ရန်ကုန်မှာဟိုနေ့ကစစ်ကားဗုံးခွဲခံရတဲ့တာမွေမြို့နယ်မှာပဲဘဏ်ရှေ့မှာလုံခြုံရေးယူနေတဲ့ရဲတစ်ဉီးပစ်သတ်ခံလိုက်တယ်။ပစ်သွားတဲ့လူကိုလိုက်ဖမ်းပေမယ့်မမိလိုက်ဘူး။အဲ့ဒီနောက်တော့စစ်သူပုန်ရမ်းသမ်းပစ်ခတ်လို့လမ်းသွားလမ်းလာကားတစ်စီးကိုထိမှန်ပြီးအပစ်မဲ့ပြည်သူတစ်ယောက်သေဆုံးသွားတယ်။ အွန်လိုင်းပေါ်မှာလဲမနက်ဖြန်D DAYဆိုပြီးကောလဟာလသတင်းတွေပြန့်နေတယ်။ဒီအချိန်မှာမှ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကDDAYမကြာမှီလာမည်လို့တင်လိုက်တော့ပိုပြီးပွဲစည်ကုန်တာပေါ့။သူ့အနေနဲ့NUGကဝန်ကြီးတစ်ယောက်ဖြစ်ပြီးအချိန်ကိုက်ဒီလိုမပြောသင့်ဘူး။လူတွေကြားမှာဇဝေဇဝါတွေဖြစ်ကုန်တယ်။
Read moreDetailsကိုဗစ်တွေ့ရှိမှုနှုန်းကဒီနေ့မှာတစ်ထောင်ကျော်သွားခဲ့ပါပြီ။၁၃၂၅ယောက်ပါ။ရာခိုင်နှုန်းနဲ့တွက်ရင်၁၈ရာခိုင်နှုန်းလောက်ရှိပါတယ်။ပထမလှိုင်း၊ဒုတိယလှိုင်းကစလို့တစ်နေ့တာမှာအဲ့လောက်ရာခိုင်နှုန်းတစ်ခါမှမရောက်ဖူးပါဘူး။စံချိန်ချိုးသွားပါပြီ။ချင်းပြည်နယ်မှာဆိုတော်တော်ပြန့်နှံနေပါတယ်။အောက်ဆီဂျင်တွေတောင်မလောက်တော့ဘူးတဲ့။ ဒါပေမယ့်လဲစစ်ကောင်စီဟာအရေးမလုပ်ပါဘူး။ကျောင်းတွေလဲဆက်လက်ဖွင့်ထားဆဲပါ။လူကယ်ပြန်ဝန်ကြီးမကတော့ထုတ်ဆီးတိုးနေပါတယ်။စစ်ကောင်စီဟာကိုဗစ်ကိုလက်နက်တစ်ခုအသုံးချနေပါတယ်။
Read moreDetailsစစ်ကိုင်းတိုင်း၊ပုလဲမြို့လေးကိုစစ်ပုန်တွေဝင်သောင်းကျန်းသွားတယ်။အဲ့ဒီဘက်မှာမနေ့ကနဲ့တနေ့ကစစ်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရလို့အကောင်၄၀ကျော်သေကြတယ်လေ။အဲ့တော့မဲမဲမြင်ရာမြို့လေးထဲဝင်သောင်းကျန်းတယ်။ဘာမှမဆိုင်တဲ့NLDရုံးကိုဖျက်စီးသွားတယ်။လမ်းဘေးမှာအမှိုက်ကောက်တဲ့ကလေးနှစ်ယောက်ကိုလဲဗုံးထောင်တယ်ဆိုပြီးဖမ်းသွားသေးတယ်။နယ်မြေခံရဲတွေကအမှိုက်ကောက်တဲ့ကလေးတွေပါလို့ပြောတာတောင်မလွှတ်ပေးဘူးတဲ့။ ရန်ကုန်မှာလဲလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့လူငယ်တွေကိုဘာမှမလုပ်ပဲဖမ်းဆီးသွားပါတယ်။ချီးဉီးနှောက်တွေနဲ့တိရိစ္ဆာန်သာသာအလုပ်လုပ်နေကြတယ်။အိမ်ထဲမှာပဲနေနေ၊အပြင်ပဲသွားသွား၊ဘာလုပ်လုပ်မလုံခြုံတော့ပါဘူး။
Read moreDetailsဒီမနက်ကတည်းကစစ်ကောင်စီမှာမင်းအောင်လှိုင်နေရာကိုစိုးဝင်းကအာဏာပြန်သိမ်းသွားပြီဆိုပြီးအသံတွေထွက်နေတယ်။တကယ်တော့ဘာမှမဟုတ်ဘူး။သူတို့ဘက်ကဆိုက်ဝါးလွှင့်တာပဲနေမှာ။ ဒီနေ့နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးမယ်လို့လဲကြားပေးမယ့်ဘာမှဖြစ်မလာခဲ့ပါဘူး။ဒီရက်ပိုင်းတော့ဆိုက်ဝါးတွေအမျိုးမျိုးကြားနေရတယ်။တော်လှန်ရေးကိုအာရုံလွဲအောင်လုပ်နေကြတာပဲဖြစ်မယ်။
Read moreDetailsချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာတိုက်ပွဲတွေလောလောဆယ်ငြိမ်သွားပေမယ့်စစ်ကိုင်းတိုင်းအနောက်ခြမ်းမှာတော့PDFတွေနဲ့ဆက်ဖြစ်နေတယ်။ဒီနေ့လဲအဲ့ဒီဘက်မှာစစ်သူပုန်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခံရလို့သုံးဆယ်ကျော်သေသွားတယ်ကြားတယ်။ မင်းအောင်လှိုင်ကလဲရုရှားမှာအစည်းအဝေးတွေပြီးသွားပေမယ့်ခုထိပြန်မလာသေးဘူး။ပြန်မလာနိုင်သေးတဲ့အကြောင်းအရင်းကိုလူတွေကြားမှာသို့လောသို့လောဖြစ်နေကြတယ်။ပြန်မလာလေကောင်းလေပဲ။
Read moreDetailsနိုင်ငံကျော်အဆိုတော်ရေမွန်ဟာလွတ်မြောက်နယ်မြေမှာတော်လှန်ရေးအတွက်အလုပ်တွေလုပ်ရင်းဒီနေ့ရုတ်တရက်သေဆုံးသွားတယ်။တနိုင်ငံလုံးအံသြမှင်သက်ကြေကွဲရတဲ့နေ့တစ်နေ့ပေါ့။သူ့သီချင်းတွေဟာလူငယ်တွေကြားမှာရေပန်းစားလွန်းတယ်လေ။မင်းအောင်လှိုင်သာအာဏာမရူးခဲ့ရင်သူလိုလူမျိုးကိုဆုံးရှုံးစရာမရှိဘူး။ဒင်းအာဏာရူးလို့လူငယ်တယောက်ရဲ့အခွင့်အရေးတွေအဆုံးအရှုံးခံပြီးတောထဲတောင်ထဲမှာလူမသိသူမသိကျဆုံးသွားတဲ့ကလေးတွေဘယ်လောက်တောင်ရှိနေပြီလဲ။လူငယ်တွေရဲ့အနာဂတ်ပျောက်ဆုံးသွားတာဟာတိုင်းပြည်ရဲ့အနာဂတ်ပျောက်ဆုံးသွားတာနဲ့အတူတူပဲ။
Read moreDetailsတနိုင်ငံလုံးမှာစစ်သူပုန်တွေကိုပျောက်ကြားပစ်ခတ်မှုတွေဆက်ဖြစ်နေတယ်။စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်မှာဒေသခံတူမီးသေနတ်သမားတွေနဲ့စစ်သူပုန်တွေတိုက်ပွဲဖြစ်ပြီးစစ်တပ်ဖက်က၂၀ကျော်သေဆုံးသွားတယ်။ပဲခူးတိုင်း၊ညောင်လေးပင်မှာလဲPDFတွေရဲစခန်းကိုဝင်ပစ်သွားလို့တဲ့။မနေ့ကမန္တလေးဖြစ်ရပ်အတွက်လက်စားခြေတာလို့ပဲခူးPDFကကြေငြာချက်ထုတ်ပြန်တယ်။ညပိုင်းမှာလဲကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ကဗလမင်းထင်တံတားနားကစုပေါင်းရဲကင်းကိုKIAကလျက်တပျက်ဝင်တိုက်သွားသေးတယ်။တခြားနေရာတွေမှာလဲကြိုကြားတော်လှန်နေကြပြီ။
Read moreDetailsဒီမနက်အစောပိုင်းမန္တလေးမြို့ထဲမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။PDFအဖွဲ့တွေရှိတဲ့နေရာကိုစစ်သူပုန်တွေအနံ့ရပြီးဝင်စီးတာပါ။PDFအဖွဲ့တွေကအိမ်ထဲကပြန်ပစ်လို့မနက်၈နာရီကနေ၁၀နာရီလောက်ထိအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။PDFဖက်က၂ယောက်ကျပြီး၆ယောက်အဖမ်းခံလိုက်ရတယ်။စစ်သူပုန်တွေဖက်ကတော့ဒုဗိုလ်မှုးကြီးတစ်ဦးအပါအဝင်သုံးယောက်မြေသြဇာဖြစ်သွားတယ်။ဒါတောင်ဒီအချိန်ပိုင်းတိုက်ပွဲလေးကိုစစ်သူပုန်တွေဘက်ကတမြို့လုံးကစစ်ကူတွေခေါ်၊သံချပ်ကာကားတွေထုတ်ပြ၊RPGတွေနဲ့ထုပြီးတိုက်နေရတယ်။အိမ်ထဲမှာပုန်းနေတဲ့လူငယ်တွေလက်ထဲမှာလက်နက်တွေရှိမယ်လို့သူတို့ထင်မထားခဲ့ဘူး။ညနေပိုင်းမှာလဲတခြားPDFတဖွဲ့ကမြို့လည်ခေါင်မှာရှိတဲ့တိုင်းရဲစခန်းရုံးရှေ့ကိုလက်ပစ်ဗုံးပစ်သွင်းသွားလို့ရဲနှစ်ယောက်ထပ်သေသေးတယ်။ စစ်ကောင်စီဟာနိုင်ငံကိုတည်ငြိမ်အောင်ထိန်းနိုင်ဖို့အမျိုးမျိုးကြိုးစားနေပေမယ့်လဲတိုက်ပွဲတွေဟာမန္တလေးလို့မြို့ကြီးပြကြီးပေါ်တောင်ရောက်လာပါပြီ။
Read moreDetailsUNရဲ့ဆုံးဖြတ်ချက်ထွက်ပြီးပြီးချင်းပဲစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရုရှားကိုအစည်းအဝေးသွားတက်တယ်ကြားတယ်။သတင်းဓာတ်ပုံတွေအရတော့ဟိုမှာသူ့ကိုလူလိုသူလိုကြိုဆိုခြင်းမခံရဘူး။သူ့အနေနဲ့ကတော့နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့ရသလောက်ထွက်ပေါက်ရှာမှာပဲ။ ချင်းပြည်နယ်မင်းတပ်မှာCDFနဲ့စစ်ကောင်စီ၂ပတ်ကြာအပစ်အခတ်ရပ်စဲလိုက်တယ်။သို့ပေမယ့်လဲစစ်ကောင်စီကိုမယုံတဲ့အတွက်စစ်ဘေးရှောင်တွေကိုယ့်အိမ်ကိုယ်ပြန်မလာရဲသေးဘူး။စစ်ဘေးရှောင်တွေအတွက်နည်းနည်းတော့အသက်ရှူချောင်သွားတာပေါ့။
Read moreDetailsမနေ့ကကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာမြန်မာ့အရေးဆွေးနွေးမှုပြုလုပ်တယ်။စစ်ကောင်စီကိုလက်နက်ပိတ်ဆို့ရေးအပြင်တခြားအချက်တွေပါတဲ့သဘောတူညီချက်ကိုမဲခွဲဆုံးဖြတ်ပြီးအတည်ပြုလိုက်နိုင်ခဲ့တယ်။လက်နက်ပိတ်ဆို့ရေးဆိုတဲ့အချက်ပါဝင်လာတဲ့အတွက်အရင်ထုတ်ပြန်ချက်တွေနဲ့စာရင်တော့အနည်းငယ်ရှေ့ရောက်လာတဲ့အခြေအနေပဲ။ဒါပေမယ့်လုံခြုံရေးကောင်စီကဆုံးဖြတ်တာမဟုတ်တဲ့အတွက်မဖြစ်မနေလိုက်နာစရာတော့မလိုဘူး။မဲခွဲရာမှာသိသာတာတခုကတရုတ်နဲ့ရုရှားဟာအရင်လိုမကန့်ကွက်တော့ပဲကြားနေမဲပေးခဲ့တယ်။ဝမ်းနည်းစရာကောင်းတာကတော့ထောက်ခံမဲပေးနိုင်ငံတွေထဲမှာအိမ်နီးချင်းနိုင်ငံတွေတစ်ခုမှမပါခဲ့ဘူး။သူတို့ငါးနိုင်ငံစလုံးကြားနေခဲ့တယ်။အိမ်နီးချင်းကောင်းတနိုင်ငံမှမရှိတဲ့မြန်မာပြည်ဟာသနားစရာတော်တော်ကောင်းပါတယ်။ထိုင်းနိုင်ငံဆိုရင်တိုင်းရင်းသားလက်နက်ကိုင်တွေကိုအာဏာသိမ်းလိုက်ကတည်းကပျက်ပြယ်သွားပြီဖြစ်တဲ့NCAစာချုပ်ကိုလိုက်နာစေချင်တယ်လို့ထုတ်ပြောခဲ့တယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.