အာဏာသိမ်း ဒိုင်ယာရီ

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁။ (သောကြာ)

မန္တလေးမှာ လူတွေကိုပစ်သတ်သွားတယ်။ ကချင်ပြည်နယ်မှာ လူတွေကိုလိုက်ဖမ်းတယ်။ ခေါ်သွား တယ်။ ဘယ်နေရာကိုခေါ်သွားမှန်းလည်းမသိ၊ အစလိုက်ရှာလို့လည်းမရ။ ရန်ကုန်မဟုတ်တဲ့ ဒေသတွေ မှာ အဲဒီလိုအဖြစ်အပျက်တွေများလာတော့ အားလုံးက စိတ်ပူလာကြတယ်။ အနုပညာရှင်တစ်ချို့ကို လည်း ခြိမ်းခြောက်ဖုန်းဆက်ပြီး CDM လှုံ့ဆော်ရေးကမ်ပိန်းတွေဆက်မလုပ်ဖို့ အာဏာရှင်တွေကတားဆီး...

Read moreDetails

ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁။ (ကြာသပတေး)

မနေ့က တစ်နိုင်ငံလုံးအပြင်ထွက်ထားကြတော့ ဒီနေ့ လူနည်းမယ်ထင်ထားတာ။ ဒါပေမဲ့မနည်းဘူး။ ကျွန် တော်တို့ရဲ့ စည်းလုံးမှုအားက ပြင်းထန်တယ်။ တက်ညီလက်ညီရှိကြတယ်။ ဆန္ဒပြတဲ့ပုံစံကိုတစ်မျိုးပြောင်းလိုက်ကြပြန်တယ်။ မနေ့က ကားပျက်တော့ သူတို့က ကားမှန်ရိုက်ခွဲတာ မျိုး၊ ကရိန်းကားခေါ်တာမျိုးတွေကို ကြိုလုပ်ထားတယ်။ ဒီတော့ ပြည်သူတွေက...

Read moreDetails

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

တစ်တိုင်းပြည်လုံး အိမ်ပြင်ထွက်တဲ့နေ့လို့သတ်မှတ်ထားကြတယ်။ စစ်အာဏာရှင်တွေဟာ ဆန္ဒပြသူတွေတစ်ဖြည်းဖြည်းလျော့လာမယ်လို့မှန်းဆထားကြတယ်။ ဒါပေမဲ့ လုံး ဝလျော့မသွားဘူးဆိုတာ ဒီနေ့က သက်သေပြလိုက်တယ်။ ဒီနေ့ ပုံစံ (၂) မျိုးနဲ့ ဆန္ဒပြကြတယ်။ ပထမတစ် မျိုးက ရန်ကုန်တစ်မြို့လုံးကားပျက်ကြတာ။ တကယ်ပျက်တာတော့မဟုတ်ဘူးပေါ့။ ကားလမ်းမပေါ်ကားတွေကိုထွက်မောင်းပြထားပြီး ဒီအတိုင်းရပ်ထားကြတယ်။...

Read moreDetails

ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁။ (အင်္ဂါ)

ဆန္ဒပြတဲ့ပုံစံလေးတွေ တစ်ချို့ ကွဲပြားသွားတာတွေ့ရတယ်။ အရင်လို လှည်းတန်းနဲ့ ဆူးလေမှာချည်းပဲ လူ စုမနေတော့ဘူး။ နေရာတိုင်းမှာ အရင်လောက်လူမများသလိုခံစားရတော့ စိုးရိမ်မိသွားတယ်။ ဒီအတိုင်းပဲ ပြီးသွားမလားပေါ့။ ဗဟိုဘဏ်မှာလူတွေစုနေတယ်။ လူ ၄၀၀ လောက်ပဲရှိမယ်။ အမေရိကန်သံရုံးရှေ့မှာတော့ လူပေါင်း သောင်းချီရှိတယ်။...

Read moreDetails

ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁။ (တနင်္လာ)

သူတို့ရဲ့ခြေလှမ်းသစ်တစ်ခုက မနက်ခင်းကိုကြိုဆိုနေတယ်။ မြန်မာ့စီးပွားရေးဘဏ်ကနေ ပိုက်ဆံတွေလာထုတ်သွားတယ်တဲ့။ စစ်အာဏာရှင်တွေဟာ အစိုးရရဲ့ ဆိုင် ရာ ပိုက်ဆံတွေမှန်သမျှကိုလိုက်လံသိမ်းယူနေတယ်။ ရွှေတိဂုံဘုရားဘဏ္ဌာငွေ၊ ကျိုက်ထီးရိုးဘုရားဘဏ္ဌာ ငွေတွေကိုလည်းသိမ်းယူခဲ့တယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုက်ဆံတွေကိုလည်းသိမ်းယူခဲ့တယ်။ ကိုဗစ် ကာကွယ်‌ဆေးအတွက်ပြည်သူတွေ လှူထားတဲ့ပိုက်ဆံကိုလည်းသိမ်းယူသွားခဲ့တယ်။ သူတို့ဟာ ညဖက် ဆို ရပ်ကွက်တွေကိုခိုးဝင်တယ်။...

Read moreDetails

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်တပ်ရဲ့ခြေလှမ်းတစ်ခုစတင်လိုက်တယ်။ ဒီနေ့က ချစ်သူများနေ့။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ချစ်သူတွေပျော်ရွှင်ကြပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ချစ်သူစုံ တွဲတွေကတော့ အပူမီးတွေနဲ့ရှင်သန်နေကြရတယ်။ နေ့ဖက်ရော ညဖက်ပါ ကောင်းကောင်းမွန်မွန်မနေ ကြရဘူး။ တနင်္ဂနွေနေ့ ညနေ ငါးနာရီကျော်ကနေစပြီး စစ်အာဏာရှင်ဟာ တစ်ခုခုကိုထပ်ပြီးကြံစည်ပြန်တယ်။ စစ် ကားတွေ တန်းစီးပြီး...

Read moreDetails

ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁။ (စနေ)

တစ်ညလုံးဆူညံပွတ်လောရိုက်ကာ ကျော်ဖြတ်လာပြီး မနက်ခင်းအသစ်ကိုရောက်လာခဲ့တယ်။ ညက ကောင်းကောင်းမအိပ်ရဘူး။ စစ်အစိုးရဟာ လူတစ်ချို့ကို ရပ်ကွက်တွေထဲလွှတ်တယ်။ မီးကွင်းတွေပစ်ခိုင်းတယ်။ ဆူပူမှုဖြစ်အောင် လုပ်ခိုင်းတယ်။ ဖမ်းမိတဲ့လူတွေက ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘယ်သူခိုင်းတာလဲ ဆိုတဲ့မေးခွန်းကိုဖြေဖို့ တောင်အဆင်မပြေဘူး။ သူတို့ ဆေးတစ်မျိုးမျိုးအထိုးခံထားရတယ်။ ဗီဒီယိုဖိုင်တွေမှာကြည့်ရသလောက်...

Read moreDetails

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁။ (သောကြာ)

စစ်အာဏာရှင်တွေဟာ အကျဉ်းသား နှစ်သောင်းကျော်ကိုလွှတ်ပေးလိုက်တယ်။ ပြဿနာတစ်ခုထပ်ပြီး ဖန်တီးလိုက်တာပါပဲ။ အကျဉ်းသားတွေလွှတ်တာအကြောင်းရင်းရှိပါတယ်။ သူတို့ နည်းလမ်းတစ်မျိုးနဲ့ပြည်သူတွေကိုနှိပ်စက် တော့မယ်ဆိုတာအားလုံးကသိလိုက်တယ်။ လွှတ်လိုက်တဲ့အကျဉ်းသားတွေထဲမှာ အထင်ကရလူတစ်ချို့ ပါဝင်ပေမယ့် တော်တော်များများကတော့ လူဆိုးသူခိုးမှုတွေနဲ့ထောင်ကျသွားတဲ့သူတွေမှန်းအားလုံးက သိ ပြီးသားပါ။ ဒီနေ့ ဆန္ဒပြမှုက စည်ကားပါတယ်။ ရဲတွေနဲ့...

Read moreDetails

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁။ (ကြာသပတေး)

စစ်အာဏာရှင်လက်အောက်မှာနေရတဲ့ ၁၁ ရက်မြောက်နေ့။ ရန်ကုန်မှာတော့ အရာရာတိုင်းက အရှိန်မြင့်နေတယ်။ သံပုံးတီးသူ၊ ဆန္ဒသွားပြသူတွေအပြင် CDM မှာ ပါဝင်သူတွေပါတိုးလာတယ်။ ဟိုဌာန ဒီဌာန စသည်ဖြင့် အသီးသီးပါဝင်လာကြတာအားတက်စရာကောင်း လှပါတယ်။ စစ်အာဏာရှင်ဖက်က ခြေလှမ်းနှေးတယ်ထင်ရပေမယ့် သူတို့အကြံအကြီးကြီးတစ်ခုခုကြံနေပြီဆိုတာ အားလုံးက...

Read moreDetails

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်။ (ဗုဒ္ဓဟူး)

စစ်အာဏာရှင်ရဲ့ အကွက်တွေအဖြစ်မြင်နေကြားနေရတဲ့အရာတစ်ခု နှစ်ခုကို ဒီနေ့တော့ မျက်ဝါး ထင်ထင်မြင်ခဲ့ရတယ်။ မနက် ၁၀ နာရီလောက်မှာ ကျွန်တော့်အိမ်ရှေ့က ကားတန်းကြီးဖြတ်သွားတာတွေ့ လိုက်ရတယ်။ ကား ၆ စီးလောက်ရှိမယ်။ ကားပေါ်မှာ လော်စပီကာတွေတပ်ထားပြီး လော်စပီကာမှာ “ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာပါစေ”...

Read moreDetails
Page 165 of 166 1 164 165 166

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist