LATEST STORIES

စက်တင်ဘာ ၁၉၊ ၂၀၂၅။ (သောကြာ)

အာဆီယံအဖွဲ့ဝင်ဖြစ်ရေး မျှော်မှန်းနေသည့် တီမောက  စစ်ကော်မရှင်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ပြီးနောက် အာဏာသိမ်း စစ်ကော်မရှင်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို ရုံးဖွင့်လှစ်ခြင်း၊ တရားမဝင် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ခွင့်ပြုမည် မဟုတ်ကြောင်း စစ်ကော်မရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးအား တွေ့ဆုံကတိပေး ပြောဆိုခဲ့တယ်။...

Read moreDetails

စက်တင်ဘာ ၁၈၊ ၂၀၂၅။ (ကြာသပတေး)

တကယ်တော့ ကုန်စျေးနှုန်းတွေတက်လာတာ စစ်ကော်မရှင်ရဲ့စနက်တွေပါပဲ။ပီးခဲ့တဲ့လကစပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေရော လေကြောင်းကုန်သွယ်ရေးကိုရော ပိတ်လိုက်တယ်။ပြည်ပက ဘာကုန်ပစ္စည်းမှမဝင်တော့ဘူး။ဒါ့အပြင် ပြည်တွင်းမှာလဲလွတ်လပ်စွာကုန်စည်စီးဆင်းခွင့်ကို ပိတ်ပင်ထားသေးတယ်။ရန်ကုန်မန္တလေးကုန်သွယ်ရေးလမ်းမကြီးတွေပေါ်မှာတောင် စစ်​အုပ်စုကဂိတ်ပေါင်းများစွာဖွင့်ပြီး ဆက်ကြေးကောက် ဓားပြတိုက်နေတယ်။ကုန်ကားတွေဆက်ကြေးပေးရတာများလွန်းလို့ မထွက်နိုင်ကြတော့ဘူး။ထိုအကျိုးသက်ရောက်မှုတွေကို အခုစတင်ခံစားနေရပြီဖြစ်တယ်။အဓိကကတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်မဖွင့်ပေးသမျှကုန်စျေးနှုန်းတွေက တက်နေမှာပဲ။နိုင်ငံထဲကို သွင်းကုန်မှန်သမျှပိတ်ထားပြီး ကုန်သွယ်ရေးပိုငွေပြနေပါတယ်လို့စစ်ကော်မရှင်က ကြွေးကြော်နေသေးတယ်။ဦးနှောက်မရှိတဲ့သူတွေ...

Read moreDetails

စက်တင်ဘာ ၁၇၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ကာလအတော်ကြာအမြင့်စျေးမှာ တည်ငြိမ်နေတဲ့ကုန်စျေးနှုန်းတွေဟာ ဒီလ​ထဲမှာ ထပ်တက်လာနေတယ်။ကုန်စျေးနှုန်းတွေတက်လာပြီဆိုရင် သိသာပါတယ်။လက်ဖက်ရည်တစ်ခွက်၊မုန့်ဟင်းခါးတပွဲစျေးကအစ ကျပ်နှစ်ရာ၊သုံးရာတက်သွားတယ်။တချို့စားသောက်ကုန်တွေဆို ငါးရာ၊တစ်ထောင်တက်ကုန်တယ်။ အရင်က​ဆိုဒေါ်လာစျေးတက်ရင် ကုန်စျေးနှုန်းတွေလိုက်တက်တတ်တယ်။အခုဒေါ်လာစျေးကမတက်တဲ့အပြင် ကျနေသေးတယ်။မနှစ်က ဒီလိုအချိန်မှာဒေါ်လာစျေးက တစ်ဒေါ်လာကျပ်ခြောက်ထောင်ကျော်အထိ ဖြစ်သွားသေးတယ်။အခုဆို၄၅၀၀ခန့်ကနေ ၄၃၀၀ခန့်အထိကျလာနေတာပါ။စစ်ကော်မရှင်ကလဲ ဒေါ်လာတွေဆက်တိုက်ထုတ်ရောင်းနေတာလဲ ပါမှာပေါ့။မြန်မာပြည်ရဲ့ မူမမှန်တဲ့စီးပွားရေးကြောင့် ဒေါ်လာ​စျေးကျနေပေမယ့်လဲ ကုန်စျေးနှုန်းတွေတက်နေတာပါ။ကုန်စျေးနှုန်းတက်နေပေမယ့်လဲ အခြေခံလူတန်းစားတွေရဲ့...

Read moreDetails

စက်တင်ဘာ ၁၆၊ ၂၀၂၅။ (အင်္ဂါ)

နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုက ထိုအထွေထွေထိုးစစ်ဟာ NUGလက်အောက်ခံတပ်တွေ သီးသန့်လုပ်ဆောင်လို့မရပဲ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကပါ ပူးပေါင်းပါဝင်ကြမှသာစစ်ကော်မရှင်ကို ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။အခြားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်မယ်ဆိုရင်လဲ စစ်ရေးအရ မပူးပေါင်းခင်နိုင်ငံရေးအရကြိုတင်သဘောတူညီချက်တွေ မဖြစ်မနေရှိထားဖို့ လိုအပ်ပါတယ်။အခုချိန်ထိတော့ ထိုအရာကိုမတွေ့ရသေးပါဘူး။စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမတိုင်မှီ တော်လှန်ရေးအင်အားစုတွေကြား ဘုံသဘောတူညီချက်တစ်ခုရရှိဖို့ကြိုးစားနေတယ်လို့တော့ သိထားတယ်။ အခြားအဖွဲ့တွေ အချိန်ကိုက်ပါဝင်မှုမရှိပဲNUGတစ်ဦးထဲ...

Read moreDetails

စက်တင်ဘာ ၁၅၊ ၂၀၂၅။ (တနင်္လာ)

နိုင်ငံတဝန်းတော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာချိန်မှာ NUGကသူတို့ပြုလုပ်မယ့်အထွေထွေထိုးစစ်ကြီးအကြောင်းကို မကြာခဏထုတ်ပြောလာနေတယ်။NUGကာကွယ်ရေးဝန်ကြီးက လက်နက်၊ရိက္ခါနဲ့အခြားလိုအပ်တာ​​တွေ စုဆောင်းပြင်ဆင်နေပြီးမဖြစ်မနေပြုလုပ်သွားမယ့်အ​ကြောင်း ထပ်လောင်းပြောတယ်။ဒါ့အပြင် NUGလက်အောက်ခံတပ်တွေအတွက် ဒုစစ်ဦးစီးချုပ်ရာထူးကို MDY PDF ခေါင်းဆောင်ဒေါက်တာစိုးသူရဇော်​ကို​ နေရာပေးထားတယ်လို့သိရတယ်။တော်လှန်ရေးစကတည်းက လိုအပ်နေတဲ့NUGရဲ့စစ်ဦးစီးချုပ်နေရာကတော့ အခုချိန်ထိ ဘယ်သူဘယ်ဝါမှန်မသိရသေးပါဘူး။ အထွေထွေထိုးစစ်ဆိုတာကြီးကို လုပ်ဖြစ်မယ်ဆိုရင်တော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမတိုင်မှီဒါမှမဟုတ်ရွေးကောက်ပွဲနဲ့...

Read moreDetails

စက်တင်ဘာ ၁၄၊ ၂၀၂၅။ (တနင်္ဂနွေ)

ရှမ်းမြောက်မှာလဲ စစ်ကော်မရှင်ကကျောက်မဲမြို့ဘက်ကို တရစပ်ထိုးစစ်ဆင်နေပါတယ်။ကျောက်မဲမြို့ကို ရရှိဖို့အတွက် မိုးကုတ်မြို့ဘက်ကို ထိုးစစ်ဆင်တာရပ်ထားတယ်။ဒါပေမယ့် မိုးကုတ်မြို့ကိုမကြာခဏဆိုသလို ဗုံးကြဲပြီးပြည်သူတွေကိုခြိမ်းခြောက်နေပါတယ်။စစ်ကော်မရှင်ရဲ့ ကျောက်မဲထိုးစစ်ဟာအခုဆိုရင်မြို့နဲ့ဆယ်မိုင်ခန့်အကွာအထိ ရောက်ရှိနေပါပြီ။TLNAဘက်ကလဲ အပြင်းအထန်ခုခံနေပါတယ်။လောလောဆယ်မှာဖျက်စီးခံထားရတဲ့ မန္တလေးလားရှိုးလမ်းမကြီးပေါ်ကဂုတ်တွင်းနဲ့ ဂုတ်ထိပ်တံတားတွေကို စစ်အုပ်စုကအပူတပြင်းပြင်ဆင်နေပါတယ်။ထိုတံတားတွေ ကောင်းသွားရင်တော့ စစ်ကူတွေလက်နက်ရိက္ခါတွေအများအပြားကို စစ်အုပ်စုကပိုမိုပို့​ဆောင်နိုင်တော့မှာပါ။အဲဒီလိုဖြစ်လာရင်တော့ကျောက်မဲမြို့ကိုလဲ စစ်အုပ်စု သိမ်းယူသွားနိုင်​တော့မှာပါ။

Read moreDetails

စက်တင်ဘာ ၁၃၊ ၂၀၂၅။ (စနေ)

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာအေအေနဲ့ စစ်ကော်မရှင်တပ်တို့တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပါတယ်။အေအေတပ်တွေဟာ စစ်အုပ်စုရဲ့လက်နက်ထုတ်တဲ့စက်ရုံတစ်ခုဖြစ်တဲ့ ကပစ၆အနီးထိ ရောက်ရှိ​လာနေပြီဖြစ်တယ်။ဒါ့ကြောင့် စစ်အုပ်စုဟာအလန့်တကြားနဲ့ အေအေတပ်တွေပြန်ဆုတ်သွားအောင် အင်ဖြည့်တင်းပြီး တိုက်စစ်ဆင်နေတာပါ။စစ်အုပ်စုက တိုက်စစ်​ဆင်နေပေမယ့်လဲ အကြိမ်ကြိမ်ပြန်လန်ကြနေတယ်။အဆိုပါတိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်ကအင်အားငါးရာကျော်သေဆုံးသွားပြီး ပျောက်ဆုံးထွက်ပြေးသူတွေလဲ အများအပြားရှိနေတယ်။ဒါပေမယ့်လဲ ထပ်မံအင်အားဖြည့်တင်းပြီး အေအေတပ်တွေကို မောင်းထုတ်ဖို့ကြိုးစားနေတယ်။ စစ်ကော်မရှင်ဟာ...

Read moreDetails

စက်တင်ဘာ ၁၂၊ ၂၀၂၅။ (သောကြာ)

ရန်ကုန်မြို့မြေနီကုန်းကလူသွားလူလာနည်းနဲ့ လမ်းတစ်ခုမှာfoodpandaပို့သမားလေးတစ်​ယောက်ရဲ့ Delivery Bag ပုံလေးတစ်ခုဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံနှံလာတယ်။အိတ်ထဲမှာလဲ ပို့ရမယ့်ပစ္စည်းလေးတွေရှိနေသေးတယ်တဲ့။ဒါဆိုထိုဒယ်လီသမားလေးက ဘယ်ရောက်သွားတာလဲ။လုယက်ခံလိုက်ရတာ ဖြစ်နိုင်တယ်။အဖြစ်နိုင်​ဆုံးကတော့ ပေါ်တာဆွဲခံလိုက်ရတာပဲ။ ဒီကာလမှ Deliveryသမားလေးတွေလို အခြေခံလူတန်းစားတွေရဲ့ဘဝတွေက အတော်သနားဖို့ကောင်းပါတယ်။ဝမ်းစာအတွက် လမ်းပေါ်မှာပင်ပန်းကြီးစွာရုန်းကန်နေရချိန်မှာ အချိန်မရွေးစစ်အုပ်စုရဲ့ ပေါ်တာဆွဲခြင်းကိုခံသွားရနိုင်တယ်။ရန်ကုန်မှာလဲ တပတ်ကိုလူငယ်နှစ်ဆယ်ဦးခန့်ပေါ်တာဆွဲခံနေရတယ်လို့ သတင်းအချို့ကဆိုပါတယ်။စစ်ကော်မရှင် အုပ်ချုပ်မှုအောက်က...

Read moreDetails

စက်တင်ဘာ ၁၁၊ ၂၀၂၅။ (ကြာသပတေး)

မန္တလေးမြို့နဲ့စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ဧရာဝတီမြစ်ကူးတံတားပေါ်မှာ စစ်အုပ်စုကပေါ်တာဆွဲနေတာအခြေအနေ အတော်ဆိုးလာပါတယ်။နေ့စဥ်နီးပါး ပေါ်တာဆွဲနေတာကြောင့် စစ်ကိုင်းမှမန္တလေးကိုအလုပ်သွားလုပ်မယ့် လူငယ်တွေ အလုပ်နားလိုက်ရတယ်။ဒေသတွင်းက ခရီးသယ်တင်ယာဥ်လိုင်းတွေလဲ နားထားကြတယ်။စစ်ကိုင်းမြို့ပေါ်မှာလဲ လူသွားလူလာ ကင်းရှင်းပြီးတိတ်ဆိတ်နေတယ်။ ဒီထပ်ပိုဆိုးတာကတံတားပေါ်မှာ ပေါ်တာဆွဲနေလို့တံတားအောက်ကနေ စက်လှေတွေဇက်ရေယာဥ်တွေနဲ့ မြစ်ကိုဖြတ်ကူးတဲ့ပြည်သူတွေကိုပါ ဆိပ်ကမ်းမှာဖမ်းပြီး ပေါ်တာဆွဲနေတာပါ။ထိုနေရာဟာဖြတ်သန်းသွားလာသူများတဲ့အတွက် စစ်အုပ်စုအတွက် စိတ်ကြိုက်ပေါ်တာဆွဲဖို့...

Read moreDetails

စက်တင်ဘာ ၁၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ကိုသတ်မှတ်ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် မပြည့်မှီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကော်မရှင်က ဖျက်သိမ်းလိုက်ပါတယ်။ထိုပါတီဟာတနိုင်ငံလုံးမှာဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီအနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။NDFပါတီအပြင်အခြားပါတီနှစ်ခုလဲ ဖျက်သိမ်းခြင်းခံလိုက်ရတယ်။ NDFပါတီဟာ ၂၀၁၀ရွေးကောက်ပွဲကာလကတည်းက NLDပါတီကခွဲထွက်ပြီး ထူထောင်ထားတဲ့ပါတီဖြစ်တယ်။အစပိုင်းမှာတော့ ဒီမိုကရေစီပါတီတစ်ခုဖြစ်ပြီး နော​က်ပိုင်းမှာတော့စစ်တပ်နဲ့ ပူးပေါင်းသွားခဲ့တယ်။ဒါပေမယ့်နောက်ဆုံးမှာတော့စစ်ကော်မရှင်ဟာ သူတို့အတွက်အတိုက်အခံပါတီဖြစ်လာနိုင်မယ့် ပါတီတစ်ခုကို...

Read moreDetails
Page 4 of 235 1 3 4 5 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist