ရန်ကုန်မြို့မှာ လူသေဆုံးနှုန်း အရင်ကထက် ၁၀ ဆမြင့်တက်လာတယ်လို့ သတင်းတွေကဖော်ပြကြ တယ်။ ဟို အကုသိုလ်တွေက မသိချင်ယောင်ဆောင်ထားတယ်။ သတင်းအမှောင်ချထားတယ်။ လူငယ် ပရဟိတသမားတွေလည်း တတ်နိုင်သမျှဝင်ကူကြရတော့တယ်။ လူမှုစီးပွားရေးပြသနာ၊ နိုင်ငံရေးပြသနာ နဲ့ ရောဂါဆိုးပြသနာတွေကြားထဲမှာ လူတွေဟာ အလူးအလှိမ့်ခံစားနေကြရတဲ့အချိန်ပဲ။ ကျွန်တော်ကိုယ် တိုင်လည်း နေမကောင်းဘူး။ ဒီအချိန်မှာ နေမကောင်းရင် ကိုဗစ်ပဲလို့ အားလုံးက ယူဆထားကြတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကျော်ဖြတ်ကြဖို့ အချင်းချင်းအားပေးစကားပြောကြရတယ်။
သြဂုတ် ၁၁၊ ၂၀၂၅။ (တနင်္လာ)
ဗန်းမော်မြို့ကိုစစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ဖို့ရေကြောင်းကနေ အင်အားဖြည့်တင်းပြီးနောက်ပိုင်း ပြုလုပ်လာတဲ့တန်ပြန်ထိုးစစ်ကြောင့် KIAကသိမ်းပိုက်ထားတဲ့...