အာဏာသိမ်း ဒိုင်ယာရီ

သြဂုတ် ၀၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

နောင်ချိုနဲ့သပိတ်ကျင်းကိုသိမ်းထားတဲ့ စစ်တပ်ဟာမိုးကုတ်မြို့ဘက်ကိုဆက်လက်ပြီး ထိုးစစ်ဆင်လာပါတယ်။မိုးကုတ်မြို့ဟာနာမည်ကျော်ရတနာတွေထွက်ရှိတာကြောင့် ထိုမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေး အားစိုက်မယ့်ပုံပဲ။လမ်းမှာထိရောက်ခုခံမှုတွေမရှိတဲ့အတွက် စစ်တပ်စစ်ကြောင်းဟာ လွယ်လွယ်ကူကူပဲ ရှေ့တိုးလာနေတယ်။မိုးကုတ်မြို့ကိုNUGလက်အောက်ခံတပ်တွေနဲ့ TLNAတို့ပူးပေါင်းထိန်းချုပ်ထားတာဖြစ်တယ်။ဒါပေမယ့် ထိုမြို့ကရရှိတဲ့သယံဇာတတွေကို TLNAကသာလက်ဝါးကြီးအုပ်ထားတယ်လို့ သတင်းတွေထွက်နေတယ်။မြို့သိမ်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့တဲ့ ဒေသခံကာကွယ်တပ်ဖွဲ့တစ်ခု တော်လှန်ရေးအတွက် အလှူခံကန်ပိန်းတွေလုပ်နေရတာ ထိုသတင်းတွေကိုအတည်ပြုပေးနေသလိုပဲ။​တော်လှန်ရေးအင်အားစုတွေမညီညွတ်ပဲ အချင်းချင်းခေါင်းပုံဖြတ်နေကြရင်တော့ မိုးကုတ်မြို့ဟာလဲ စစ်ကော်မရှင်လက်ထဲ ပြန်ရောက်သွားမှာပဲ။

Read moreDetails

သြဂုတ် ၀၅၊ ၂၀၂၅။ (အင်္ဂါ)

၂၀၂၅ ဩဂုတ် ၈ ရက်နေ့ကနေ စတင်ပြီး မြန်မာနိုင်ငံတွင်း HIV/AIDS လူနာတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ART ဆေးတွေကို NGO/INGO တွေက‌နေ တဆင့် ဆေးပေးခွင့် ရပ်ဆိုင်းလိုက်ပြီး စစ်ကော်မရှင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာန မှာပဲ...

Read moreDetails

သြဂုတ် ၀၄၊ ၂၀၂၅။ (တနင်္လာ)

စစ်ကော်မရှင်ဟာမြို့ပေါင်း၆၄မြို့ကို အရေးပေါ်အခြေအနေကြေညာပြီးနောက် ခန့်မှန်းထားတဲ့အတိုင်းပဲထိမြို့တွေကိုလေကြောင်းက ပိုမိုဗုံးကြဲလာနေပါတယ်။အထူးသဖြင့်TLNAသိမ်းပိုက်ထားတဲ့မိုးကုတ်မြို့နဲ့ကျောက်မဲမြို့တွေကို နေ့စဥ်ဆိုသလိုဗုံးကြဲနေတဲ့အတွက် အရပ်သားသေဆုံးမှုတွေရှိနေတယ်။ဒီလထဲမှာစစ်ကော်မရှင်ဟာ TLNAနဲ့ထပ်မံတွေ့ဆုံဖို့ရှိတဲ့အတွက် ဖိအားပေးတဲ့အနေနဲ့အခုလို ဆက်တိုက်ဗုံးကြဲနေတာပါ။TLNAကတော့ ထိုဆွေးနွေးပွဲမှာစစ်ကော်မရှင်အနေနဲ့​ သိမ်းပိုက်ထားတဲ့မြို့တွေကို ထပ်တောင်းနေရင်အဆင်ပြေမှာ မဟုတ်ကြောင်း၊ပြည်သူကိုသာမျက်နှာမူပြီးဆွေးနွေးမှာဖြစ်ကြောင်းလို့တော့ ပြောထားတယ်။ဘယ်လိုတွေဖြစ်လာမလဲတော့မသိဘူး။

Read moreDetails

သြဂုတ် ၀၃၊ ၂၀၂၅။ (တနင်္ဂနွေ)

ဗန်းမော်မြို့ကိုစစ်ကော်မရှင်ရဲ့ စစ်ကူသင်္ဘောတွေရောက်ရှိသွားတာKIAအတွက်သာမကပဲ မြစ်ကြောင်းတစ်လျောက်က တော်လှန်ရေးအင်အားစုတွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုပါပဲ။စစ်သင်္ဘောတွေဟာ မန္တလေးမြို့ကိုကနေအစီးရေ ၂၀ကျော်နဲ့ဆန်တက်လာခဲ့ပြီးလမ်းတလျောက်က ဧရာဝတီမြစ်ကမ်းဘေးမြို့တွေကို စစ်ကူအင်အားတွေချပေးနိုင်ခဲ့တယ်။တော်လှန်ရေးအင်အားစုတွေကလမ်းမှာ ကြားဖြတ်တိုက်ခိုက်ပါတယ်။ဒါပေမယ့် သပိတ်ကျင်းမြို့အနီးနဲ့ရွှေကူမြို့အနီးမှာသာ တိုက်ခိုက်နိုင်ခဲ့ပြီး ထိရောက်စွာမတားဆီးနိုင်ခဲ့ပါဘူး။တကယ်ဆိုရင် မြစ်ကြောင်းတစ်လျောက်တိုက်ခိုက်မှုတွေ ဒီထပ်ပိုပြီးလုပ်နိုင်ခဲ့သင့်တယ်။အခုတော့ စစ်ကော်မရှင်ကဧရာဝတီမြစ်ကြောင်းတစ်လျောက် မြို့တွေကိုအင်အားဖြည့်နိုင်သွားပြီ။ဗန်းမော်မြို့ကိုပါ အင်အားဖြည့်တင်းနိုင်သွားတဲ့အတွက် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ KIAအတွက်အခက်အခဲတွေဖြစ်လာတော့မှာပါ။

Read moreDetails

သြဂုတ် ၀၂၊ ၂၀၂၅။ (စနေ)

ဧရာဝတီမြစ်ကြောင်းတစ်လျောက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ နောက်ဆုံးမှာဗန်းမော်မြို့ကို ရောက်ရှိသွားပါပြီ။သပိတ်ကျင်းမြို့အထက်ထီးချိုင့်၊ ကသာမြို့နယ်တွေကနေစုစုပေါင်း၁၇စီးခန့် ဆက်လက်ဆန်တက်လာတာပါ။ဗန်းမော်မြို့မရောက်ခင် ဒုတိယမြစ်ကျဥ်းတည်ရှိရာ ရွှေကူမြို့နားမှာKIAရဲ့တိုက်ခိုက်မှုကြောင့် ရက်အနည်းငယ်ပိတ်မိနေသေးတယ်။ရွှေကူမြို့ကနေဆန်တက်နိုင်ဖို့ သုံးကြိမ်ခန့်ကြိုးစားပြီးမှ ဗန်းမော်မြို့ကိုရောက်ရှိလာခဲ့တယ်။KIAက စစ်သင်္ဘောငါးစီးခန့်ဖျက်စီးနိုင်ခဲ့တာကြောင့် စစ်အုပ်စုရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ဗန်းမော်မြို့ကို၁၂စီးခန့် ကမ်းကပ်နိုင်ခဲ့တယ်လို့ခန့်မှန်းကြတယ်။၁၂စီးဆိုတဲ့အရေအတွက်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့မြို့တစ်မြို့ကို လူအင်အား၊လက်နက်အင်အားဖြည့်တင်းနိုင်ဖို့ ကောင်းကောင်းလုံလောက်ပါတယ်။စစ်အုပ်စုရဲ့ ရည်မှန်းချက်အောင်မြင်တယ်လို့ပြောရမှာပဲ။

Read moreDetails

သြဂုတ် ၀၁၊ ၂၀၂၅။ (သောကြာ)

စစ်ကောင်မရှင်ဟာအရေးပေါ်ကာလကို သက်တမ်းမတိုးတော့ပေမယ့်တနိုင်ငံလုံးကို မြို့ပေါင်း၆၃မြို့ကို အရေးပေါ်အခြေအနေကြေညာလိုက်ပါမယ်။အများစုကတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့မြို့တွေပါ။ထူးခြားတာကတော့ ထိုမြို့တွေထဲမှာ စစ်ကောင်မရှင်နဲ့ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့အချို့ ပါဝင်လာတယ်။အရေးပေါ်အခြေအနေ ကြေညာထားမှုအရထိုမြို့တွေကို စစ်ကော်မရှင်ကလက်လွတ်ထားရတယ်လို့ တရားဝင်ကြေညာလိုက်တဲ့သဘောပဲ။ကျိန်းသေးတာကတော့ ထိုမြို့တွေမှာရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ပါဘူး။တော်လှန်ရေးအင်အားစုတွေကတော့ လေကြောင်းကနေပိုမိုအကြမ်းဖက်လာလိမ့်မယ်လို့ သတိပေးထားတယ်။

Read moreDetails

ဇူလိုင် ၃၁၊ ၂၀၂၅။ (ကြာသပတေး)

ဒီနေ့မှာစစ်ကောင်စီဟာ သူတို့ရဲ့ခြောက်လတစ်ကြိမ်ပုံမှန် သက်တမ်းတိုးနေကြနေ့ဖြစ်တယ်။ဒါပေမယ့်ဒီတကြိမ်မှာတော့ အရေးပေါ်ကာလဆိုတာကြီးကို သက်တမ်းမတိုးတော့ပါဘူး။ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်ထားပြီး သူတို့ ဖွဲ့စည်းထားသည့် စစ်ကောင်စီဟု ခေါ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (န.စ.က) ကို ဖျက်သိမ်းပြီး  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းလိုက်တယ်။ အာဏာသိမ်း...

Read moreDetails

ဇူလိုင် ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ရွေးကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစနစ်ကို အသုံးပြုမယ်လို့သိရတယ်။လိုအပ်တဲ့မဲပေးစက်ပစ္စည်းတွေကို တရုတ်၊ဘီလာရုစတဲ့နိုင်ငံတွေကမှာယူပြီး အချို့ပြည်တွင်းကို ရောက်ရှိနေပါပြီ။ထိုမဲပေးစက်တွေကိုအသုံးပြုနိုင်ဖို့အတွက် Non CDMဝန်ထမ်းတွေကို သင်တန်းပေးနေပါတယ်။ထိုဝန်ထမ်းတွေဆီကပေါက်ကြားလာတဲ့ အချက်အလက်တွေအရ ထိုမဲပေးစက်တွေအသုံးပြုရင် ပယ်မဲမရှိတော့ဘူးတဲ့။ဒါ့အပြင်ပေးလိုက်တဲ့ မဲတွေကိုလဲ လိုအပ်သလိုပြုပြင်ပြောင်းလဲလို့ရတယ်တဲ့။အခုနောက်ပိုင်းမှာတော့ မဲပေးခြင်းနဲ့ပတ်သက်နေတဲ့ သင်တန်းတွေကသတင်းပေါက်ကြားမှုတွေကို တင်းတင်းကြပ်ကြပ်ပြန်လုပ်နေတယ်။မနေ့ကထုတ်ပြန်လိုက်တဲ့ ဥပဒေဟာလဲဒီလိုဖြစ်ရပ်မျိုးကို အရေးယူဖို့ဖြစ်မယ်။စစ်ကောင်စီကတော့ အခုထဲကရွေးကောက်ပွဲအတွက်...

Read moreDetails

ဇူလိုင် ၂၉၊ ၂၀၂၅။ (အင်္ဂါ)

စစ်ကောင်စီဟာ လာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲကို နှောက်ယှက်ရင်သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေတစ်ခုကို ပြဌာန်းလိုက်တယ်။ ထိုဥပဒေအရ ရွေးကောက်ပွဲပျက်ပြားစေရန် ဟောပြောခြင်း၊ မဲလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲကော်မရှင်ရုံး လုပ် ငန်းစဉ်များကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ...

Read moreDetails

ဇူလိုင် ၂၈၊ ၂၀၂၅။ (တနင်္လာ)

စစ်ကောင်စီသာဒီနှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် တော်လှန်ရေးအင်အားစုတွေအတွက် အခြေအနေပိုဆိုးလာနိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ရင် စစ်ကောင်စီဟာ နိုင်ငံရေးအရ ဒီထက်ပိုပြီး တရားဝင်မှုတွေရလာမယ်။ နိုင်ငံရေးအရ တရားဝင်မှု ပိုရလာတာနဲ့အမျှ စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်နိုင်ဖို့ တရုတ်နဲ့အတူ ပိုကြိုးစားလာလိမ့်မယ်။ ​စစ်ကောင်စီရဲ့ကြပ်တည်း​နေတဲ့...

Read moreDetails
Page 13 of 182 1 12 13 14 182

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist