ငလျင်ဘေးကြောင့်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာလဲ ပျက်စီးဆုံးရှုံးမှုကြီးမားပါတယ်။သမ္မတအိမ်တော်၊ လွတ်တော်၊စစ်ရုံးချုပ်၊ဝန်ကြီးဌာနအဆောက်အအုံတွေပါ ထိခိုက်ပျက်စီးသွားတယ်။နိုင်ငံခြားရေး၊ပြည်ထဲရေးစတဲ့ဝန်ကြီးဌာနတွေဆိုရင် ရန်ကုန်ကိုတောင်ရွေ့ပြောင်း လုပ်ကိုင်နေရတယ်။အဆိုးဆုံးကတော့ ဝန်ထမ်းအိမ်ရာတွေပါပဲ။နေပြည်တော်က ဝန်ထမ်းအိမ်ရာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းခန့်ဟာ လူနေထိုင်လို့မရလောက်အောင်ကို ပျက်စီးပြိုကျသွားတယ်။ဝန်ကြီးဌာနအဆောက်အအုံတွေ ပျက်စီးမှု၊ဝန်ထမ်းအိမ်ရာတွေပြိုကျမှုကြောင့် စစ်ကောင်စီလက်အောက်ခံအစိုးရဌာနတွေဟာ အခုချိန်ထိကောင်းကောင်း မလည်ပတ်သေးပါဘူး။