ဒဂုံမြို့သစ်မြောက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်တယ်။ ရန်ကုန်မြို့အခြားနေ ရာအချို့မှာလည်း ဒလန်တွေ သေနတ်နဲ့ပစ်ခံရတာတို့ဖြစ်တယ်။ ငြိမ်သက်မနေတာကောင်းတယ်။ ဒီခွေး တွေကို တတ်နိုင်သမျှတိုက်ထုတ်ပစ်မှရမယ်။ ကိုဗစ်ဖြစ်ပွားမှုနှုန်းကလည်းလျော့ကျသွားတာမရှိသေးဘူး။ နောက်တစ်ပတ်လောက်မှာတော့ တတိယလှိုင်းယုတ်လျော့သွားမယ်လို့အားလုံးက မျှော်လင့်ထားကြ တယ်။ ကိုဗစ်ကင်းဝေးဖို့ဆုတောင်းသလို မအလ မြန်မြန်ကျရှုံးပါစေလို့လည်းဆုတောင်းနေကြရတယ်။ မ အလဖက်ကလည်း ခြေလှမ်းတွေခပ်စိပ်စိပ်လှုပ်ရှားနေလေရဲ့။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...