LATEST STORIES

ဇူလိုင် ၀၆၊ ၂၀၂၃။ (ကြာသပတေး)

ကယားပြည်နယ်ဘက်မှာတော့စစ်ကောင်စီတပ်တွေဟာအင်အားဖြည့်တင်းမှုကိုအလုံးအရင်းနဲ့ပြုလုပ်နေတယ်။ မယ်စဲ့ကိုသိမ်းလိုက်ပြီးတဲ့နောက်မှာ စစ်ကောင်စီက တခြားကယားဒေသတွင်းက နေရာတွေမှာ ရဟတ်ယာဉ်နဲ့ရောလေယာဉ်နဲ့ပါအင်အားဖြည့်တာတွေဆက်တိုက်လုပ်နေတယ်။တော်လှန်ရေးကာလအတွင်း မြို့တစ်မြို့လုံးကို ပထမဆုံးထိန်းချုပ်နိုင်ခဲ့သည့် ဖြစ်စဥ်ကြောင့် ကယားဒေသတွင်း ကျန်ရှိသော နေရာများကို ထိန်းချုပ်နိုင်ရန် သို့မဟုတ် မယ်စဲ့မြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းနေတာလို့ယူဆရတယ်။အရင်ကကယားပြည်နယ်မှာတပ်မ၅၅နဲ့၆၆သာရှိခဲ့ရာမှအခုဆိုရင်တပ်မ၄၄၊တပ်မ၉၉စတဲ့တပ်မကြီးတွေထပ်မံဝင်ရောက်လာတယ်။ဒီပုံအတိုင်းဆိုရင်နောက်အကျဆုံးဒီမိုးရာသီအကုန်မှာစစ်တပ်ဘက်ကထိုးစစ်ကြီးတွေပြန်လည်စတင်ဖို့ရှိလိမ့်မယ်။စစ်ကောင်စီကမတ်လဆန်းကတည်းကထိုးစစ်ဆင်နေပေမယ့်လဲအခုချိန်ထိအထိအခိုက်အဆုံးအရှံးတွေသာများလျက်ရှိတယ်။

Read moreDetails

ဇူလိုင် ၀၅၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ချင်းပြည်နယ်ဘက်မှာဟားခါးမြို့ကနေထန်ထလန်မြို့ကိုစစ်ကြောင်းထိုးချီတက်နေတဲ့စစ်ကောင်စီတပ်တွေဟာတော်လှန်ရေးအဖွဲ့တွေရဲ့အပြင်းအထန်ခုခံမှုကြောင်းရှေ့ဆက်မတိုးနိုင်တော့ပဲတပ်ပြန်ခေါက်သွားရတယ်လို့သိရတယ်။ပြီးခဲ့တဲ့လဆန်းပိုင်းကတည်းကတော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ထန်တလန်မြို့ကိုအင်အားဖြည့်ဖို့လက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူတွေအလုံးအရင်းသုံးပြီးဖြေးဖြေးချင်းရှေ့တိုးလာခဲ့တာပါ။ဒါပေမယ့်ခုခံတိုက်ခိုက်မှုတွေကြောင့်ထင်သလောက်ခရီးမပေါက်ပဲတလခန့်အကြာမှာရည်မှန်းချက်ကိုမရောက်နိုင်တော့ပဲတပ်ပြန်ခေါက်သွားရတယ်။ ဒါ့အပြင်ချင်းပြည်နယ်မှာစစ်ကောင်စီသံချပ်ကာကားနှစ်စီးကိုဖျက်စီးနိုင်ခဲ့တဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကိုNUGကတစ်စီးကိုသိန်းနှစ်ထောင်နှုန်းနဲ့စုစုပေါင်းသိန်းလေးထောင်းချီးမြှင့်ခဲ့တယ်။NUGကစစ်ကောင်စီရဲ့တင့်ကား၊သံချပ်ကာကား၊လေယာဉ်တွေကိုဖျက်စီးနိုင်မှုနဲ့ပတ်သက်ပြီးဆုငွေကြေငြာထားတာကြာပါပြီ။ဒါဟာပွဲဦးထွက်ဆုငွေချီးမြှင့်နိုင်မှုတစ်ခုပါပဲ။

Read moreDetails

စစ်ကိုင်းတိုင်းတွင် စစ်တပ်က လူသတ်မီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေ

အာဏာသိမ်းစစ်ကောင်စီတပ်သည် လက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း လူသတ်မီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေရာ ပြီးခဲ့သည့် ၁၀ ရက်တာအတွင်း စစ်ကိုင်းတိုင်း၊ မြို့နယ် ၈ မြို့နယ်တွင် အရပ်သား ပြည်သူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။...

Read moreDetails

ဇူလိုင် ၀၄၊ ၂၀၂၃။ (အင်္ဂါ)

စစ်ရေးလှုပ်ရှားမှုတွေနည်းပါးနေတဲ့ကချင်ပြည်နယ်မှာဒီလဆန်းပိုင်းကစပြီးတိုက်ပွဲတွေပြန်လည်ပြင်းထန်လာတယ်။KIAဟာPDFတွေကိုနောက်ကွယ်ကနေပံ့ပိုးနေပေမယ့်စစ်တပ်နဲ့ထိပ်တိုက်မတွေ့တော့ပဲငြိမ်နေတာအတော်ကြာနေပြီ။အခုတော့ငြိမ်နေလို့မရတော့ဘူး။စစ်ကောင်စီတပ်တွေကKIAဌာနချုပ်လိုင်ဇာနားကရွာတွေကိုစစ်ကြောင်းထိုးလာပြီလေ။အဲ့ဒီတော့လိုင်ဇာနဲ့၁၀မိုင်ခန့်အကွာမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်။ထိုနေရာဟာအရင်ကစစ်တပ်ကထိန်းချုပ်ထားပြီးဒီကာလမှာKIAကပြန်လည်ထိန်းချုပ်ထားလို့စစ်ကောင်စီကပြန်လည်ရယူဖို့ကြိုးစားလာတယ်။လိုင်ဇာနဲ့၁၀မိုင်ခန့်သာကွာဝေးတာကြောင့်KIAအနေနဲ့လဲလက်လွှတ်လို့မဖြစ်ပဲအပြင်းအထန်ပြန်လည်ခုခံနေတယ်။စစ်တပ်ကအင်အားတွေထပ်မံတိုးချဲ့နေတာကြောင့်တိုက်ပွဲတွေပိုမိုပြင်းထန်မယ့်သဘောရှိတယ်။

Read moreDetails

ဇူလိုင် ၀၃၊ ၂၀၂၃။ (တနင်္လာ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်သိမ်းပိုက် မီးရှို့ခံရပြီးနောက် တိုက်ပွဲရှုံးတဲ့ စစ်အုပ်စုက လက်နက်မဲ့ ပြည်သူတွေကို ရန်ပြုကာ ညောင်ပင်ကြီးနဲ့ အနီးဝန်းကျင် ရွာတွေကို ရက်(၂၀)ကျော်ကြာစီးနင်းထားပြီးထင်တိုင်းကျဲလူသတ်၊လုယက်၊မီးရှို့တာတွေကျူးလွန်နေပါတယ်။ဒါကြောင့်ကျေးရွာ (၁၂)ရွာက ထောင်သောင်းချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။မပြေးနိုင်လို့ ရွာထဲမှာ ကျန်ခဲ့တဲ့ရွှေအင်းလေးနဲ့ရွာရှည်ရွာကအဘိုးအဘွားနှစ်ဦးယခုရက်ပိုင်းအစာငတ်ပြီးသေခဲ့ဆုံးတယ်။သက်ကြီးရွယ်အိုတွေမို့...

Read moreDetails

ဇူလိုင် ၀၂၊ ၂၀၂၃။ (တနင်္ဂနွေ)

ရန်ကုန်မြို့လှိုင်သာယာနဲ့ရွှေပြည်သာကအထည်ချုပ်စက်ရုံ၂ရုံမှာလုပ်ခတိုးတောင်းဖို့ဦးဆောင်သူတွေကိုဆူပူအောင်လှုံ့ဆော်မှုနဲ့စစ်ကောင်စီကဖမ်းဆီးလိုက်တယ်။အလုပ်သမားခေါင်းဆောင်၇ဦးနဲ့အလုပ်သမားအရေးကူညီသူ၃ဦးစုစုပေါင်း၁၀ဦးပါ။ဖမ်းဆီးထားသူတွေဟာစက်ရုံအလုပ်ရုံတွေမှာဆန္ဒပြကြဖို့လှုံ့ဆော်တယ်လို့စစ်ကောင်စီကစွပ်စွဲထားတယ်။ စစ်အာဏာသိမ်းပြီးနောက်မြန်မာပြည်မှာအလုပ်သမားအခွင့်အရေးတွေပျောက်ဆုံးသွားတာပါ။အထူးသဖြင့်စက်မှုဇုန်ထဲကအလုပ်သမားတွေပေါ့။အလုပ်သမားအခွင့်အရေးတောင်းဆိုလို့မရတာကိုအခွင့်ကောင်းယူပြီးအလုပ်ရှင်တွေကလုပ်ခလစာနှိမ်ပေးကြတယ်။မခံနိုင်လို့လစာတိုးတောင်းရင်လဲစစ်ကောင်စီကအလုပ်သမားတွေဘက်မရပ်တည်ပဲအခုလိုဖမ်းဆီးတယ်။ရန်ကုန်စက်မှုဇုန်တွေထဲကအလုပ်သမားတွေဟာတကယ့်ကိုနင်းပြားဖြစ်နေပါပြီ။

Read moreDetails

မိုခါ မုန်တိုင်းအလွန် ကူကယ်ရာမဲ့နေသည့် ရခိုင်ပြည်သူများ

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး တစ်လခွဲကျော်ကြာချိန်အထိ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များ၏ထိရောက်သည့် ကူညီ၊ကယ်ဆယ်မှုများကိုမရရှိသည့်အပြင် အာဏာသိမ်းစစ်တပ်၏ ကန့်သတ်၊ပိတ်ဆို့မှုများကိုပါရင်ဆိုင်နေရသည့်မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေပြီး နောက်ဆက်တွဲ ရောဂါဘယနှင့် ရာဇဝတ်မှုအန္တရာယ်များကိုပါ စိုးရိမ်နေရသည်။ မုန်တိုင်းဒဏ်ကို အဓိက ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦးမြို့နယ်များမှာ ပျက်စီးဆုံးရှုံးမှု...

Read moreDetails

ဇူလိုင် ၀၁၊ ၂၀၂၃။ (စနေ)

အဏာသိမ်းစစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်အဟုန်မြှင့်တင်ရန်အတွက် အဓိကလမ်းမကြီးများကို ညပိုင်းအချိန်သွားလာခွင့်ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ကန့်သတ်လိုက်ပြီ။ညအချိန်သွားခွင့်တားမြစ်ထားသည့် လမ်းပိုင်းများမှာ ကုန်သွယ်ရေးအချက်အခြာကျသည့် ရန်ကုန် - မန္တလေး အမြန်လမ်း၊ ရန်ကုန် - မန္တလေးလမ်းဟောင်း၊ ပဲခူး -...

Read moreDetails

ဇွန် ၃၀၊ ၂၀၂၃။ (သောကြာ)

တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ကရင်နီပြည်နယ်၊မယ်စဲဒေသမှာစစ်တပ်ကလေယာဉ်တစီးကိုတော်လှန်ရေးအဖွဲ့တွေကပစ်ချနိုင်ခဲ့ပါတယ်။စစ်ကောင်စီဟာမယ်စဲမြို့ကိုပြန်လည်ရရှိရေးအတွက်လက်နက်ကြီးနဲ့လေကြောင်းပစ်ကူအလုံးအရင်းသုံးကာတိုက်ခိုက်လျက်ရှိတယ်။ထိုတိုက်ပွဲတွေအတွင်းမှာစစ်တပ်ဖက်ဗုံးကြဲဖို့အနိမ့်ပျံသန်းလာတဲ့တိုက်ခိုက်ရေးလေယာဉ်တစ်စီးကိုတော်လှန်ရေးအဖွဲ့တွေကလက်နက်ငယ်တွေနဲ့ပဲပစ်ချနိုင်ခဲ့တယ်လို့သိရတယ်။ပျက်ကျသွားတဲ့လေယာဉ်ဟာအပေါ့စားအမောင်းသင်တိုက်ခိုက်ရေးလေယာဉ်တစ်စီးဖြစ်ပြီးသံလွင်မြစ်ကမ်းဘေးမှာပျက်ကျသွားတယ်။ထိုနေရာကိုစစ်တပ်ကရဟတ်ယာဉ်၃စီးလောက်နဲ့ဝိုင်းရံထားလို့အထောက်အထားတွေတော့မရနိုင်သေးဘူး။ဘာပဲပြောဒါဟာလဲတော်လှန်ရေးကာလမှာစစ်တပ်ဖက်ကလေယာဉ်တစ်စီးကိုပထမဆုံးပစ်ချနိုင်ခြင်းလို့ပြောလို့ရတယ်။

Read moreDetails

ဇွန် ၂၉၊ ၂၀၂၃။ (ကြာသပတေး)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ကျုံအိတ်တံတားကို KNLA ပူးပေါင်းအဖွဲ့ကပြီးခဲ့တဲ့ရက်ကမိုင်းခွဲဖျက်စီးခဲ့တယ်။ထိုကျုံအိတ်တံတားမှာ ရန်ကုန်-မော်လမြိုင်-မြဝတီ၊ ရန်ကုန်-မော်လမြိုင်-ထားဝယ် စသည့် ကုန်သွယ်ရေးအရအရေးပါတဲ့လမ်းပေါ်တွင်ရှိနေပြီး စစ်ကောင်စီ၏ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ဖျက်ဆီး ခဲ့ခြင်းဖြစ်တယ်။ ကျုံအိတ်တံတားမိုင်းခွဲဖျက်ဆီးခံရပြီးနောက် လာရောက် စစ်ဆေးသည့် စစ်ကောင်စီလက်အောက်ခံ...

Read moreDetails
Page 97 of 233 1 96 97 98 233

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist