ဆေးဝါးအကူအညီလိုအပ်တဲ့အိမ်တွေဆိုရင် အဖြူရောင်အလံကိုထောင်ထားကြတယ်။ စားစရာအကူအ ညီလိုအပ်တဲ့အိမ်ဆိုရင်တော့ အဝါရောင်အလံကိုထောင်ထားကြတယ်။ ဒီလိုအလံထောင်ထားတာလေး တွေတွေ့လာရင်တော့ စိတ်ထဲတစ်မျိုးခံစားကြရတယ်။ အဲဒီအလံအရောင်တွေကိုမြင်ပြီး လူငယ်တွေက သွားရောက်ကူညီကြမယ်။ ပြည်သူအချင်းချင်းဖေးမကြမယ်။ ဒီစစ်ခွေးတွေရဲ့ရန်ကို မြန်မြန်ကျော်လွှားနိုင် ဖို့အားလုံးက မျှော်လင့်နေကြတယ်။ လူမလေးခွေးမခန့်တဲ့ကောင်တွေက တိုင်းပြည်ကိုတက်ပြီးအုပ်ချုပ် ချင်တော့အခုလိုကမောက်ကမဖြစ်ရတော့တာပဲ။ သူတို့တွေဆင်းတာနဲ့ အရာအားလုံးပြန်လည်တည့်မတ် ဖို့အဆင်သင့်ပဲ။
သြဂုတ် ၁၁၊ ၂၀၂၅။ (တနင်္လာ)
ဗန်းမော်မြို့ကိုစစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ဖို့ရေကြောင်းကနေ အင်အားဖြည့်တင်းပြီးနောက်ပိုင်း ပြုလုပ်လာတဲ့တန်ပြန်ထိုးစစ်ကြောင့် KIAကသိမ်းပိုက်ထားတဲ့...