အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၂၂၊ ၂၀၂၄။ (သောကြာ)

တရုတ်လုံခြုံရေးအမည်ခံလက်နက်ကိုင်တပ်တွေ မြန်မာပြည်ထဲဝင်လာမယ့်အရေးက ပေါ့သေးသေးတော့မဟုတ်ပါဘူး။မင်းအောင်လှိုင်ကတော့ တရုတ်တပ်တွေဖြစ်စေ၊ရုရှားတပ်တွေဖြစ်စေ ဘယ်သူပဲဝင်လာလာကြည်ကြည်ဖြူဖြူလက်ခံမှာပဲ။သူ့အတွက်က တစ်ချက်ခုတ်သုံးချက်လောက်ပြတ်နေတယ်လေ။တရုတ်အကျိုးစီးပွားလုပ်ငန်းကြီးတွေကို သူကာကွယ်ပေးစရာမလိုတော့ဘူး။ဒါ့အပြင်တော်လှန်ရေးတပ်တွေကို တရုတ်နဲ့ကောင်းကောင်းရန်တိုက်ပေးလို့ရသွားမယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကြည့်မယ်ဆိုရင်တော့ ဒီအရေးဟာအတော်ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ရမယ့် ကိစ္စတစ်ခုဖြစ်လာမယ်။တရုတ်နဲ့ထိပ်တိုက်တွေ့လို့မရသလို ရှောင်ပေးပြန်ရင်လဲတရုတ်ကဝါးမြိုသွားမှာစိုးရိမ်ရပါတယ်။မင်းအောင်လှိိုင်အတွက်ကတော့ အာဏာကိုလက်မလွတ်ရရေး အရေးကြီးဆုံးဖြစ်တဲ့အတွက်နိုင်ငံဘာပဲဖြစ်နေပါစေ သူ့အတွက်အနေသာကြီးပါပဲ။တော်လှန်ရေးဟာ ဘေးကျပ်နံကျပ်အခြေအနေတွေတစ်ခုပြီးတစ်ခု ရင်ဆိုင်နေရပါတယ်။

Read moreDetails

နိုဝင်ဘာ ၂၁၊ ၂၀၂၄။ (ကြာသပတေး)

နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာရပ်တည်နေတဲ့ ရှမ်းမြောက်ကMNDAAနဲ့TNLAအဖွဲ့တွေကို ဖိအားပေးခြင်း၊စစ်ကောင်စီဘက်ကပြတ်ပြတ်သားသားရပ်တည်ကြောင်း ပြသလိုက်ခြင်း၊တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ပစ်ခြင်း၊MNDAAအဖွဲ့ခေါင်းဆောင်ကိုအကျယ်ချုပ်သဘောမျိုး ဖမ်းထားခြင်းစသဖြင့်နည်းမျိုးစုံနဲ့တော်လှန်ရေးကို နှောက်ယှက်နေတဲ့တရုတ်နိုင်ငံဟာ အခုတော့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ မြန်မာပြည်သူတရပ်လုံးကိုစော်ကားတဲ့လုပ်ရပ်တစ်ခု ထပ်မံကျူးလွန်တော့မှာပါ။ တရုတ်ဟာအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပေါင်းပြီးမြန်မာပြည်ထဲက သူတို့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ဆိုပြီး တရုတ်စစ်သားတွေကိုလုံခြုံရေးအဖွဲ့အမည်ခံပြီးစေလွတ်ဖို့ သဘောတူညီချက်ရထားတယ်။ဒီလဆန်း​ပိုင်းကမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုအစည်းအဝေးသွားတက်ခွင့်ရခဲ့တာ အားလုံးအသိပါ။ထိုအချိန်အတွင်းတရုတ်အာဏာပိုင်တွေနဲ့တွေ့ဆုံပြီး တရုတ်ကကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် မြန်မာပြည်ထဲကတရုတ်အကျိုးစီးပွားတွေကို...

Read moreDetails

နိုဝင်ဘာ ၂၀၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

ကချင်ပြည်နယ်၊KIAထိန်းချုပ်နယ်​​​မြေအတွင်းကျန်ရှိနေတဲ့ တစ်ခုတည်းသောနယ်စပ်ကုန်သွယ်ရေးစခန်းမြို့​ဖြစ်တဲ့ ကန်တည်ပိုက်မြို့ကိုKIAကဒီနေ့မှာပဲအပြီးသတ် သိမ်းပိုက်လိုက်ပါ​တယ်။မနက်အစောပိုင်းကမြို့ကိုစတင်ဝင်ရောက်တိုက်ခိုက်ပြီးနောက် ညနေစောင်းမှာရရှိခဲ့တာဖြစ်ပါတယ်။ထိုမြို့ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ တရုတ်နိုင်ငံဘက်ထွက်​ပြေးသွားကြတယ်။ထိုမြို့ကိုKIAအနေနဲ့အရင်ကတည်းက အလွယ်တကူသိမ်းပိုက်လို့ရပေမယ့်တရုတ်က မသိမ်းဖို့ဖိအားပေးနေတာကြောင့်ကြန့်ကြာနေတာပါ။အခုလဲတရုတ်ဖိအားတွေကြားကပဲ ကန်တည်ပိုက်မြို့ကိုသိမ်းပိုက်ပြီးKIAအနေနဲ့ တရုတ်ဖိအားတွေကို ဂရုမစိုက်ကြောင်းပြသလိုက်တာပါပဲ။ ​ထိုမြို့ဟာတော်လှန်ရေးအင်အားစုတွေသိမ်းပိုက်နိုင်တဲ့ ၈၈ခုမြောက်မြို့ဖြစ်လာတယ်။ရှမ်းမြောက်မှာတိုက်ပွဲတွေအောက်တိုဘာလဆန်းကတည်းက အရှိန်သေးသွားပြီးနောက်ပိုင်းမြို့တွေကို KIAကပဲတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်နေတာပါ။​ဒါ့အပြင်ဒီလထဲမှာလဲရခိုင်ပြည်နယ်က အမ်း၊တောင်ဂုတ်နဲ့မောင်တောမြို့တွေထဲက တစ်မြို့လောက်လွတ်မြောက်လာဖို့မျှော်လင့်ရတယ်။

Read moreDetails

နိုဝင်ဘာ ၁၉၊ ၂၀၂၄။ (အင်္ဂါ)​

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာတော်လှန်ရေးတပ်တွေ ပြန်ဆုတ်သွားပေမယ့်စစ်ကောင်စီဘက်က ဆက်လက်ယုတ်မာသောင်းကျန်းနေဆဲပါ။ပုလဲမြို့နယ်ထဲလေကြောင်းကနေ ရဟတ်ယာဥ်နဲ့စစ်ကူလာချပေးတဲ့အဖွဲ့ဟာဘုတလင်မြို့နယ်ထဲမှာ ခေါင်းဖြတ်လူသတ်မီးရှို့ခဲ့တဲ့ဘီလူးစစ်ကြောင်းဖြစ်ပါတယ်။ထိုစစ်ကြောင်းဟာရောက်ရောက်ချင်းပဲ မြို့မြောက်ပိုင်းရှိအလယ်ဘုံရွာကို မီးရှို့​ဖျက်စီးခဲ့တယ်။ပြီးနောက်မြို့အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံသောင်းနဲ့ချီပြီးထွက်ပြေးနေရတယ်။ နောက်ရက်တွေမှာတော့စစ်သူပုန်တွေဟာ ပုလဲမြို့ပေါ်ကပြည်သူတွေရဲ့အိမ်တွေကို တအိမ်ဆင်းတအိမ်တက်ဓာတ်ဆီလောင်းပြီး မီးရှို့ဖျက်စီးနေပါတယ်။မြို့ပေါ်ကအိမ်တွေအတော်များများလဲ ပျက်စီးသွားပါပြီ။စစ်သူပုန်တွေဟာ သူတို့ကိုတော်လှန်တိုက်ခိုက်နေတဲ့ဒေသတိုင်းကို အရင်လိုပဲမြေလှန်စနစ်နဲ့ဖျက်စီးနေတာပါ။ တကယ်တော့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ မိုင်၃၀ခန့်သာဝေးတဲ့ ပုလဲမြို့လိုဒေသမှာမြို့သိမ်းတိုက်ပွဲတွေမဆင်နွဲသင့်သေးကြောင်း မကြာခဏပြောခဲ့ပါတယ်။သိမ်းနိုင်လဲထိန်းနိုင်ဖို့မသေချာလို့ပါ။ထိုဒေသတွေကိုတိုက်ခိုက်သိမ်းပိုက်မယ့်...

Read moreDetails

နိုဝင်ဘာ ၁၈၊ ၂၀၂၄။ (တနင်္လာ)​

နွေဦးတော်လှန်ရေးကတော့ စစ်ကောင်စီကိုလောက်ပဲမဟုတ်ပဲ တရုတ်ကိုပါ ရင်ဆိုင်နေရပါပြီ။ MNDAA ခေါင်းဆောင် ဖုန်းတာရွှင်ကိုပါ အကျယ်ချုပ် ဖမ်းထားပြီး လားရှိုးကို ပြန်ပေးဖို့အတွက် အကြပ်ကိုင်နေတယ်ဆိုတာ အတော်လေး မိုက်ရိုင်းလွန်းတယ်။ တိုင်းရင်းသားတော်လှန်ရေးတပ်တွေအတွက် တကယ့်ကို ကျဥ်းထဲကြပ်ထဲအချိန်ကာလ ရောက်နေပြီဖြစ်တယ်။ တရုတ်ဟာလည်း စစ်ကောင်စီလိုပဲ...

Read moreDetails

နိုဝင်ဘာ ၁၇၊ ၂၀၂၄။ (တနင်္ဂနွေ)​

MNDAAအဖွဲ့ခေါင်းဆောင်ဖုန်တာရွှင်ကို တရုတ်ဘက်ကဖမ်းဆီးထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။သူဟာပြီးခဲ့တဲ့လကုန်ပိုင်းက တရုတ်နိုင်ငံမှာတရုတ်အထူးကိုယ်စားလှယ်နဲ့ သွားရောက်တွေ့ဆုံပြီးနောက်ပိုင်းကိုးကန့်ဘက်ကို ပြန်မရောက်လာတော့ပါဘူး။ကိုးကန့်တပ်တွေကိုအတင်းအကြပ်ဖိအားပေးနေ​တဲ့ တရုတ်ဟာ ကိုးကန့်တပ်ခေါင်းဆောင်ကိုဖမ်းဆီးထားပြီး လားရှိုးကိုစစ်ကောင်စီကိုပြန်ပေးဖို့ အကြပ်ကိုင်နေပါတယ်။ကိုးကန့်တပ်တွေဘက်ကတော့ ဘယ်လိုအ​ခြေအနေမျိုးဖြစ်စေလားရှိုးက ဆုတ်ခွာမပေးဘူးလို့ပြောထားတယ်။ဒါပေမယ့်လဲ သူတို့ခေါင်းဆောင်အသက်အန္တရာယ်ရှိနိုင်တာကြောင့် လားရှိုးကဆုတ်ခွာသွားတာမျိုးလဲဖြစ်နိုင်ပါတယ်။လားရှိုးက MNDAAတို့ဆုတ်ပေးလိုက်ရင် ပြင်ဦးလွင်လားရှိုးလမ်းပေါ်ကTLNAသိမ်းပိုက်ထားတဲ့ နောင်ချို၊ကျောက်မဲ၊သီပေါမြို့တို့ကိုTLNAကပါဆုတ်ပေးရမှာပါ။အခြေအနေတွေက ထင်သလောက်မလွယ်ပါဘူး။ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ​တော့ စောင့်ကြည့်ရမှာပဲ။

Read moreDetails

နိုဝင်ဘာ ၁၆၊ ၂၀၂၄။ (စနေ)​

ချင်းပြည်နယ်မင်းတပ်နဲ့ဖလမ်းမြို့မှာတော့ တိုက်ပွဲတွေဆက်လက်ပြင်းထန်ဆဲပါ။ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ရဲ့ခြောက်ဆယ်ရာခိုင်နှုန်းအထိထိန်းချုပ်နိုင်ပြီးလို့သိရတယ်။စစ်ကောင်စီကတော့ မြို့ပေါ်ကအိမ်တွေကိုမီးလိုက်ရှို့နေပါတယ်။ ရခိုင်ပပြည်နယ်အမ်းမြို့မှာလဲ AAတပ်တော်ကစစ်ကူလာပို့တဲ့စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့တယ်။ထိုရဟတ်ယာဥ်ဟာပျက်ကျမသွားပေမယ့် မကွေးတိုင်းထဲကတစ်နေရာမှာအရေးပေါ်ဆင်းသက်ခဲ့ရတယ်။အမ်းမြို့ထဲမှာတော့စစ်ဌာနချုပ်ကို အဓိကထောက်ပို့ပေးနေတဲ့တပ်ကို အေအေကသိမ်းလိုက်နိုင်ပါပြီ။အခြားဒေသတွေမှာတော့ တိုက်ပွဲတွေငြိမ်သက်သလောက်ဖြစ်နေပါတယ်။

Read moreDetails

နိုဝင်ဘာ ၁၅၊ ၂၀၂၄။ (သောကြာ)​

ပြီးခဲ့တဲ့လေးရက်ကတည်းကဖြစ်ပွားနေတဲ့ ပုလဲမြို့တိုက်ပွဲဟာမြို့ကိုရလုခင်မှာပဲ စစ်ကောင်စီဘက်ကတပ်ကူတွေရောက်လာလို့ဗိုလ်နဂါးဦးဆောင်တဲ့BRNAတပ်တွေပြန်ဆုတ်ပေးခဲ့ရတယ်။ဗိုလ်နဂါးရဲ့တပ်တွေဟာ​မြို့ပေါ်မှာ စစ်သူပုန်တွေတပ်စွဲထားတဲ့နေရာအတော်များများကို ရှင်းလင်းပြီးပါပြီ။ကျန်နေတဲ့စစ်သူပုန်အကြွင်းအကျန်တွေကို လိုက်လံရှင်းလင်းနေစဥ်မှာပဲစစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့တပ်ကူတွေချပေးခဲ့​တယ်။ဒီတိုက်ပွဲရက်တွေထဲမှာ စစ်ကောင်စီဘက်ကနေ့တိုင်းလေကြောင်းကနေခုခံခဲ့ပါတယ်။မြေပြင်ကစစ်ကူပေးနိုင်တဲ့လမ်းကြောင်းတွေကိုလဲ တော်လှန်ရေးအဖွဲ့တွေကဖြတ်တောက်ထားတဲ့အတွက် စစ်ကူတွေလေကြောင်းကချပေးလာတာပါ။အင်အားတစ်ရာကျော်စစ်ကူရောက်လာပြီးနောက် တော်လှန်ရေးအဖွဲ့တွေမြို့ပေါ်ကပြန်လည်ဆုတ်ခွာခဲ့ရတယ်။

Read moreDetails

နိုဝင်ဘာ ၁၄၊ ၂၀၂၄။ (ကြာသပတေး)​

မနေ့ညပိုင်းက မိုးကုတ်မြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်အပြီး ဒီနေ့မှာလဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်နေရာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ဖက်ရည်ဆိုင်ထိုင်နေသူများ၊ ခရီးသည်ကားများ ဗုံးထိမှန်ခဲ့ပြီး ပြည်သူ ၂၀ခန့်ထပ်မံသေဆုံးခဲ့ရတယ်။ သေဆုံးသူများတွင် ခရီးဝေးဧည့်သည်အများစုပါဝင်နေတယ်။ ဗုံးကလက်ဖက်ရည်ဆိုင်ပေါ်တည့်တည့်ကျတာဖြစ်ပြီး ဆိုင်နေရာဟာတွင်းကြီးဖြစ်သွားပြီး မြေကွက်လပ်ပဲကျန်တော့တယ်။ ဒဏ်ရာရတာတွေများတယ်။...

Read moreDetails

နိုဝင်ဘာ ၁၃၊ ၂၀၂၄။ (ဗုဒ္ဓဟူး)​

TNLA သိမ်းထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက  မနေ့ ညအချိန် လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ပြည်သူ ၁၅ဦးသေဆုံးပြီး လူနေအိမ်၁၀လုံးထက်မနည်းပျက်စီးသွားပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်း လူနေရပ်ကွက်တွေကို မနေ့က  ည၁၁နာရီခွဲဝန်းကျင် ဗုံးကြဲသွားတာပါ။ ဒဏ်ရာရရှိသူတွေလည်းရှိနေပြီး အရေအတွက်အတိအကျမသိရသေးပါဘူး။ ဒီမနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့...

Read moreDetails
Page 15 of 159 1 14 15 16 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist