မင်းအောင်လှိုင်တို့အဖွဲ့သတင်းတစ်ခုယူဆောင်လာတယ်။ မီးသဂြိုလ်စက်တွေပိုမိုတပ်ဆင်ပြီးတစ်နေ့ကို အလောင်း ၃၀၀၀ သင်္ဂြိုလ်နိုင်အောင်လုပ်မယ်လို့ဆိုတယ်။ သူတို့ဦးဏှောက်ကဒါပဲသိသလား။ တော် တော် ကြီး အံအားသင့်မိသွားကြတယ်။ လေးတန်းကလေးလောက်တောင်အသိဉာဏ်မရှိတဲ့သူက တိုင်းပြည်ကိုအုပ်ချုပ်ချင် သတဲ့လား။ ကိုဗစ်ကြောင့် အောက်ဆီဂျင်ပြတ်တာကို ဘယ်လိုအဆင်ပြေအောင်လုပ်မလဲစဉ်းစားဉာဏ်သူ့မှာမရှိ ရှာဘူး။ တစ်ရက်ထက်တစ်ရက် သူ့ကိုဒေါသထွက်လို့မပြီးနိုင်တော့ဘူး။ တော်တော်လေး ကံဆိုးလိုက်ကြတာ။
သြဂုတ် ၁၁၊ ၂၀၂၅။ (တနင်္လာ)
ဗန်းမော်မြို့ကိုစစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ဖို့ရေကြောင်းကနေ အင်အားဖြည့်တင်းပြီးနောက်ပိုင်း ပြုလုပ်လာတဲ့တန်ပြန်ထိုးစစ်ကြောင့် KIAကသိမ်းပိုက်ထားတဲ့...