြီးငွေကြေးတတ်နိုင်သူတွေကတော့ တနိုင်တပိုင်ဆိုလာစနစ် အိမ်တွေမှာတပ်ဆင်ကြတယ်။ဆိုလာစနစ်ဟာအနည်းဆုံးသိန်းတစ်ရာလောက်ကျသင့်တာကြောင့် တော်ရုံမိသားစုတွေအနားတောင်မကပ်နိုင်ပါဘူး။လူလတ်တန်းစာတွေကတော့ အင်ဗာတာတွေ၊ပါဝါစတေရှင်တွေဝယ်သုံးကြတယ်။ဒီနေရာမှာလဲ သာမန်မီးထွန်း၊တီဗီကြည့်ရတဲ့အင်ဗာတာတစ်စုံဟာ၁၀သိန်းရှိတာကြောင့် လူတိုင်းတတ်နိုင်တဲ့အခြေအနေမှာမရှိပါဘူး။လူများစုဖြစ်တဲ့အခြေခံလူတန်းစားတွေကတော့ အမှောင်ထဲမှာပဲနေကြရတယ်။ ဒီပြသာနာကိုနိုင်ငံတော်အဆင့်ဖြေရှင်းဖို့အတွက် စစ်ကောင်စီဟာဘာမှကြိုးစားအားထုတ်နေတာမတွေ့ရပါဘူး။သူတို့ဖွဲ့ထားတဲ့မီးလင်းရေးကော်မရှင်ကတော့ ကချင်ပြည်နယ်ကမြစ်ဆုံအထက်ပိုင်းမှာရေအားလျှပ်စစ်စီမံကိန်းတွေတည်ဆောက်ဖို့ အဆိုပြုတယ်တဲ့။သူတို့အဆိုပြုတဲ့ဒေသတွေဟာ လက်ရှိအချိန်မှယKIAထိန်းချုပ်ဒေသတွေဖြစ်နေတယ်။စစ်ကောင်စီက ဘယ်လိုစီမံကိန်းတွေအကောင်အထည်ဖော်နိုင်မှာလဲ။စစ်ကောင်စီကတော့ ထုံးစံအတိုင်းအဓိပ္ပါယ်မရှိတာတွေချည်းပြောဆိုနေတယ်။
Read moreDetailsအဆိုးရွားဆုံးလျှပ်စစ်ဓာတ်အားပြတ်တောက်မှုအခြေအနေကို ပြည်သူတွေနဖူးတွေ့ဒူးတွေ့ခံစားနေရပါပြီ။မနက်မိုးလင်းအိပ်ရာနိုးလာလဲ မီးကမလာ၊ညအိပ်ရာဝင်ရင်လဲမီးမလာပါဘူး။အလုပ်သွားချိန်နဲ့အပြင်သွားချိန်တွေမှာသာ ခဏတဖြုတ်မီးလာတဲ့အခြေအနေဖြစ်နေတယ်။အိမ်မှာတနေကုန်နေရတဲ့အိမ်ရှင်မတွေကတော့ မီးပေးအချိန်ဇယားကိုကြည့်ပြီး လျှပ်စစ်မီးလာတဲ့အချိန်ဆိုညသန်းခေါင်တောင်မအိပ်နိုင်ပဲအိမ်အလုပ်တွေလုပ်ကြရတယ်။ လက်ရှိ ဆိုးရွားလာတဲ့ လျှပ်စစ်မီးအခြေအနေကြောင့် မြို့ပြနေပြည်သူတွေအပေါ်နောက်ဆက်တွဲ အကျိုးသက်ရောက်မှုအတော်ကြီးမားလာနိုင်ပါတယ်။ နွေရာသီမှာဆို အပူရှပ်နိုင်တယ်၊ ရေဓါတ်ခမ်းခြောက်နိုင်တယ်။ မီးလာချိန်နည်းတာကြောင့် ရေကောင်းကောင်းတင်မရလို့ လူတွေရဲ့ တကိုယ်ရည် သန့်ရှင်းမှု လျော့ကျမယ်။...
Read moreDetailsYou can copy without credits to our site. We Need Freedom.