Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စက်တင်ဘာ ၁၇၊ ၂၀၂၃။ (တနင်္ဂနွေ)

October 13, 2023
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကစတင်ပြီး နိုင်ငံရေးအကျဉ်းသားတွေအစာငတ်ခံဆန္ဒပြခဲ့ကြတယ်။စက်တင်ဘာလ ၈ ရက်နေ့က ရှာဖွေရေး ဟုခေါင်းစဉ် တပ်ကာ ရဲနှင့်စစ်ကောင်စီတပ်သားအင်အားအလုံးအရင်းဖြင့် အကျဉ်သားများထံက ရှာဖွေရသမျှ ပစ္စည်းများကို သိမ်းဆည်းသွားခြင်းကြောင့် အကျဉ်းသား ၁၅ ဦးသည် စတင်၍ အစာငတ်ခံဆန္ဒပြခဲ့ပြီး ၅၀ ဦးအထိ ပါဝင်လာခဲ့တယ်။ထိုနိုင်ငံရေးအကျဉ်းသား ၅၀ ဦးဟာ မုံရွာအကျဉ်းထောင် တာဝန်ခံ အရာရှိကိုယ်တိုင် အပတ်စဉ် ထောင်ပိုင်တန်းစီးတွင် ခွင့်ပြုထားသော အကျဉ်းသား တစ်ဦးလျှင် စာအုပ်သုံးအုပ်စီ သိမ်းဆည်းထားခြင်းကိုပြန်ပေးရန်၊ အကျဉ်းသား တစ်ဦး လျှင်ထောင်ဝတ်စုံ ပုံစံသုံးစုံစီ ခွင့်ပြုထားလျက် သိမ်းဆည်းသွားခြင်းကို ပြန်ပေးရန်၊ သိမ်းဆည်းသွားသော စာအိုးစားခွက်များနှင့် အစားအသောက်နှင့်ဟင်းများကိုပြန်ပေး ရန်၊ အကျဉ်းသားတစ်ဦးလျှင် စာ ၁၀ စောင်၊ ပုံ ၁၀ ပုံခွင့်ပြုထားလျက် သိမ်းဆည်း သွားသည့် ပုံများ၊ စာများကို ပြန်ပေးရန် စသည့် အချက်လေးချက်ကို တောင်းဆိုကာအစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ်တယ်။တပတ်ခန့်အကြာဆန္ဒပြအကျဉ်းသားတွေရဲ့ကျန်းမာရေးအခြေအနေဆိုးရွားလာပြီးနောက် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက် လေးချက်ကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက လိုက်လျောပေးခဲ့ခြင်းဖြစ်တယ်။ အစာငတ်ခံဆန္ဒပြနေသည့် ၅ ရက်တာအတွင်း အကျဉ်းသားသုံးဦးမှာ သတိမေ့မြော သွားခဲ့ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု ရရှိခဲ့ခြင်းမရှိဘဲကျန်နိုင်ကျဉ်းများမှာလည်းစစ်ကောင်စီလက်အောက်ခံများ၏လက်နက်အားကိုးဖြင့်စော်ကားပြောဆို မှုများ၊ အနိုင်ကျင့်ခံခဲ့ရခြင်းများ ရှိခဲ့ကြောင်း သိရတယ်။

လက်ရှိအချိန်မှာတော့ အစာငတ်ခံဆန္ဒပြခဲ့တဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေကတော့ မသိရ သေးဘူး။ တောင်းဆိုချက်တွေ ပြန်ရတဲ့အတွက် ဆေးဝါးတွေပြန်ပေးတာ။ ‌ကျန်းမာရေးကုသမှုပေးမယ်လို့ပဲ ယူဆထားတယ်။အကျဉ်းထောင်အာဏာပိုင်တွေ၊စစ်အုပ်စုတွေဟာတည်ဆဲဥပဒေတွေ၊အကျဉ်းထောင်ဥပဒေတွေကိုလစ်လျှူရှုပြီးတော့အမိန့်အာဏာတွေ၊ညွှန်ကြားချက်တွေနဲ့သွားနေတဲ့အတွက်ကြောင့်အခုလိုမျိုးလိုက်လျောလိုက်တာဟန်ပြသက်သက်ပဲထင်တယ်။စစ်‌ကောင်စီကဘယ်တော့မှသူတို့ရှုံးသွားတယ်အလျော့ပေးလိုက်ရတယ်ဆိုတာကိုငြိမ်ခံ၊လက်ခံတာမျိုးမရှိဘူး။အထူသဖြင့်ထောင်တွင်းတိုက်ပွဲတွေကပိုဆိုးတယ်။သူတို့ကအကျဉ်းသား၊အချုပ်သားကိုအလျော့ပေးရတယ်ဆိုတာမျိုး အဖြစ် မခံဘူး။ မီဒီယာတွေရော ပြည်သူတွေပါ ဒီကိစ္စကို ဆက်လက် စောင့်ကြည့်နေဖို့ လိုပါတယ်။

 

Related Posts

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)

December 6, 2025

မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့​​စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၅၊ ၂၀၂၅။ (သောကြာ)

December 5, 2025

စစ်ကော်မရှင်ကအသဲအသန်အလိုရှိနေတဲ့လူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းနဲ့အခြားသပိတ်ခေါင်းဆောင်နှစ်ဦးဟာဒီနေ့မနက်အစောပိုင်းမှာမန္တလေးမြို့ရဲ့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့စျေးချိုတော်မှာလက်ကမ်းစာစောင်တွေကြဲပြီးလျက်တပြတ်ဆန္ဒပြခဲ့ပါတယ်။သူတို့ဟာအချိန်တိုလေးအတွင်းမှာပဲစစ်ကောင်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြရန်၊လာမယ့်ဒီဇင်ဘာလ၁၀ရက်နေ့မှပြုလုပ်မယ့်အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ပေးကြဖို့ပြောသွားတယ်။ ဒေါက်တာတေဇာဆန်းဟာနာမည်ကြီးသပိ​တ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီးအရင်ကလဲမန္တလေးမြို့ထဲထိဝင်ကာဆန္ဒပြခဲ့ဖူးတယ်။စစ်ကော်မရှင်ကအပြည့်အဝထိန်းချုပ်ထားတဲ့​မန္တလေးလိုမြို့လည်ခေါင်မှာဆန္ဒပြရဲတဲ့သတ္တိကတော့လေးစားစရာပဲ။

အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၀၄၊ ၂၀၂၅။ (ကြာသပတေး)

December 4, 2025

TNLA စစ်ဦးစီးချုပ်ကမိုးမိတ်နဲ့မိုးကုတ်မြို့တွေကိုစစ်ကော်မရှင်ထံပြန်ပေးရတဲ့အတွက်အကြောင်းပြချက်တွေနဲ့တကွဆိုရှယ်မီဒီယာမှတဆင့်ပြည်သူကိုတောင်းပန်စကားဆိုပါတယ်။သူပေးတဲ့အကြောင်းပြချက်တွေထဲမှာတရုတ်ဖိအားတွေ၊လူအင်အားလက်နက်အင်အားနည်းပါးလာတာတွေ၊လက်နက်အကြွေးဒေါ်လာဘီလီယံနဲ့ချီပြီးတင်နေတာတွေပါဝင်တယ်။ဒါပေမယ့်မိုးကုတ်မြို့ကတွင်းထွက်ရတနာတွေကိုဂေါက်ကွင်းပါမချန်တူးဖော်ပြီးဒေါ်လာသန်းပေါင်းများစွာရရှိသွားတဲ့အကြောင်းတော့ထည့်မပြောသွားပါဘူး။ TLNA စစ်ဦးစီးချုပ်ရဲ့စကားတွေမှာပြည်သူတွေကျေနပ်စေမယ့်အချက်တွေလဲမပါဝင်ခဲ့ပါဘူး။TLNAဟာတရုတ်ရဲ့ဖိအားကြောင့်စစ်ကော်မရှင်နဲ့အပစ်ရပ်ခဲ့တာကိုပြည်သူတွေနားလည်ပေးခဲ့တယ်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုပြန်ပေးဖို့သဘောတူခဲ့တဲ့အထိနားလည်ပေးခဲ့တယ်။ဒါပေမယ့်ထိုမြို့တွေကိုNUGလက်အောက်ခံPDFတပ်တွေအစွမ်းကုန်ကာကွယ်သွားမယ်လို့ထုတ်ပြန်ပြီးချိန်မှာTLNAကိုယ်တိုင်စစ်တပ်​ကိုခေါ်သွင်းလာတဲ့အချက်ကိုတော့ဘယ်လိုမှနားလည်ပေးလို့မရပါဘူး။ထိုအချက်နဲ့ပတ်သက်ပြီးTLNAစစ်ဦးစီးချုပ်ကဘာဖြေရှင်းချက်မှပေးမသွားပါဘူး။ဒါ့ကြောင့်သူတို့ဘာပဲပြောပြောသူတို့လုပ်ရပ်တွေကိုသမိုင်းမှာမှတ်တမ်းတင်သွားမှာပါ။

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English