LATEST STORIES

စက်တင်ဘာ ၂၉၊ ၂၀၂၅။ (တနင်္လာ)

ကျောက်မဲမြို့ကိုထိုးစစ်ဆင်နေတဲ့စစ်​ကော်မရှင်စစ်ကြောင်းတွေဟာမြို့နဲ့သုံးမိုင်အကွာအထိရောက်ရှိလာနေပါပြီ။မြို့ထဲမှာတော့အစိုးရဌာနဆိုင်ရာရုံးတွေအကြီးအကျယ်မီးလောင်နေပါတယ်။စစ်တပ်လော်ဘီတွေကတော့TLNAကမီးရှို့တာလို့စွပ်စွဲနေပြီးTNLAကတော့စစ်တပ်ကဗုံးကြဲလို့မီးလောင်နေတာလို့ပြန်ပြောထားတယ်။မြို့ထဲကTLNAတပ်ဖွဲ့တွေစတင်ဆုတ်ခွာနေပြီလို့လဲကြားတယ်။ကျောက်မဲမြို့ကတော့ရက်ပိုင်းအတွင်းမှာပဲကျတော့မှာပါ။ ဗန်းမော်မြို့မှာလဲတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲပါ။ထိုမြို့မှာတော့KIAရဲ့အခြေအနေဟာTLNAလောက်မဆိုးသေးပါဘူး။စစ်တပ်ရဲ့ထိုးစစ်ကိုတန်ပြန်ထိုးစစ်တွေအခုချိန်ထိလုပ်နိုင်သေးတယ်။ဗန်း​မော်မြို့တိုက်ပွဲမှာတော့ဘယ်ဘက်ကမှသိသိသာသာအသာစီးမရသေးတာတွေ့ရတယ်။

Read moreDetails

စက်တင်ဘာ ၂၈၊ ၂၀၂၅။ (တနင်္ဂနွေ)

စစ်ကိုင်းတိုင်းဘက်ကိုသွားမဲ့ ကုန်တင်ကားတွေ မန္တလေးက စွယ်တော်ကားကွင်းမှာ စစ်ဆေးခံရဖို့ တစ်ပတ်ခန့် အကြာ တန်းစီနေရပါတယ်။ ထိုကုန်ကားတွေဟာ စစ်ကိုင်းဘက်ကိုကုန်စည်စီးဆင်းမှုပိတ်ပင်လိုက်တဲ့ ဇူလိုင်လအလယ်လောက်ကစပြီး  မန္တလေးမြို့၊ စွယ်တော်ကားကြီးကွင်းမှာ ယာဉ်စစ်ဆေးခံရတာဖြစ်တယ်။ တန်းမစီဘဲ အလှည့်ကျော်မယ်ဆိုရင် ကျပ်နှစ်သောင်းကနေ တစ်သိန်းခွဲအထိ စစ်ဆေးရေးအဖွဲ့ကို ပေးနေရတယ်။...

Read moreDetails

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို ထိထိရောက်ရောက်အနှောက်အယှက် မပေးနိုင်သေးပါဘူး။စဥ်းစားမိသလောက်ထိုဥပဒေမအောင်မြင်အောင်လုပ်နိုင်မယ့် အချက်နှစ်ချက်လောက်ပဲရှိမယ်။အဲ့ဒါတွေကိုတော့ စစ်တပ်ထဲကလူသစ်လေးတွေ အစုလိုက်အပြုံလိုက်လက်နက်တွေယူပြီးထွက်ပြေးတာနဲ့ စစ်တပ်ကိုတပ်တွင်း ပုန်ကန်မှုလုပ်တာမျိုးပေါ့။ဒါပေမယ့်အခုလို ဥပဒေသက်တမ်းတစ်နှစ်ကျော်ကြာလာတဲ့ အချိန်မှာဖြစ်နိုင်ဖို့ခဲယဥ်းသွား​ပါပြီ။စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေဟာ အနှောက်အယှက်ကြီးကြီးမားမားမရှိပဲ အောင်မြင်သွားပြီလို့ ကောက်ချက်ချလို့ရပြီ။

Read moreDetails

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)

စစ်မှုထမ်းဥပဒေစတင် ကြေညာလိုက်တဲ့အချိန်တုန်းကရှေ့တန်းရောက်ရင် ထွက်ပြေးမယ်၊သေနတ်ရရင်ပြန်ပစ်ပြီးပေးမယ် စသဖြင့် ကိုယ်ထင်ရာတွေလျောက်ပြောကြပြီးအဆိုဥပဒေဟာ ထင်သလောက်အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့အချို့က သုံးသပ်ခဲ့ကြတယ်။အကြမ်းဖက်စစ်တပ်ရဲ့လူသစ်စုဆောင်းရေးနည်းဗျူဟာနဲ့ ဝါဒမှိုင်းရိုက်သွင်းနိုင်စွမ်းကိုလျော့တွက်ခဲ့ကြတယ်။ စစ်အုပ်စုဟာ နည်းမျိုးစုံနဲ့လူသစ်စု​ဆောင်းနေတယ်။အစောပိုင်းအပတ်စဥ်တွေမှာ ကိုယ့်သဘောနဲ့ကိုယ်စစ်တပ်ထဲ ဝင်ချင်သူတွေရှိခဲ့တယ်။ထိုသူတွေကုန်သွားချိန်မှာတော့ ရပ်ကွက်ကျေးရွာတွေထဲက လမ်းသရဲတွေ၊သူခိုးဂျပိုးတွေကိုဖမ်းဆီးပြီး စစ်တပ်ထဲသွင်းခဲ့တယ်။နောက်ပိုင်းမှာတော့ ပေါ်တာဆွဲပြီးဖမ်းဆီးလာတာကို တွေ့ရတယ်။ဒါတွေကိုကြည့်ရင် စစ်တပ်ဟာ အခုချိန်ထိအောက်ခြေကနင်းပြားလူတန်းစားမျိုးကိုသာ...

Read moreDetails

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)

စစ်ကော်မရှင်ဟာ အပတ်စဥ်အလိုက်လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်နေတာ အပတ်စဥ်၁၅ခုကျော်လာပါပြီ။အချိန်အပိုင်းအခြားအားဖြင့်လဲ တစ်နှစ်ကျော်ခန့်ရှိလာနေပါပြီ။ဒီကာလအတွင်းမှာ စစ်သားစုဆောင်းခံရပြီးအကြမ်းဖက်စစ်တပ်ထဲ ရောက်သွားတဲ့လူငယ်အရေအတွက်ဟာ စာရင်းထဲမှာတင် အနည်းဆုံးခြောက်သောင်းခန့်ရှိနေပါပြီ။ဒါပေမယ့်စစ်တပ်ထဲကနေ ပြန်ထွက်ပြေးပြီးတော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံလာသူအရေအတွက်ဟာ တနိုင်ငံလုံးမှာမှ သုံးထောင်ခန့်သာရှိပါသေးတယ်။ရာခိုင်နှုန်းအားဖြင့် စစ်တပ်ထဲပါသွားသူအရေအတွက်ရဲ့ ငါးရာခိုင်နှုန်းသာပြန်လည်ထွက်ပြေးလွတ်မြောက်နိုင်တယ်လို့ ပြောလို့ရတယ်။ဒါဟာအလွန်နည်းတဲ့ အရေအတွက်ပါပဲ။အတင်းအဓ္ဓမစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရသူတွေဟာ အကြမ်းဖက်စစ်တပ်ထဲမှာ ပျော်နေကြပြီလား။

Read moreDetails

စက်တင်ဘာ ၂၄၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

ကရင်ပြည်နယ်မြဝတီမြို့အနီးက KNUနဲ့ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့လေးကေကော်မြို့သစ်ကို စစ်ကော်မရှင်ကထိုးစစ်စလာပါပြီ။စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေ ပြင်းထန်နေတယ်။လောလောဆယ်မှာတော့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ခုခံမှုကြောင့် ထိုစစ်ကြောင်းတွေအကုန်အကျအဆုံးတွေနဲ့ တက်လန်ကျသွားတယ်လို့သိရတယ်။ အဆိုပါစစ်တပ်စစ်ကြောင်းတွေဟာ စစ်မှုထမ်းလူသစ်တပ်သားတွေကိုရှေ့ဆုံးမှာထားပြီး တ​က်လာတာပါ။တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဒါကိုသိပေမယ့်မပစ်ပဲသနားနေရင် ကိုယ့်ဘက်ကခံရ​မှာဖြစ်တဲ့အတွက် အတင်းအဓ္ဓမစစ်မှုထမ်းဖို့ ခေါ်ဆောင်လာသူတွေဆိုပေမယ့်လဲ အကြမ်းဖက်စစ်တပ်ထဲရောက်နေရင် အကြမ်းဖက်စစ်သူပုန်တွေအဖြစ် သုတ်သင်ရမှာပဲ။

Read moreDetails

စက်တင်ဘာ ၂၃၊ ၂၀၂၅။ (အင်္ဂါ)

ရန်ကုန်ကမြို့နယ်ရပ်ကွက်တွေထဲမှာ စစ်ကော်မရှင်ကပြုလုပ်နယ့်အတုအယောင်ရွေးကောက်ပွဲအတွက် အစမ်းသရုပ်ပြပွဲတွေ စတင်လုပ်ဆောင်လာတယ်။ရပ်ကွက်အတွင်းဧည့်စာရင်းနဲ့ နေထိုင်သူတွေရဲ့ဧည်စာရင်းစာအုပ်တွေကို သိမ်းသွားတယ်။ထိုသရုပ်ပြပွဲကိုမတက်ရင် ဧည့်စာရင်းစာအုပ်ကိုပြန်မထုတ်ပေးပါဘူး။အနုနည်းနဲ့ အကြပ်ကိုင်တာပေါ့။အဲ့ဒီတော့ သူတို့လုပ်တဲ့သရုပ်ပြပွဲကို ကြိုက်ကြိုက်မကြိုက်သွားရတယ်။ဒါတောင်အခုက အစမ်းသရုပ်ပြပွဲပဲရှိသေးတယ်။တကယ်ရွေးကောက်ပွဲဖြစ်လာရင် မဲလာထည့်ကြဖို့ဘယ်လိုအ​​ကြပ်ကိုင်ဦးမလဲ မသိဘူး။ဒါကြောင့်စစ်ကော်မရှင်အုပ်ချုပ်မှုအောက်က ပြည်သူတွေကတော့ရွေးကောက်ပွဲကို ကန့်ကွက်ဖို့နေနေသာသာ မဲမပေးပဲတောင်နေလို့ ရမယ်မထင်ဘူး။

Read moreDetails

စက်တင်ဘာ ၂၂၊ ၂၀၂၅။ (တနင်္လာ)

ငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးမြို့မှာ ဈေးဆိုင်ခန်းတွေ အားလုံး မှန်ကာရံတာ၊ မှန်တံခါးတပ်တာကို စက်တင်ဘာလအတွင်းမှာ အပြီးသတ်လုပ်ဖို့ စစ်အုပ်စုလက်အောက်ခံ စည်ပင်ဌာနက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အမိန့်ကို မလိုက်နာရင်ဆိုင်ပိတ်သိမ်းသည်အထိအရေးယူမယ်လို့ ဆိုတယ်။ မန္တလေးမြို့မှာ စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တာ ငါးလကျော်လာတဲ့အထိ ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်သေးသလို အခကြေးငွေ...

Read moreDetails

စက်တင်ဘာ ၂၁၊ ၂၀၂၅။ (တနင်္ဂ​နွေ)

ကရင်ပြည်နယ်မှာ မြဝတီကော့ကရိတ်အာရှလမ်းမကြီးကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်းမှာလဲတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။မြဝတီမြို့အနီးက လက်ခက်တောင်ကိုပြန်လည်သိမ်းပိုက်လိုက်ပါပြီ။ဒါ့အပြင်လေးကေကော်မြို့သစ်နဲ့ မကြာသေးမီက သူတို့ဆုံးရှုံးထားတဲ့ထိုင်းနယ်စပ်ကစခန်းတွေကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်။ဒါ့ကြောင့် ​အာရှလမ်းမကြီးကိုလဲ ပိတ်ထားရဆဲပါ။ထိုလမ်းမကြီးပြန်မဖွင့်နိုင်သမျှတော့ ပြည်တွင်းမှာကုန်ပစ္စည်းတွေ စျေးတက်နေဦးမှာပဲ။

Read moreDetails

စက်တင်ဘာ ၂၀၊ ၂၀၂၅။ (စနေ)

စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ကဗန်းမောက်မြို့ကို NUG PDF တပ်တွေ သိမ်းယူလိုက်ပါတယ်။ထိုမြို့ကိုစက်တင်ဘာ ၁၅ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးငါးရက်အကြာမှာ သိမ်းယူနိုင်ခဲ့တယ်။မြို့အခြေစိုက် စစ်တပ်တပ်ရင်းတွေမရှိတာ​ကြောင့်လဲ မြန်မြန်ဆန်ဆန်သိမ်းယူနိုင်တာပါ။မြို့ကိုသိမ်းနိုင်ပဲမယ့် မြို့အနောက်ဘက်မှာတော့ စစ်အုပ်စုရဲ့တပ်စခန်းအချို့ကျန်ပါသေးတယ်။ ဗန်းမောက်မြို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့၊ပင်လည်ဘူးမြို့တို့နဲ့မနီးမဝေးမှာတည်ရှိတယ်။စစ်ရေးအရတော့ အများကြီးအချက်အခြာမကျပါဘူး။ဧပြီလမှာ အင်းတော်မြို့ကိုသိမ်းပိုက်နိုင်ပြီးနောက်ပိုင်း ငါးလကြာမှတော်လှန်ရေးအင်အားတပ်ဖွဲ့တွေအနေနဲ့ နောက်ထပ်မြို့တစ်ခုကို...

Read moreDetails
Page 3 of 235 1 2 3 4 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist