LATEST STORIES

ဇွန် ၂၂၊ ၂၀၂၃။ (ကြာသပတေး)

ကရင်နီပြည်နယ်၊မယ်စဲဒေသမှာတိုက်ပွဲတွေပြင်းထန်စွာဆက်လက်ဖြစ်ပွားနေတယ်။ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့တွေဘက်ပြောင်းဝင်ရောက်လာတဲ့အတွက်တော်လှန်ရေးအဖွဲ့တွေအသာစီးရနေပြီးမြို့ကိုထိန်းချုပ်နိုင်တဲ့အခြေအနေဖြစ်နေပြီ။စစ်တပ်ဘက်ကပြန်လည်တိုက်ခိုက်ဖို့ကြိုးစားနေပေမယ့်လေကြောင်းကနေကိုယ့်တပ်ကိုဗုံးမှားကြဲမိတာကြောင့်အထိနာသွားပြီးထိုးစစ်တွေရပ်တန့်နေတယ်။ဒါပေမယ့်လဲပြည်နယ်ထဲကတခြားနေရာတွေမှာချထားတဲ့တပ်တွေကိုစုစည်းပြီးအပြင်းအထန်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်။စစ်တပ်ဟာကရင်နီပြည်နယ်ထဲကတော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေကိုပြန်လည်ရယူဖို့ကြိုးစားရင်းမထင်မှတ်ပဲနယ်မြေတစ်ခုကိုထပ်မံဆုံးရှုံးသွားတယ်။မယ်စဲမြို့ကတိုက်ပွဲတွေမှာတော်လှန်ရေးတပ်တွေအနေနဲ့စစ်ကောင်စီတပ်တွေသံလွင်မြစ်ကိုကူးမလာနိုင်အောင်ခုခံနိုင်ရင်တော်တော်အခြေအနေကောင်းနေပြီ။

Read moreDetails

ဇွန် ၂၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ကရင်နီပြည်နယ်၊မယ်စဲမြို့တွင်ပီးတဲ့အပတ်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာတော်လှန်ရေးအဖွဲ့တွေဖက်ကကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့တွေပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ထိုအဖွဲ့ဟာစစ်ကောင်စီလက်အောက်ခံကရင်နီပြည်နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်ပြီးယခင်ကဘယ်ဖက်မှာမှမပါဝင်ပဲကြားနေခဲ့တဲ့လက်နက်ကိုင်တပ်ဖွဲ့တစ်ခုပါ။အခုထိုအဖွဲ့ဟာတော်လှန်ရေးအဖွဲ့တွေထံဘက်ပြောင်းဝင်ရောက်လာခဲ့တဲ့အတွက်စစ်ကောင်စီအတွက်အရှိုက်ထိသွားတာပေါ့။ဒါဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တိုင်းရင်းသားအဖွဲ့တွေထဲကပထမဆုံးနွေဦးတော်လှန်ရေးဘကကိုပြောင်းလာတဲ့အဖွဲ့ပါ။ထိုအဖွဲ့မျိုးဟာကချင်၊ကယား၊ကရင်စတဲ့ပြည်နယ်တွေမှာများစွာကျန်သေးတယ်။အထူးသဖြင့်ကရင်ပြည်နယ်မှာနယ်ခြားစောင့်တပ်ဖွဲ့တွေများစွာရှိနေပြီးစစ်ကောင်စီဖက်ကဝင်ရောက်တိုက်ခိုက်ပေးနေကြတယ်။အခုဘက်ပြောင်းမှုဟာထိုအဖွဲ့တွေအတွက်အချက်ပေးခေါင်းလောင်းသံတစ်ခုဖြစ်လာလိမ့်မယ်။

Read moreDetails

ဇွန် ၂၀၊ ၂၀၂၃။ (အင်္ဂါ)

ထိုင်းနိုင်ငံဟာစစ်ကောင်စီကိုဖိတ်ကြားထားတဲ့ဆွေးနွေးပွဲတစ်ခုကိုထပ်လုပ်နေပြန်ပါပြီ။ထိုင်းမှာရွေးကောက်ပွဲပြီးတဲ့နောက်ဆက်လက်တာဝန်ယူထားတဲ့အိမ်စောင့်အစိုးရကဦးဆောင်ပြုလုပ်နေတာပါ။ဒီနှစ်ဆန်းပိုင်းကလဲထိုကဲ့သို့ဆွေးနွေးပွဲမျိုးထိုင်းအစိုးရကစစ်ကောင်စီအတွက်ပြုလုပ်ပေးသေးတယ်။အဲ့ဒီတုန်းကလဲစားသောက်ဆိုင်တစ်ခုမှဖြစ်သလိုကျင်းပခဲ့တာပါ။ဘာရလဒ်မှလဲထွက်ပေါ်လာတာမဟုတ်ဘူး။အာဆီယံနိုင်ငံကြီးတွေကလဲအသိအမှတ်မပြုကြဘူး။အခုလဲထပ်လုပ်ပြန်ပြီ။ထိုင်းအိမ်စောင့်အစိုးရနိုင်ငံခြားရေးဝန်ကြီးကတော့အလွတ်သဘောဆွေးနွေးတာပါလို့ကာကွယ်ပြောဆိုသွားတယ်။ထိုင်းနိုင်ငံရဲ့လက်ရှိအစိုးရဟာသူတို့နေရာမဖယ်ပေးရခင်ကာလလေးမှာစစ်ကောင်စီကိုလူရာသွင်းဖို့ကြိုးစားလျက်ရှိတယ်။ထိုင်းနိုင်ငံမှာလာမယ့်လမှာအစိုးရသစ်တက်လာရင်တော့စစ်ကောင်စီအတွက်မချောင်ပါဘူး။

Read moreDetails

လမ်းမပေါ်မှ အန်တုနေဆဲ ဆန္ဒပြပွဲများ

အုံ့မှိုင်းနေသည့် ကောင်းကင်အောက် ကတ္တရာလမ်းမထက်တွင် လူငယ်တစ်စု ဖြတ်သန်းသွားရာ ကြွေးကြော်သံများ ဖုံးလွှမ်းသွားသည်။ရှေ့ဆုံးမှ သပိတ်တစ်လုံးကို မှောက်လျက်ကိုင်ဆောင်ထားသူ၏ နောက်တွင် အင်အား ၁၀၀ ခန့် လူငယ်များက အားမာန်အပြည့် ချီတက်နေကြသည်။ “ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး” “ဖက်ဆစ်စနစ် အမြစ်ဖြတ်ရေး” ဟု...

Read moreDetails

ဇွန် ၁၉၊ ၂၀၂၃။ (တနင်္လာ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်တိုင်းစစ်အုပ်စုဟာဂယောင်ခြောက်ခြားဖြစ်စမြဲပဲ။ဒီနှစ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တဲ့ဒီနေ့မှာလဲစစ်အုပ်စုဟာပန်းသပိတ်ပြုလုပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပြည်သူများစွာကိုဖမ်းဆီးခဲ့တယ်။ရန်ကုန်ကသမာဓိရွှေဆိုင်မှာဝန်ထမ်းမိန်းကလေးတွေကိုပန်းပန်တယ်ဆိုပြီးဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်။JunctionSquareမှာလဲပန်းလက်ဝယ်ကိုင်ဆောင်ထားသူတွေနဲ့ပန်းပန်ထားသူ၁၀ဦးထပ်မနည်းဖမ်းဆီးခံရတယ်။နယ်မြို့တွေမှာလဲထိုအတိုင်းပဲ။ပန်းရောင်းတဲ့သူ၊ပန်းဝယ်တဲ့သူတွေကိုဆိုင်ဆိုင်မဆိုင်ဆိုင်ဖမ်းဆီးသွားတယ်။စစ်အုပ်စုဟာလက်ထဲမှာလက်နက်ကြီးတွေကိုင်ထားပြီးအကုန်လုံးကိုကြောက်နေတော့တာပဲ။အနီဝတ်ရင်လဲကြောက်တယ်။အနက်ဝတ်ရင်လဲကြောက်တယ်။ပန်းပန်ရင်လဲကြောက်တယ်။လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့တနိုင်ငံလုံးပြည်သူများကဆုတောင်းမေတ္တာပို့သမှုများကိုစစ်ကောင်စီကကြောက်ရွံ့ပြီးသေနတ်ကိုင်ကာလိုက်လံခြိမ်းခြောက်နေတာပါ။

Read moreDetails

ဇွန် ၁၈၊ ၂၀၂၃။ (တနင်္ဂနွေ)

မွန်ပြည်နယ်နဲ့တနင်္သါရီတိုင်းနယ်စပ်ကရေးမြို့နယ်ဟာမြန်မာပြည်အောက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေအားကောင်းတဲ့နေရာတစ်ခုပါ။တနင်္သါရီတိုင်းထဲမှာပုလော၊တနင်္သါရီမြို့စတဲ့ဒေသတွေတော်လှန်ရေးအဖွဲ့တွေရှိနေပေမယ့်ရေးမြို့နယ်လောက်အားမကောင်းကြသေးဘူး။အခုဆိုရင်ရေးမြို့အနီးကမြန်မာပြည်တောင်စွန်းကိုသွားတဲ့ပြည်ထောင်စုလမ်းမကြီးပေါ်မှာဂိတ်တွေဖွင့်ပြီးစစ်ကောင်စီဘက်တော်သားတွေကိုစစ်ဆေးနိုင်တဲ့အခြေအနေရောက်နေပြီ။ထိုဂိတ်တွေနဲ့မိုင်အနည်းငယ်အကွာမှာစစ်ကောင်စီတပ်ရင်းတွေရှိနေပေမယ့်လာရောက်မတိုက်ခိုက်ရဲကြဘူး။စစ်ကောင်စီဘက်ကနယ်မြေစိုးမိုးနိုင်မှုမရှိတော့ပဲတော်လှန်ရေးအဖွဲဲ့တွေကတစတစလွမ်းမိုးလာနိုင်နေပြီ။ ထိုပြည်ထောင်စုလမ်းမကြီးဟာမြန်မာပြည်တောင်စွန်းထိရောက်နိုင်တဲတစ်ခုတည်းသောကုန်းလမ်းမကြီးပဲ။ထိုလမ်းမကိုထိန်းချုပ်နိုင်ရင်တနင်္သါရီအောက်ပိုင်းဒေသတွေကိုအလိုလိုထိန်းချုပ်နိုင်လိမ့်မယ်။ဒါကိုစစ်ကောင်စီကဒီအတိုင်းလွှတ်ထားမှာမဟုတ်ပဲအင်အားဖြည့်ပြီးလမ်းမကြီးကိုပြန်ထိန်းချုပ်ဖို့လုပ်လိမ့်မယ်။အဲ့ဒီအချိန်မှာသူတို့ထိုးစစ်ကိုအောင်မြင်စွာခုခံနိုင်ရင်တော့မြန်မာပြည်အောက်ပိုင်းမှာလဲတော်လှန်ရေးအဖွဲ့တွေအသာစီးရလာနိုင်တယ်။

Read moreDetails

ဇွန် ၁၇၊ ၂၀၂၃။ (စနေ)

စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာမြို့နဲ့ချင်းတွင်းမြစ်သာခြားတဲ့ညောင်ပင်ကြီးရဲစခန်းကိုတော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်မီးရှို့ပီးနောက်ပိုင်းမှာလဲထိုစခန်းပတ်ဝန်းကျင်ရွာတွေကိုစစ်သူပုန်တွေပတ်ရမ်းသောင်းကျန်းနေပါတယ်။ထိုစခန်းဟာချင်းတွင်းမြစ်တဖက်ကမ်းပုလဲ၊ယင်းမာပင်၊ဆားလင်းကြီးစတဲ့မြို့နယ်တွေကရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးရာမှာအဓိကအသုံးပြုတဲ့စခန်းဖြစ်တယ်။ရွာတွေကိုစစ်ကြောင်းထိုးမယ်ဆိုရင်စစ်သူပုန်တွေဟာမုံရွာဖက်ကကူးလာပြီးထိုစခန်းမှာလူစုလေ့ရှိတယ်။တော်လှန်ရေးအဖွဲ့တွေထိုစခန်းကိုသိမ်းပိုက်လိုက်တော့စစ်သူပုန်တွေတုန်လှုပ်ခြောက်ခြားသွားတာပေါ့။တော်လှန်ရေးအဖွဲ့တွေကသူတို့တိုင်းစစ်ဌာနချုပ်ကိုလက်တကမ်းကခြိမ်းခြောက်နိုင်တဲ့အနေအထားဖြစ်လာပြီလေ။ဒါကြောင့်နယ်မြေရှင်းလင်းရေးဆိုပြီးထိုစခန်းအနီးပတ်ဝန်းကျင်ရွာတွေကိုမီးရှို့ဖျက်စီးနေတယ်။ အခုနောက်ပိုင်းစစ်ကိုင်းတိုင်းမှာစစ်သူပုန်တွေအတွက်တဖြည်းဖြည်းနယ်မြေကျဉ်းမြောင်းလာပါပြီ။အရင်လိုအားတိုင်းနယ်ပေါင်းစုံကိုစစ်ကြောင်းမထိုးနိုင်တော့ပဲသူတို့ကိုလာထိမှခွေးရူးလိုမျိုးမဲမဲမြင်ရာလိုက်ကိုက်နိုင်တော့တယ်။မိုးရာသီရောက်လာတာလဲပါမှာပေါ့။စစ်ကိုင်းတိုင်းကစစ်ရေးအခြေအနေတွေဟာကိုယ့်ဖက်ကိုပါလာပေမယ့်လိုချင်တဲ့အနေအထားကိုတော့ရောက်မလာသေးဘူး။

Read moreDetails

ဇွန် ၁၆၊ ၂၀၂၃။ (သောကြာ)

စစ်ကိုင်းတိုင်းမှာဒီလထဲစစ်ကိုင်းမြို့နယ်ပဒူကျေးရွာအုပ်စု၊ဆားတောင်းမြို့နားကကျေးရွာတွေနဲ့မုံရွာမြို့တဖက်ကမ်းကညောင်ပင်ကြီးကျေးရွာအုပ်စုကရွာတွေစစ်အုပ်စုရဲ့လူသတ်၊လုယက်၊မီးရှို့တဲ့ဒဏ်တွေကိုအလူးအလဲခံနေရတယ်။ထိုနေရာတွေမှာတော်လှန်ရေးအဖွဲ့တွေကစစ်အုပ်စုရဲ့အခြေစိုက်စခန်းတွေကိုလက်ဦးမှုရယူပြီးအထိနာအောင်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်စစ်အုပ်စုကလက်နက်မဲ့ပြည်သူတွေကိုပစ်မှတ်ထားရန်ပြုကာသောင်းကျန်းနေတာပဲ။ ပဒူတိုက်နယ်မှာဆိုရင်တိုက်နယ်ရဲစခန်းကိုတော်လှန်ရေးတပ်ပေါင်းစုတွေကတိုက်ခိုက်သိမ်းပိုက်မီးရှို့နိုင်ခဲ့တယ်။လက်နက်တွေလဲရလိုက်တယ်။ထိုတိုက်ပွဲပြီးတဲ့နောက်စစ်အုပ်စုကပဒူနယ်ကကျေးရွာတွေကိုတရွာမကျန်လိုက်လံမီးရှို့တော့တာပဲ။ရွာသားတွေလဲစစ်ကိုင်းမြို့ကဘုန်းကြီးကျောင်းတွေအထိသွားရောက်ခိုလှုံနေရတယ်။ဒါတောင်မှဘုန်းကြီးကျောင်းတွေအထိလိုက်ဖမ်းသေးတယ်လေ။

Read moreDetails

ဇွန် ၁၅၊ ၂၀၂၃။ (ကြာသပတေး)

ပီးခဲ့တဲ့ရက်တွေကစစ်ကိုင်းမြို့နယ် စစ်ကိုင်း - မုံရွာကားလမ်းပေါ်က ဆားတောင်မြို့ပေါ်ကို တော်လှန်ရေး ရဲဘော်တွေတက်ရောက်လာပြီးအင်အားပြခဲ့တယ်။အဲ့ဒီတုန်းမြို့ထဲမှာရှိနေတဲ့စစ်ခွေးတွေအကုန်အမြှီးလေးကုတ်ပြီးမလှုပ်ရဲကြဘူး။တော်လှန်ရေးရဲဘော်တွေပေါ်ပေါ်ထင်ထင်သေနတ်ကိုင်ပြီးတမြို့လုံးပတ်ခဲ့ကြတယ်။ဒါပေမယ့်နောက်ရက်တွေကစပြီးစစ်ခွေးတွေကလက်နက်မဲ့ပြည်သူတွေကိုပစ်မှတ်ထားရန်ပြုကာဆားတောင်မြို့အနီးဝန်းကျင်ရွာစဉ်ပတ်မွှေအကြမ်းဖက်သောင်းကျန်းနေတယ်။စစ်ခွေးတွေဟာစစ်ကိုင်းမြို့နဲ့၁၀မိုင်ခန့်သာဝေးကွာတဲ့ ဆားတောင်မြို့နဲ့ အနီးဝန်းကျင် ရွာတွေကို အင်အား၁၀၀လောက်နဲ့ စီးနင်းကာ ပြည်သူတွေကို ရန်ပြုဖမ်းဆီးပြီး ရွာမီးရှို့၊ လုယက် သောင်းကျန်းနေတာပါ။ပြည်သူတွေကိုလည်း ဓားစာခံ ဖမ်းထားတယ်။အကြမ်းဖက် စစ်ခွေးများရဲ့...

Read moreDetails

ဇွန် ၁၄၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ကရင်နီပြည်နယ်မှာပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီးနောက်တစ်ရက်မှာပဲပြည်နယ်အရှေ့ပိုင်းထိုင်းနိုင်ငံနဲ့ကပ်လျက်မယ်စဲ့မြို့နယ်ထဲကမြို့နယ်ရဲစခန်းနဲ့စစ်တပ်အခြေစိုက်စခန်းကုန်းသုံးခုကိုတော်လှန်ရေးအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။မယ်စဲ့မြို့နယ်ဘက်မှာအရင်ကတိုက်ပွဲတွေဖြစ်လေ့မရှိပဲအခုမှတော်လှန်ရေးအဖွဲ့တွေကအလစ်အငိုက်တိုက်ခိုက်ခဲ့တာဖြစ်တယ်။တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကစခန်းမှုးအပါအဝင်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့သိရတယ်။တော်လှန်ရေးအဖွဲ့တွေကလက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိပြီးပြန်လည်ဆုတ်ခွာသွားပြီးနောက်စစ်တပ်လေကြောင်းကရောလက်နက်ကြီးတွေနဲ့ပါရမ်းသမ်းပစ်ခတ်နေတယ်။အခုတော့မယ်စဲ့မြို့နယ်အနီးဖားဆောင်မြို့ပေါ်မှာစစ်တပ်ကအင်အားအများအပြားဖြည့်တင်းထားတယ်။ကရင်နီပြည်နယ်ထဲမှာတော်လှန်ရေးအဖွဲ့တွေကစစ်တပ်ကိုအရူးမီးဝိုင်းအောင်နေရာစုံမှာစစ်မျက်နှာဖွင့်တိုက်ခိုက်လျက်ရှိတယ်။

Read moreDetails
Page 96 of 230 1 95 96 97 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist