မင်းကင်းမြို့ဝန်းကျင်မှာ ပီဒီအက်ဖ်အဖွဲ့ဝင် ၅၇ ယောက်အဖမ်းခံလိုက်ရတဲ့သတင်းက တော်တော်လေးစိတ်မ ကောင်းစရာပဲ။ မအလ အုပ်စုအတွက် ပြည်သူတွေပေးဆပ်ခဲ့ရတာအရမ်းတွေများပြားနေပြီ။ ဆုံးရှုံးလိုက်ရတဲ့ အသက်ပေါင်းလည်းမနည်းတော့ဘူး။ သူတို့ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ ထောင်ထဲထည့်ထားတဲ့သူတွေအများ ကြီး။ ဒါ့အပြင် သူတို့ရဲ့စီမံခန့်ခွဲမှုမတတ်လို့ အောက်ဆီဂျင်ပြတ်ပြီးသေဆုံးသွားကြရတဲ့လူပေါင်းလည်းမနည်းဘူး။ အန္တရယ်ပေါင်းစုံကြားမှာ ရှင်သန်နေရတာ ခက်ခဲလိုက်တာ။
ဒီဇင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)
ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက...