ပြီးတဲ့လကုန်ပိုင်းကထိုးတက်ခဲ့တဲ့ဒေါ်လာစျေးနဲ့ရွှေစျေးဟာစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ရဲ့ဆေးမှီးတိုကုစားမှုတွေကြောင့်မတက်ခင်အခြေအနေကိုတော့ပြန်ရောက်လာပြီ။ဒေါ်လာစျေးကနှစ်ထောင်ဝန်းကျင်၊ရွှေစျေးက၁၉သိန်းဝန်းကျင်ပေါ့။ဒါပေမယ့်ပြန်မကျတော့တာကစက်သုံးဆီစျေးနှုန်းနဲ့ကုန်စျေးနှုန်းတွေပဲ။အဲ့ဒါတွေကပြည်သူလူထုကိုတိုက်ခိုက်ထိခိုက်နေတာဆိုတော့လူတိုင်းဟာကြပ်တည်းနေကြတယ်။
ဒေါ်လာစျေးပြန်ကျနေတာလဲခဏပဲဖြစ်လိမ့်မယ်။အဓိကအကြောင်းရင်းဖြစ်တဲ့ပို့ကုန်နဲ့ကုန်သွယ်ရေးကိုတိုးတက်အောင်မလုပ်ဆောင်နိုင်သ၍တချိန်ချိန်မှာပြန်တက်လာမှာပဲ။စစ်ဖြစ်ခါနီးအခြေအနေမှာထိုအရာတွေကိုတိုးတက်အောင်လုပ်ဖို့ဆိုတာလဲဘယ်လိုမှမဖြစ်နိုင်ပါ။အခုဆိုတရုတ်ဘက်လဲနယ်စပ်ဂိတ်တွေအကုန်ပိတ်လိုက်ပြီဆိုတော့ကုန်သည်တွေ၊တောင်သူတွေ၊ကားသမားတွေဒုက္ခရောက်ကြလိမ့်ဦးမယ်။