ဒီနေ့လူပြောများတာက စစ်ကောင်စီကို ရုရှားက ဒုံးလက်နက်များပေးပို့မယ့်ကိစ္စပါ။ အဲဒီလက်နက် တွေသာရလာခဲ့ရင်စစ်တပ်ကဘယ်လောက်ထိဆက်ပြီး ဇောင်းကြွဦးမလဲမြင်ယောင်သေးတယ်။ အဲဒီ လက်နက်ရဲ့အားနည်းချက်၊ အားသာချက်တွေအကြောင်းကို ဆိုရှယ်မီဒီယာမှာမျှဝေခဲ့ကြတယ်။ ပြီးတော့ ဇော်မဲလုံးတို့လုပ်တဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကိုလည်း ပြောနေကြသေးတယ်။ ကောင်းကြောင်းတော့မဟုတ်ပါဘူး။ ဇော်မဲလုံးကဘယ်လိုကလိမ်ကကျစ်လိမ်ညာနေမလဲဆိုတာကို ဟာသသဘောနဲ့ပြောကြတာပါ။ ပြည်သူတွေအနေနဲ့ အခုချိန်မှာ စိတ်ပျော်ရွှင်စရာဆိုလို့...
Read moreDetailsကျွန်တော်နေတဲ့ရပ်ကွက်မှာပဲ ညတုန်းက ဧည့်စာရင်းလာစစ်တယ်။ ကျွန်တော်ကတော့ အိပ်ပျော် နေတော့ ထမကြည့်မိဘူး။ အိမ်ကိုလည်းလာမစစ်သွားပါဘူး။ ဒါပေမဲ့ ဒီနေ့တော့ ဧည့်စာရင်း တိုင်ဖို့ ပြင်ကြရတယ်။ ဘယ်လောက်များဒေါသထွက်စရာကောင်းလိုက်ပါသလဲ။ ကိုယ့်အိမ်မှာကိုယ်နေ တာပဲ။ ဧည့်စာရင်းမတိုင်ထားရင်ဖမ်းမယ်တဲ့။ သူတို့ဖမ်းချင်ရင်ဘယ်အရာဖြစ်ဖြစ်ဖမ်း ဆီးနှိပ်စက်နေ ကျပဲကို။...
Read moreDetailsအခုရက်ပိုင်း ရန်ကုန်မှာလည်း စစ်ကောင်စီအဖွဲ့တွေသောင်းကျန်းနေတယ်။ စစ်ခွေးတွေဟာ ညဖက် ကင်းလှည့်ပြီးပြည်သူတွေကို မထင်ရင်မထင်သလိုလိုက်လံဖမ်းဆီးနှိပ်စက်နေတယ်။ ဧည့်စာရင်းစစ် တယ်လို့အကြောင်းပြပြီး ပီဒီအက်ဖ်အဖွဲ့ဝင်တွေကိုလိုက်ရှာနေတယ်။ လူငယ်တွေတွေ့ရင် ရိုက်နှက် ကန်ကျောက်သွားတယ်။ တစ်ချို့ကိုဖမ်းခေါ်သွားတယ်။ ဧည့်စာရင်းတဲ့။ ကိုယ့်အိမ်မှာကိုယ်နေပြီး ဧည့်စာရင်းတိုင်ရတာမြန်မာတစ်နိုင်ငံပဲရှိမယ်။ မြန်မာနိုင်ငံမှာတောင်မှာ အဲဒီစစ်ခွေးတွေနဲ့ တွေ့တော့...
Read moreDetailsပီဒီအက်ဖ်တွေရဲ့ခြေလှမ်းက တဖြည်းဖြည်းသွက်လာတယ်လို့ဆိုရမယ်။ ဒါပေမဲ့ သူတို့မှာလည်း လက်နက်အင်အားမရှိသေးတော့ တော်တော်လေးရုန်းကန်နေရတယ်။ စစ်ကောင်စီရဲ့တစ်ချို့စခန်း တွေကို ပီဒီအက်ဖ်အဖွဲ့တွေက အသာစီးတိုက်ခိုက်နိုင်တယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ပီဒီအက်ဖ်အဖွဲ့ဝင်လူငယ်တွေကို လိုက်လံဖမ်းဆီးနေတုန်းပဲ။ ရပ်ကွက်တွေထဲမှာလည်း မထင်ရင် မထင်သလိုသောင်းကျန်းနေတုန်းပဲ။ အာဏာရှင်စနစ်အမြစ်တွယ်နေသရွေ ကျွန်တော်တို့ပြည်သူလူ ထုရဲ့အခြေအနေက...
Read moreDetailsစစ်တပ်ရဲ့ခြေလှမ်းတွေက ပိုပြီးအရှိန်ပြင်းလာတယ်ဆိုတာ သိသာလာတယ်။ ကေအမ်ယူနယ်မြေ အများစုကို စစ်တပ်က ထိုးစစ်ဆင်နေသလို နယ်မြို့အချို့တွေကို ဝင်ရောက်ပစ်ခတ်နေတယ်။ သူတို့အတွက်က ဒီအလုပ်ပဲလုပ်တတ်တော့တယ်။ သူတို့ဆီမှာလက်နက်ရှိတယ်ဆိုပြီး ထင်တိုင်းကြဲ နေတယ်။ စစ်ခွေးတွေရဲ့ ရက်စက်မှုအောက်မှာ ပြည်သူတွေက အလူးအလဲခံနေရတုန်း ပဲလို့ဆိုနိုင် တယ်။...
Read moreDetailsနယ်မြို့အချို့မှာ စစ်ကောင်စီတပ်တွေသောင်းကျန်းနေတယ်။ ဥပမာအားဖြင့် ရေစကြိုနဲ့မြောင်မြို့ နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကို စစ်တပ်ကဝင်ရောက်မွှေနှောက်နေတယ်။ တော်တော် လေးစိတ် ပျက်စရာကောင်းတယ်။ အပြစ်မဲ့တဲ့ပြည်သူတွေကိုနှိပ်စက်ဖမ်းဆီးနေတယ်။ ခင်ဦးမြို့မှာလည်း ဈေးရောင်းရာကနေပြန်လာတဲ့ဇနီးမောင်နှံကိုစစ်တပ်က ပစ်သတ်လိုက်တယ်။ သူတို့ရဲ့ဦးတည်ချက် က ပြည်သူတွေကို နှိပ်စက်စော်ကားဖို့ပဲဖြစ်တယ်။ ပြည်သူတွေအနေနဲ့ ခံရခက်လှပြီ။ ဘာဆက်လုပ်ရ...
Read moreDetailsမြောင်အခြေစိုက် ပီဒီအက်ဖ်စခန်းကိုစစ်ကောင်စီတပ်ကဝိုင်းထားလို့ အလျင်အမြန်ဆုတ်ခွာနေကြရ တယ်လို့သတင်းကြားတယ်။ ပြီးတော့ ကချင်ပြည်နယ်ဟာ အင်တာနက်ဖြတ်ခံထားရတယ်။ စစ်ကောင်စီက ကချင်ပြည်နယ်ကို အင်တာနက်ဖြတ်တောက်ဖို့ညွှန်ကြားတာလို့ပြောတယ်။ သိပ်မကြာပါဘူး။ တစ်တိုင်းပြည်လုံးကိုလည်း သူတို့အင်တာနက်ဖြတ်တောက်လာနိုင်တယ်။ မီးဖြတ် ရေဖြတ်တာမျိုးတွေလည်းလုပ်လာနိုင်တယ်။ သူတို့က စောက်ကျင့်တစ်စက်ကလေးမှကောင်းတာ မဟုတ်ဘူးလေ။ သူတို့နဲ့နေခဲ့သမျှကာ လပတ်လုံး...
Read moreDetailsဒါကြောင့် ဒီကောင်တွေ မျိုးပြုတ်ရင်လည်းပြတ်ပါစေတော့။ အေအေကိုလည်း ဒီအချိန်မှာတော့အားကိုးရမှာပဲ။ စစ်ခွေးတွေမျိုးပြုတ်ဖို့ပဲအရေးကြီးတယ်။ အခုချိန်မှာ ရည်ရွယ်ချက်က တစ်ခုပဲရှိတယ်။ စစ်ကောင်စီ မျိုးပြုတ်ဖို့ပဲ။ ကျန်တဲ့တိုင်းရင်းသားအရေး၊ ဖယ်ဒရယ်ခွဲထွက်ရေးအရေးတွေကို လည်းရင် ဆိုင်ရမှာပဲ။ ဒါတွေက စစ်ခွေးတွေမျိုးပြုတ်မှ တစ်ဆင့်ချင်းလုပ် သွားလို့ရတယ်။ ဒါကြောင့်...
Read moreDetails5 Million Raffle Ticket Challenge အတွက် ပါဝင်ကြဖို့ အချင်းချင်းလှုံ့ဆော်ကြတယ်။ မဝယ်တတ်တဲ့သူတွေအတွက်ဝယ်ပေးတဲ့သူတွေလည်းရှိကြတယ်။ ဒီလောက်ထိတက်ကြွနေကြတာ တောင်ကျွန်တော်တို့ရဲ့တော်လှန်ရေးက ဘာလို့မအောင်မြင်ရမှာလဲ။ မအလနဲ့အပေါင်းပါတစ်စုကို နိုင်ကိုနိုင်ရမယ်။ ဂန့်ဂေါနှမ်းခါးကျေးရွာမှာ စစ်ကောင်စီတပ်တွေဝင်ပြီး အသက် ၇၂ နှစ်အရွယ် အဖိုးအို...
Read moreDetailsခြောက်လကျော်အတွင်းမှာ စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၁၀၀၆ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကထုတ်ပြန်ခဲ့တယ်။ ဒါက သူတို့မှတ်တမ်းတင်ထားတဲ့အရေအတွက်ပဲဖြစ်ပြီး တကယ်တမ်းမှတ်တမ်းမတင်နိုင်တဲ့ အရေအတွက် တွေအများကြီးရှိနေတယ်ဆိုတာ ပြည်သူအားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။ သူတို့ရဲ့ရက်စက်မှုတွေကို ဘယ်လိုနည်းနဲ့ပဲတုန့် ပြန်တုန့်ပြန် မကျေနပ်နိုင်ပါဘူး။ တန့်ဆည်၊ မန္တလေးအပါအဝင်...
Read moreDetailsYou can copy without credits to our site. We Need Freedom.