LATEST STORIES

ဇူလိုင် ၂၂၊ ၂၀၂၃။ (စနေ)

တနေ့ကကရင်ပြည်နယ်လက်ခတ်တောင်တိုက်ပွဲမှာ ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့အကြမ်းဖက်စစ်တပ်က တပ်ရင်းမှူးနဲ့ဒုတပ်ရင်းမှူးကိုအာဏာဖီဆန်မှုနဲ့ထောင်ချထားတယ်လို့သိရတယ်။သူတို့တွေဟာလက်အောက်ကတပ်သားတွေပစ်ထားခဲ့ပြီးကိုယ်လွတ်ရုံးပြေးလာခဲ့တာပါ။ဒါ့အပြင်လက်ခတ်တောင်၌ တပ်စွဲထားခဲ့တဲ့ စစ်ကောင်စီတပ်ဟာဒေသတွင်းရှိကျေးရွာများကိုလက်နက်ကြီးဖြင့်ပစ်ခတ်ရန်ပစ်မှတ်ချိန်ထားတာကိုသက်သေနှင့်တကွတွေ့ရှိရတယ်။စစ်သူပုန်တွေဟာအရပ်သားရွာတွေကိုအချိန်မရွေးလက်နက်ကြီးနဲ့ပစ်ခတ်ဖို့ကြံရွယ်ထားတာပဲ။ပြောမပြနိုင်လောက်အောင်ယုတ်မာရိုင်းစိုင်းတဲ့အကောင်တွေပဲ။တခြားသူတို့တပ်စွဲထားတဲ့စခန်းတွေမှာလဲလက်နက်ကြီးတွေနဲ့ရွာတွေကိုချိန်ရွယ်ထားမှာကျိန်းသေတယ်။ မြဝတီမြို့မှာတော့မြို့တွင်း၊ မြို့ပြင်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေ ပိုများလာပြီး မြို့မရဲစခန်း ပတ်ပတ်လည်က ဝင်ပေါက်တွေကို လုံးဝ ပိတ်ချထားတဲ့အပြင် လုံခြုံရေးတွေ ပိုမိုတိုးမြှင့် ချထားတယ်။ မြို့တွင်းမှာတော့...

Read moreDetails

ဇူလိုင် ၂၁၊ ၂၀၂၃။ (သောကြာ)

မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲတွေရိုက်ကူးမယ်ဆိုရင်ဆင်ဆာတင်ရတော့မယ်လို့စစ်ကောင်စီလက်အောက်ခံရုပ်ရှင်အစည်းအရုံးကထုတ်ပြန်လိုက်ပါတယ်။မြန်မာ့ရုပ်ရှင်လောကမှာဆင်ဆာစနစ်ကိုဖျက်သိမ်းထားတာဆယ်စုနှစ်တစ်ခုလောက်ရှိနေပါပြီ။အာဏာသိမ်းပြီးနောက်စစ်ကောင်စီဟာဆင်တာစနစ်ကိုပြန်လည်အသက်သွင်းခဲ့တယ်။အစကတော့ရုပ်ရှင်ကားကြီးတွေသာဆင်ဆာတင်ရပေမယ့်အခုဆိုရင်ဇာတ်လမ်းတွဲတွေပါလာပြီပေါ့။ဇာတ်လမ်းတွဲစထွက်လာကတည်းကဆင်ဆာတင်ရခြင်းမရှိခဲ့ဘူး။အခုစစ်ကောင်စီလက်အောက်ရောက်မှဆင်ဆာတင်ရတော့မယ်လေ။အာဏာသိမ်းပြီးကတည်းကပြည်သူတွေသပိတ်မှောက်ထားတာကြောင်းနလန်မထူနိုင်တဲ့ရုပ်ရှင်လောကဟာအခုတော့ပိုပြီးဆိုးရွားလာဖို့ပဲရှိမယ်။

Read moreDetails

ဇူလိုင် ၂၀၊ ၂၀၂၃။ (ကြာသပတေး)

ကရင်ပြည်နယ်မြဝတီမြို့အနီးကလက်ခတ်တောင်ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကနှစ်ရက်တိုင်တိုင်တိုက်ခိုက်ပြီးတောင်ကြောတစ်ခုလုံးကိုသိမ်းယူလိုက်ပါတယ်။လက်ခတ်တောင်စခန်းဟာစစ်ရေးအရဗျူဟာအချက်အချာအကျဆုံးနေရာတစ်ခုပါ။စစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လက်ခတ်တောင်ပေါ်မှာတပ်စွဲထားကြပြီး မြဝတီမြို့နဲ့၇မိုင်ပဲဝေးတာမို့ခံစစ်စည်းအဖြစ်သတ်မှတ်ထားကြတယ်လို့သိရတယ်။တိုက်ပွဲမှာတော်လှန်ရေးတပ်ဖွဲ့တွေကနေ လက်နက်အမြောက်အများရရှိခဲ့ကြတယ်။ စခန်းသိမ်းတဲ့အချိန် စစ်သားတွေက တောင်ပေါ်ကနေလေထီးခုန်သလိုကြောက်အားလန့်အားနဲ့ခုန်ချထွက်ပြေးတယ်။အာဏာသိမ်းခါစကဘယ်ကောင်သေရဲလဲဆိုတဲ့ကောင်တွေခုတော့ခွေးပြေး၊ဝက်ပြေးပြေးနေရတယ်။ပိုပြီးထူးခြားတာကတိုက်ပွဲဖြစ်ချိန်မှာတောင်ပေါ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး က အသေမခံနိုင်လို့ ကြောက်လန့်ပြီး ထွက်ပြေးကြတယ်။ စစ်တပ်က အရာရှိပိုင်းတွေ ထွက်ပြေးလည်းပြေးချင်စရာပါပဲ၊ စစ်တိုက်ရတာ ပြည်သူရဲ့အားပေးထောက်ခံမှုလည်းမရ၊စားနပ်ရိက္ခာကလည်းမလုံလောက်ဘူး၊လူအင်အားက‌လည်းအတော်နည်းနေတယ်၊ဒါကိုအတင်းဖိအားပေးတော့ထွက်ပြေးတာပေါ့။‌အခုနောက်ပိုင်းတိုင်းရင်းသားဒေသတွေကရင်ဆိုင်တိုက်ပွဲတွေမှာစစ်သူပုန်တွေအပြင်းအထန်မခုခံတော့ပဲထွက်ပြေးမှုတွေပိုများလာတာသတိထားမိတယ်။

Read moreDetails

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

ကျပ် နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်မည်ဟု စစ်ကောင်စီမှ ယမန်နေ့က ကြေညာလိုက်ပြီးနောက် ပြည်တွင်းရွှေနှင့် ဒေါ်လာဈေးကွက်မှာ ပုံမှန်မဟုတ်တော့ဘဲ ကမောက်ကမဖြစ်ကာ ကြိုက်ရောင်းကြိုက်ဝယ်သာ ပြုလုပ်နေကြတော့ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင်...

Read moreDetails

ဇူလိုင် ၁၉၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ဒီနေ့ဟာအာဇာနည်နေ့ပါ။စစ်အုပ်ဟာအာဇာနည်နေ့အခမ်းအနားကိုလုံခြုံ‌ရေးတင်းကျပ်စွာနဲ့ရန်ကုန်မြို့မှာကျင်းပတယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ထိုအခမ်းအနားကိုတက်ရောက်ခွင့်မရပါဘူး။ဒီ‌နေ့ရန်ကု်နမှာစစ်အုပ်စုကလမ်းအတော်များများပိတ်ထားတာကြောင့်ပြည်သူတွေဒုက္ခရောက်တာပဲအဖတ်တင်တယ်။‌ တော်လှန်ရေးအဖွဲ့တွေရဲ့စိုးမိုးနယ်မြေတွေမှာတော့အာဇာနည်နေ့အခမ်းအနားကိုသူ့နည်းသူ့ဟန်နဲ့အသီးသီးကျင်းပကြတယ်။ဒီဇူလိုင်လထဲမှာပဲမနှစ်ကကိုဂျင်မီနဲ့ကိုဇေယျာသော်တို့မတရားသေဒဏ်အပေးခံခဲ့ရတယ်။သူတို့ချည်းပဲတော့မဟုတ်ပါဘူး။ဒီကာလကြီးမှာအာဇာနည်တွေရင်နာနာနဲ့ပေါ်ထွက်ခဲ့ကြတယ်။သူတို့တွေစတေးခဲ့တာတွေအချည်းနှီးမဖြစ်ဖို့ဒီတော်လှန်ရေးကြီးအောင်မြင်အောင်ဝိုင်းဝန်းကြိုးစားရမယ်။

Read moreDetails

ဇူလိုင် ၁၈၊ ၂၀၂၃။ (အင်္ဂါ)

အကြမ်းဖက်စစ်ခေါင်း‌ဆောင်တွေနေထိုင်တဲ့နေပြည်တော်ကိုလုံခြုံရေးသိသိသာသာတိုးမြှင့်လိုက်တယ်။NUGရဲ့လမ်းအားလုံးနေပြည်တော်သို့စီမံချက်ထွက်ပေါ်လာပြီးနောက်လုံခြုံရေးအင်အားတွေတိုးမြှင့်ချထားလိုက်တာဖြစ်တယ်။နေပြည်တော်အဝင်လမ်းအားလုံးကိုလုံခြုံရေးတင်းကျပ်ထားပြီးတချို့လမ်းတွေကိုဖျက်စီးခိုင်းထားတယ်လို့အတွင်းသတင်းတွေအရသိရတယ်။နေပြည်တော်နဲ့အနီးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတာလဲပါမှာပေါ့။အကြမ်းဖက်စစ်ခေါင်း‌ဆောင်တွေဟာနေပြည်တော်ကိုခံစစ်စပြင်နေပြီဆိုပါ‌တော့။ ဒါ့အပြင်စစ်ကောင်စီဟာအင်အားမလုံလောက်မှုကြောင့်မြို့ကြီးတွေမှာလုံခြုံရေးယူထားတဲ့တပ်တွေကိုထုတ်နုတ်ပြီးစစ်မြေပြင်တွေကိုပို့‌ဆောင်နေတယ်။အလစ်တိုက်ခိုက်ခံရမှာကိုစိုးရိမ်တာကြောင့်အဝေးပြေးလမ်းတွေပေါ်ကစစ်‌ဆးရေးဂိတ်တွေကိုလဲလျော့ချလိုက်တယ်။မြို့‌ပေါ်မှာတော့စစ်မှုထမ်းဟောင်းတွေ၊အခပေးစစ်သားတွေနဲ့အိုနာကျိုးကန်းတွေသာကျန်တော့တယ်။မြို့ပြပျောက်ကျားတွေအားနည်းသွားတဲ့အတွက်ဒီအခွင့်အရေးကိုတော်လှန်ရေးအဖွဲ့တွေအသုံးချနိုင်မယ်မထင်ဘူး။

Read moreDetails

ဇူလိုင် ၁၇၊ ၂၀၂၃။ (တနင်္လာ)

မြန်မာပြည်မြောက်ပိုင်းကEAOအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေဒီလထဲမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်။ဇွန်လဆန်းကတရုတ်ရဲ့ကြားဝင်ပေးမှုအရတွေ့ဆုံခဲ့ရတဲ့စစ်ကောင်စီနဲ့မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့တို့ရဲ့‌ဆွေးနွေးပွဲပျက်သွားပြီးနောက်စစ်ကောင်စီရဲ့ထိုးစစ်တွေထိုဒေသမှာပြန်လည်စတင်လာတာတွေ့ရတယ်။တိုက်ပွဲတွေဟာTLNAနယ်မြေမှာရောMDAAနယ်မြေတွေမှာပါကြိုကြားကြိုကြားဖြစ်ပေါ်နေပြီးတိုက်ပွဲကြီးတွေ‌တော့မတွေ့ရသေးပါဘူး။ဒါပေမယ့်စစ်တပ်ကဆက်လက်ထိုးစစ်ဆင်နေမယ်ဆိုရင်တိုက်ပွဲကြီးတွေဖြစ်လာမယ့်သဘောမှာရှိတယ်။မြောက်ပိုင်းမှာကချင်KIAအဖွဲ့ကလွဲလို့ကျန်တဲ့အဖွဲ့တွေဟာတရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်စစ်ကောင်စီကိုစတင်တိုက်ခိုက်တာမျိုးမတွေ့ရပဲယခုမှစစ်ကောင်စီတပ်တွေဘက်ကပြန်လည်တိုက်ခိုက်လာတာဖြစ်တယ်။ ကချင်ပြည်နယ်မှာလဲလိုင်ဇာပတ်ဝန်းကျင်ကိုနယ်မြေစိုးမိုးမှုရယူနိုင်ဖို့ကြိုးစားနေတဲ့စစ်တပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုးအပါအဝင်ထိပ်ပိုင်းအရာရှိအချို့နေပြည်တော်မှာဖမ်းဆီးစစ်‌ဆေးခြင်းခံနေရတယ်။KIAနဲ့ပတ်သက်နေတယ်ဆိုပြီးခေါ်ယူစစ်‌ဆေးနေတာပါ။ဒါကြောင့်ကချင်ပြည်နယ်ထဲမှာစစ်တပ်ရဲ့ထိုးစစ်ကြီးတွေမစတင်နိုင်သေးတာလားတော့မသိဘူး။KIAကိုဒီအချိန်မှာထိုးစစ်ပြုရင်လဲစစ်တပ်ဟာကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေမှာပဲ။

Read moreDetails

ဇူလိုင် ၁၆၊ ၂၀၂၃။ (တနင်္ဂနွေ)

အွန်လိုင်းစနစ်နဲ့ရောင်းချတဲ့လုပ်ငန်းတွေကိုစစ်ကောင်စီကထိန်းချုပ်တော့မယ်လို့ထုတ်ပြန်လိုက်တယ်။အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေကိုမှတ်ပုံတင်ခိုင်းပြီးအခွန်ကောက်မှာပါ။မလိုက်နာရင်ထောင်ဒဏ်သုံးနှစ်အထိချမှတ်မယ်လို့လဲပါတယ်။အွန်လိုင်းရှော့ပင်းလုပ်ငန်းဟာပြည်သူတွေတနိုင်တပိုင်လုပ်ကိုင်နေကြတဲ့လုပ်ငန်းတစ်ခုပါ။စီးပွားရေးကြပ်တည်းနေချိန်မှာထိုလုပ်ငန်းတွေကိုပါကြပ်မတ်ဖို့လုပ်‌ဆောင်လာခြင်းဟာပြည်သူတွေကိုတမင်ငတ်‌သေအာင်လုပ်နေသလိုပဲ။အခုချိန်ထိတော့အမိန့်တစ်ခုအနေနဲ့ပဲရှိနေသေးတယ်။တကယ်အရေးယူလာခဲ့ရင်တော့အခြေခံလူတန်းစားတွေအတွက်အကြပ်အတည်းတွေပိုဖြစ်လာလိမ့်မယ်။

Read moreDetails

ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေပြီး ထွက်ပြေးသော ပြည်သူအုပ်စုလိုက်ကို လေယာဉ်ပေါ်မှ ပစ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲမီးရှို့နေကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။ ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် တကန်သာကျေးရွာအပါအဝင်အနီးနားရှိကျေးရွာများကို...

Read moreDetails

ဇူလိုင် ၁၅၊ ၂၀၂၃။ (စနေ)

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီတွေ့ဆုံခွင့်ပေးတဲ့အကြောင်းဆက်ပြောရရင်အရင်ကတည်းကပြောခဲ့သလို့စစ်ကောင်စီဟာသူတို့ထွက်ပေါက်ပိတ်‌နေချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးတဲ့သဘောပဲ။သူတို့ဟာဒေါ်အောင်ဆန်းစုကြည်ကိုNUGနဲ့PDFကိုမထောက်ခံပါဘူးလို့ပြောစေချင်တယ်။ဒါမှလဲတော်လှန်ရေးကိုသွေးခွဲလို့ရမှာကိုး။အခုလဲဒေါ်အောင်ဆန်းစုကြည်ကNUGနဲ့PDFကိုမထောက်ခံဘူးလို့ဝါဒဖြန့်ချီနေတာတွေ့ရတယ်။ဒါပေမယ့်သူတို့မှာသက်သေခိုင်ခိုင်မာမာမရှိဘူး။ဒေါ်အောင်ဆန်းစုကြည်သာတကယ်ထိုကဲ့သို့ပြောခဲ့ရင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံတဲ့အချိန်မှာပြောခဲ့တဲ့မှတ်တမ်းကိုထုတ်ပြနိုင်ရမှာပေါ့။အမေစုကပြင်ပကအခြေအနေအမှန်ကိုမသိပဲဘာမှတ်ချက်မှမပေးမှာသေချာတယ်။စစ်ကောင်စီရဲ့ပြောစကားတွေအားလုံးဟာမိုးလုံးပြည့်မှုသာဝါဒတွေပဲ။

Read moreDetails
Page 95 of 233 1 94 95 96 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist