ဒီနေ့ဟာနိုင်ငံမိခင်ကြီးဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပါ။ဒီနှစ်မှာတော့သူမဟာမွေးနေ့မှာတကျော့ပြန်မတရားအကျဉ်းကျခံနေရတယ်။နိုင်ငံတဝန်းလုံးမှာတော့သူမရဲ့မွေးနေ့အတွက်နှင်းဆီပန်းတွေနဲ့အတူပန်းသပိတ်လုပ်ပေးကြတယ်။သူမရဲ့နောက်ထပ်အမည်တစ်ခုကသံမဏိနှင်းဆီလေ။ဒီနေ့မှာတော့နှင်းဆီပန်းတွေရောင်းကောင်းလွန်းလို့မနက်ပိုင်းမှာတင်ဝယ်လို့မရတော့တဲ့အထိဖြစ်သွားတယ်။ စစ်ကောင်စီကလဲဘယ်လောက်တောင်ကြောက်နေသလဲဆိုရင်နှင်းဆီပန်းပန်တဲ့မိန်းကလေးတွေကိုပါလိုက်ဖမ်းနေတယ်။ပြင်ဦးလွင်ကလက်ဖက်ရည်ဆိုင်တစ်ခုမှာဆိုရင်နှင်းဆီပန်းဝေလို့ဆိုပြီးဆိုင်ပိုင်ရှင်ရောစားပွဲထိုးတွေပါဖမ်းသွားတယ်။သေနတ်ကိုင်တဲ့သူတွေကပန်းကိုကြောက်ကြတယ်တဲ့။ရယ်စရာတော့အတော်ကောင်းသားပဲ။
Read moreDetailsဒီနေ့ရန်ကုန်မြို့နေရာအနှံမှာပေါက်ကွဲမှုတွေအမြောက်အများဖြစ်ပွားခဲ့တယ်။လှိုင်သာယာမှာတင်၈ခုထက်မနည်းပေါက်ကွဲခဲ့တယ်။ဒါအပြင်တာမွေ၊သင်ယန်းကျွမ်း၊တောင်ဒဂုံစတဲ့မြို့နယ်တွေမှာလဲအလားတူပဲ။တာမွေကပေါက်ကွဲမှုကတော့နာမည်ကြီးသွားတယ်။လူစည်ကားရာလမ်းမကြီးပေါ်မှာရပ်ထားတဲ့စစ်ကားကိုဗုံးပစ်သွင်းသွားတယ်ပြောတယ်။သေချာတော့အတည်မပြုနိုင်သေးဘူး။ရဲတယောက်သေပြီးစစ်သားငါးယောက်လောက်ဒဏ်ရာအပြင်းအထန်ရသွားတာတော့ကျိန်းသေတယ်။အရင်ကရန်ကုန်မှာဒါမျိုးဖြစ်စဥ်တွေရှိဖူးပေမယ့်ထိထိရောက်ရောက်ဖြစ်မြောက်သွားတာဒါပထမဆုံးပဲ။စစ်ခွေးတွေအတွက်ကတော့တပ်ဝန်းထဲကလွဲလို့ဘယ်နေရာမှမလုံခြုံတော့ဘူး။ တဖက်မှာလဲFAOအစည်းအဝေးမှာစစ်ကောင်စီကိုအသိအမှတ်မပြုပြန်ဘူး။စစ်ကောင်စီဟာနိုင်ငံတကာနယ်ပယ်မှာရှုံးပြီးရင်းရှုံးနေတယ်။
Read moreDetailsကယားပြည်နယ်မှာခုလောလောဆယ်အပစ်ရပ်ထားတော့စစ်ပေးရှောင်ပြည်သူတချို့ကိုယ့်အိမ်ကိုယ်ပြန်လာကြပြီ။မြို့လေးကတော့ရစရာမရှိတော့။လမ်းဘေးမှာလဲစစ်သူပုန်တွေပစ်သတ်ထားတဲ့အလောင်းတွေပြန့်ကျဲလို့။လမ်းမကြီးပေါ်ကအိမ်တွေဆိုအကုန်ပျက်စီးနေတယ်။မပျက်စီးတဲ့အိမ်တွေဆိုလဲဖောက်ထွင်းခံထားရတယ်။မြို့ထဲကကျောင်းတစ်ခုမှာလက်ပြန်ကြိုးအတုတ်ခံရပြီးပစ်သတ်သွားတဲ့အလောင်းတွေဆိုအရိုးပဲကျနိတော့တယ်။ချောင်ကျတဲ့မြို့လေးဆိုတော့ဒါတွေကိုဘယ်သူမှသိပ်မသိကြဘူး။ နိုင်ငံတကာမီဒီယာတွေမှာတော့မနေ့ကမီးလောင်တိုက်အသွင်းခံရတဲ့ရွာလေးသတင်းတွေပွထနေတယ်။ UN US UK တို့ကတော့ထုံးစံအတိုင်းစိုးရိမ်ထိတ်လန့်နေသည်ပေါ့။
Read moreDetailsမကွေးတိုင်းထဲကင်းမရွာမှာစစ်တပ်သတင်းပေးဒလန်အသတ်ခံရလို့ဆိုပြီးစစ်သူပုန်တွေရွာကိုဝင်စီးကာတစ်ရွာလုံးမီးရှို့ပစ်လိုက်တယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေနဲ့တိရိစ္ဆာန်အချို့ပါမီးလောင်သေဆုံးကုန်တယ်တဲ့။ပြောစရာစကားလုံးတောင်မရှိတော့ပါဘူး။ စစ်ကိုင်းတိုင်းအနောက်ခြမ်းကရွာတွေကိုစစ်တပ်ကမထင်ရင်မထင်သလိုဝင်စီးပြီးလုယက်သတ်ဖြတ်နေဆဲပဲ။ စစ်တပ်ဟာစစ်ရာဇဝတ်မှုမျိုးစုံကိုပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေဆဲပါ။ဒါကိုဒီတိုင်းပဲဝိုင်းကြည့်နေကြတော့မှာလား။
Read moreDetailsကယားပြည်နယ်မှာKPDFကစစ်သူပုန်တွေနဲ့အပစ်အခတ်ရပ်စဲကြောင်းစာထုတ်လိုက်ပြီ။ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေကဝင်ရောက်ညှိနိုင်းပေးတယ်လို့ပြောတယ်။စစ်သူပုန်တွေဟာပြည်နယ်ထဲကိုတပ်တွေအလုံးအရင်းနဲ့ပို့ထားပေမယ့်ရှေ့တိုးလို့မရဘူးဖြစ်နေတယ်။KPDFတွေဘက်ကလဲဒေသခံစစ်ဘေးရှောင်ကိုပြန်ကြည့်ဖို့လိုနေတယ်။စစ်သူပုန်တွေကဘာမှသိတာမဟုတ်ဘူး။မဲမဲမြင်ရာအကုန်ပစ်နေတာ။အခုတောင်စစ်သူပုန်တွေကဒီမော့ဆိုမြို့ထဲမှာမြို့နေပြည်သူအိမ်တွေကိုလက်နက်ကြီးတွေထုပြီးဖျက်စီးတယ်။လူမရှိအိမ်တွေ၊ဆိုင်တွေကိုဖောက်ထွင်းကာသူတို့အတွက်အသုံးဝင်တဲ့ပစ္စည်းတွေကိုမတရားယူသွားပြီးအသုံးမဝင်တာတွေကိုဖျက်စီးယုတ်မာနေကြတယ်။သူတို့ရဲ့လုပ်ရပ်တွေကိုအချိန်နဲ့တပြေးညီတတိုင်းပြည်လုံးသိနေကြလဲဂရုမစိုက်ပဲကန်းကုန်အောင်မိုက်ရိုင်းနေတုန်းပဲ။
Read moreDetailsလာမယ့်ရက်တွေမှာမြန်မာ့အရေးဆွေးနွေးပွဲတွေပြည်တွင်းရောပြည်ပမှာပါဆက်တိုက်လုပ်ဖို့ရှိတယ်။ ပြည်တွင်းမှာကရင်လက်နက်ကိုင်လေးဖွဲ့ဆိုင်ပြီးရှေ့ဘာဆက်လုပ်မလဲဆွေးနွေးကြမယ်။ထိုင်းအစိုးရကလဲNCAလက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဖို့လေသံပစ်နေတယ်။ပြည်ပမှာတော့မနက်ဖြန်G7ထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံအကြောင်းပါတယ်လို့ကြားတယ်။၁၈ရက်နေ့ကျရင်လဲလုံခြုံရေးကောင်စီမှာဆွေးနွေးလိမ့်ဦးမယ်။ အစည်းအဝေးတွေဘယ်လောက်များများမျှော်လင့်စရာတော့သိပ်မရှိဘူး။ကိုယ့်လွတ်လပ်ရေးကိုယ်တိုင်တိုက်ယူမှရမှာပဲ။
Read moreDetailsရန်ကုန်နဲ့မန္တလေးမှာခုချိန်ထိပျောက်ကြားသပိတ်တွေနေတိုင်းနီးပါးရှိနေတုန်းပဲ။နိုင်ငံအလယ်ပိုင်းကတချို့ကျေးရွာအုပ်စုတွေမှာလဲသပိတ်တွေအားကောင်းနေဆဲပါ။စစ်ကောင်စီကိုဆန့်ကျင်ကြောင်းပြတဲ့နေရာမှာသပိတ်တွေကအရေးပါတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်အန္တရာယ်ပေါင်းစုံကြားကပဲဆက်ထွက်နေကြတာပေါ့။ဒီလိုပဲပျောက်ကြားပစ်ခတ်မှုတွေနဲ့ပျောက်ကြားသပိတ်တွေအချိုးညီညီတိုက်ပွဲဝင်နေကြတယ်။
Read moreDetailsပြည်တွင်းမှာကိုဗစ်ကူးစက်နှုန်းဟာဒီလဆန်းကစပြီးပြန်လည်မြင့်တက်လာပါတယ်။အခုဆိုပိုးတွေ့နှုန်းကတနေ့ငါးရာခိုင်နှုန်းအထက်ရှိလာပါပြီ။ဒါတောင်တနေ့တစ်ထောင်ကျော်ပဲစစ်နိုင်သေးတာပါ။ဒါကြောင့်စစ်ကောင်စီဟာကိုဗစ်စင်တာတွေတိုးချဲ့ဖွင့်လှစ်ဖို့စီစဉ်နေပါတယ်။ဖွင့်လှစ်မယ့်နေရာတွေကတော့ဂိုထောင်အဟောင်းထဲမှာကွပ်ပျစ်ပေါ်ဖျာကြမ်းခင်းပြီးလူနာတွေကိုထားမှာပါ။NLDအစိုးရလက်ထက်ကိုဗစ်စင်တာတွေနဲ့ဆီနဲ့ရေလိုကွာခြားလွန်းလှပါတယ်။စစ်ကောင်စီရဲ့တိုင်းပြည်အပေါ်မှာထားတဲ့စေတနာကိုအတိုင်းသားတွေ့မြင်လိုက်ရတယ်။ဒီပုံစံအတိုင်းဆိုကိုဗစ်ကူးရင်သေဖို့ပဲရှိမယ်။
Read moreDetailsကယားပြည်နယ်မှာစစ်ဘေးရှောင်တွေကိုထောက်ပံမယ့်ဆန်အိတ်၈၀ကျော်နဲ့တကွအစားအသောက် တွေဆေးဝါးတွေကိုစစ်သူပုန်တွေမီးရှို့ဖျက်စီးလိုက်တယ်။ရိုင်းစိုင်းယုတ်မာချက်ကတော့ဖော်ပြစရာစကားလုံးမရှိလောက်အောင်ပဲ။ အခုဆိုချင်းပြည်နယ်ရောကယားပြည်နယ်မှာပါစစ်ဘေးရှောင်တွေတော်တော်ဒုက္ခရောက်နေကြတယ်။စစ်သူပုန်တွေကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာပိတ်ဆို့ဖျက်စီးနေလို့ရိက္ခာတွေပြတ်သလောက်ဖြစ်နေပြီ။ဒါ့အပြင်စစ်ရှောင်စခန်းတွေကိုပါလက်နက်ကြီးနဲ့ရမ်းသမ်းပစ်နေလို့စခန်းနေရာပြောင်းရတာတွေလဲခဏခဏပဲ။မိုးကျလာပြီဆိုတော့နေရာထိုင်ခင်းအခက်အခဲတွေရှိလာတယ်။UNကလဲထုံးစံအတိုင်းဒုက္ခသည်တွေအတွက်စာတွေပဲထိုင်ထုတ်နေတယ်။ဒီအရေးကိုတောင်ဖြစ်ဖြစ်မြောက်မြောက်မကူညီပေးနိုင်ဘူး။အခုဆိုလူတွေကNUGကိုပါအပြစ်ပြောလာကြပြီ။NUGလဲဘာမှမတတ်နိုင်သေးဘူး။ခုချိန်ထိမြေပြင်မှာရုပ်လုံးမပေါ်လာသေးဘူး။တိုင်းရင်းသားပြည်သူတွေလဲဒုက္ခပေါင်းစုံရောက်နေကြပြီ။ဆက်တွေးကြည့်ရင်ရင်လေးစရာတွေချည်းပဲ။
Read moreDetailsဒီမနက်ပြင်ဦးလွင်လေဆိပ်နားမှာစစ်တပ်ကသယ်ယူပို့ဆောင်ရေးလေယာဥ်ငယ်တစ်စင်းပျက်ကျသွားတယ်။လေယာဉ်ပေါ်ပါသူ၁၄ယောက်မှာ၁၂ယောက်သေဆုံးသွားတယ်။သေဆုံးသွားသူတွေထဲမှာနေပြည်တော်ကဆရာတော်ကြီးတပါးလဲပါတယ်။ပြည်သူတွေကတော့ပြည်သူ့ကျိန်စာဆူးနေပြီဆိုပြီဝမ်းသာနေကြလေရဲ့။စစ်ကောင်စီအဖွဲ့ဝင်ထိပ်တန်းအရာရှိကြီးတွေလဲပါတယ်လို့သတင်းတွေထွက်လာပေမယ့်အတည်ပြုလို့မရသေးပါဘူး။
Read moreDetailsYou can copy without credits to our site. We Need Freedom.