မကွေးတိုင်း နဲ့ ပဲခူးတိုင်းမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ (ကပစ) သုံးခုအနီးမှာစစ်တပ်နဲ့ အေအေတော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းအထန်ဖြစ်နေပါတယ်။ ကပစ (၆)၊ (၁၄) နဲ့ (၂၄) မှာ တိုက်နေကြတာဖြစ်ပြီး ၆ နဲ့ ၁၄ နားမှာ တိုက်ပွဲက...
Read moreDetailsမုံရွာ ချောင်းဦးမှာ စစ်အုပ်စုက အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ပြီးနောက် သေဆုံးသူအရေအတွက်ဟာ လေးဆယ်ကျော်ရှိလာပါပြီ။ ဒါ့အပြင် ဒဏ်ရာရသူတွေ ဆေးမကုနိုင်အောင် ဆက်တိုက် ဆိုသလို မုံရွာမြို့ ထဲကနေ နောက်ထပ် ပါရာမော်တာနှစ်စီး ထပ်မံ ပျံတက်လာပြီး မုံရွာနယ် အရှေ့တောင်ခြမ်းနဲ့...
Read moreDetailsစစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်မှာ သီတင်းကျွတ်လပြည့်ည ဆီမီးထွန်း နေသူတွေကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ စက်တပ်လေထီးနဲ့ ဆီမီးထွန်းနေတဲ့ လူအုပ်ထဲကို ၁၂၀ မမ...
Read moreDetailsသီတင်းကျွတ်လပြည့်နေ့မှာပုဂံရှေးဟောင်းယဉ်ကျေးနယ်မြေကို လာရောက်လည်ပတ်တဲ့ ဘုရားဖူးဧည့်သည် ထောင်နဲ့ချီရှိနေတယ်။ ဧည့်သည် များလွန်းတာကြောင့် တန်ခိုးကြီးဘုရားတွေမှာ လူအပြည့်နဲ့စည်ကားနေပြီး ဟိုတယ်နဲ့ ဘုန်းကြီးကျောင်းတွေပါ တည်းခိုသူတွေလည်းပြည့်နေပြီ။ နာမည်ကြီးဘုရားတွေမှာဆိုလည်း ကားရပ်နားကွင်းပြည့်လျှံတဲ့အထိပဲ။ ဒါပေမယ့် မိတ္ထိလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ်က ကိုင်းတံတားကျိုးကျသွားတာကြောင့် မြို့ရှောင်လမ်းတွေကို အသုံးပြု မောင်းနှင်ရတဲ့အတွက်...
Read moreDetailsဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။
Read moreDetailsဒေါ်လာစျေးတွေကတော့တစ်ဒေါ်လာကိုကျပ်လေးထောင်အောက်ရောက်ရှိသွားပါပြီ။ဒီနှစ်တွေအတွင်းပထမဆုံးအကြိမ်အဖြစ်ကျပ်လေးထောင်အောက်ရောက်သွားတာဖြစ်တယ်။ မြန်မာပြည်ဒေါ်လာစျေးကွက်ဟာနှစ်ကုန်ခါနီးလေးလလောက်မှာကျဆင်းနေတတ်တာနှစ်တိုင်းလိုလိုဖြစ်နေပြီ။အချို့ကတော့ဘိန်းထွက်နဲ့အချိန်ဖြစ်တာကြောင့်ဒီလိုအချိန်ဒေါ်လာစျေးတွေကျတာလို့ပြောကြတယ်။ဒါ့ကြောင့်ဒီနှစ်ကုန်အထိတော့ဆက်တိုက်ကျနေမယ်လို့ခန့်မှန်းရတယ်။
Read moreDetailsစစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေစတင်ကပ်နေပါတယ်။ ဒါပေမယ့်ကပ်ထားတဲ့မဲစာရင်းတွေမှာ ဆိုးဆိုးရွားရွားမှားယွင်းနေကြောင်း ဝေဖန်မှုတွေရှိလာတယ်။ ဝေဖန်နေကြတာကလဲစစ်ကော်မရှင်ကို ထောက်ခံနေကြသူတွေသာဖြစ်တယ်။ ပြည်သူလူထုကတော့ ထိုမဲစာရင်းတွေကိုစိတ်မဝင်စားပါဘူး။ စစ်ကော်မရှင် ထုတ်ပြန်ထားသော မဲဆန္ဒရှင် စာရင်းများတွင် သေဆုံးသူများ၊ နေရပ်၌ မရှိတော့သူများ၊ အပြီးပြောင်းရွှေ့သွားသူများ စသည်တို့ ပါဝင်နေပြီး...
Read moreDetailsကရင်ပြည်နယ်ထဲကလက်နက်ကိုင်အဖွဲ့သုံးခုဟာစစ်ကော်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲကိုကူညီသွားမယ်လို့အတိအလင်းကြေညာလိုက်ပါတယ်။ BGF၊DKBAနဲ့ကရင်ငြိမ်းချမ်းရေးကောင်စီစတဲ့အဖွဲ့တွေဟာအရင်ကတည်းကစစ်ကော်မရှင်ကိုမတိုက်ခိုက်ပဲတည့်အောင်ပေါင်းနေကြတဲ့အဖွဲ့တွေဖြစ်တယ်။BGFနဲ့DKBAအဖွဲ့တွေဆိုရင်ကျားဖြန့်လုပ်ငန်းတွေကိုကျယ်ပြန့်စွာလုပ်ကိုင်နေကြတယ်။ထိုအဖွဲ့တွေဟာစစ်ကော်မရှင်ငြိုငြင်မှာမလိုလားကြဘူး။စစ်ကော်မရှင်ကိုဆန့်ကျင်ရင်သူတို့ရဲ့အကျိုးစီးပွားတွေပျက်စီးသွားမှာစိုးရိမ်ကြတယ်လေ။ဒါ့ကြောင့်ရွေးကောက်ပွဲကိုကူညီမယ်လို့ထုတ်ပြောကြတာပဲ။ဒါ့ကြောင့်ကရင်ပြည်နယ်ထဲမှာစစ်ကော်မရှင်ကိုဆန့်ကျင်တိုက်ခိုက်နေတာKNUတစ်ဖွဲ့သာထီးထီးကြီးကျန်ရှိတော့တယ်။ကရက်လက်နက်ကိုင်အဖွဲ့တွေမညီညွတ်တာကြောင့်ကရင်ပြည်နယ်ထဲကတော်လှန်ရေးအခြေအနေဟာစိုးရိမ်ဖွယ်ရာဖြစ်နေတယ်။
Read moreDetailsအောက်တိုဘာလအစမှာပဲကျောက်မဲမြို့ကိုစစ်ကော်မရှင်ကပြန်လည်ရရှိသွားပါပြီ။လက်နက်အင်အားလူအင်အားမမျှတမှုကြောင့်TLNAအနေနဲ့ကျောက်မဲမြို့မကျအောင်အစွမ်းကုန်ခုခံခဲ့ပေမယ့်လဲနောက်ဆုံးမှာလက်လွတ်လိုက်ရတယ်။ဒါတောင်စစ်အုပ်စုကတစ်လခွဲကျော်ကြာအောင်တိုက်ယူခဲ့ရတာဖြစ်တယ်။ နယ်မြေအနေအထားနဲ့စစ်ရေးအရအရေးပါတဲ့ကျောက်မဲမြို့ကိုစစ်အုပ်စုကပြန်လည်ရရှိသွားတဲ့အတွက်အနီးအနားကသီပေါမြို့နဲ့မိုးကုတ်မြို့လဲအခြေအနေမကောင်းလှပါဘူး။စစ်အုပ်စုဟာအထူးသဖြင့်သီပေါမြို့ကိုဆက်လက်တိုက်ခိုက်လိမ့်မယ်လို့ခန့်မှန်းရတယ်။
Read moreDetailsမြန်မာပို့ကုန်များကို အမေရိကန်၏ အခွန် ၄၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသည့် အစီအစဉ် အသက်ဝင်သည့် ဩဂုတ်လ ၁ ရက်နေ့မှစ၍ အထည်ချုပ်အမှာများ ကျဆင်းလာပြီး ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်းလာရတယ်။ အခွန်နှုန်းထားသစ် အသက်ဝင်သည့် နှစ်လအတွင်း ရန်ကုန်မြို့ ရွှေပြည်သာနှင့်...
Read moreDetailsYou can copy without credits to our site. We Need Freedom.