ခန့်အပ်ခံထားပြီးကတည်းကပျောက်ချင်းမလှပျောက်နေတဲ့အာဆီယံကိုယ်စားလှယ်ကဒီနေ့ထယောင်တယ်။စစ်ကောင်စီကသူ့ကိုဒေါ်အောင်ဆန်းစုကြည်နဲ့ပေးမတွေ့စိတ်ပျက်နေတယ်တဲ့။ဒေါ်အောင်ဆန်းစုကြည့်နဲ့တွေ့ခွင့်ရဖို့အရေးတောင်မာမာထန်ထန်မပြောနိုင်တဲ့အာဆီယံပါ။
တဖက်မှာလဲဒေါ်အောင်ဆန်းစုကြည်ဟာစစ်ကောင်စီမတရားအမှုဆင်ထားတဲ့အမှုအနည်းဆုံးငါးခုလောက်ကိုရင်ဆိုင်ဖြေရှင်းနေရတယ်။ဦးဖြိုးမင်းသိန်းပါသူမအမှုထဲစွဲထည့်ခံနေရတယ်။သူမကိုဘယ်မှာဖမ်းဆီးထားမှန်းလဲသေချာမသိဘူး။
မင်းအောင်လှိုင်ဟာဒေါ်အောင်ဆန်းစုကြည်အပေါ်သူ့ဆရာသန်းရွှေထပ်ကိုအငြိုးကြီးစွာထားနေပုံရတယ်။ဆင်ထားတဲ့အမှုတွေအရဒေါ်အောင်ဆန်းစုကြည်ဟာသူမရဲ့ကျန်တဲ့လူ့သက်တမ်းကိုထောင်ထဲကုန်ဆုံးသွားမှာဖြစ်တယ်။သူမအတွက်ဘယ်လိုမှမတရားဘူး။ဒါကြောင့်တော်လှန်ရေးဟာမြန်မြန်အောင်မြင်မှသူမလွှတ်မြောက်နိုင်လိမ့်မယ်။