LATEST STORIES

စက်တင်ဘာ ၀၉၊ ၂၀၂၅။ (အင်္ဂါ)

စစ်ကော်မရှင်နဲ့ တော်လှန်ရေးအင်အားစုတွေအားပြိုင်နေတဲ့ နွေဦးတော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ ဒီနှစ်ကုန်နောက်နှစ်ဆန်းအချိန်လောက်မှာ ပြတ်ပြတ်သားသားထွက်ပေါ်လာနိုင်ပါတယ်။စစ်​ကော်မရှင်ဟာရွေးကောက်ပွဲမတိုင်ခင် ဆုံးရှုံးထားတဲ့နယ်မြေတွေကို ရသလောက် ပြန်တိုက်ယူမှာပါ။လက်ရှိစစ်ရေးအခြေအနေတွေအရ ရွေးကောက်ပွဲမတိုင်မှီမှာပဲ ရှမ်းမြောက်က ကျောက်မဲ၊သီပေါမြို့၊မန္တလေးတိုင်းထဲမှာ စဉ့်ကူးနဲ့မိုးကုတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ထပ်မံလက်လွတ်ရနိုင်ပါတယ်။ဒါ့အပြင် ကချင်ပြည်နယ်ဗန်းမော်မြို့နဲ့ကရင်ပြည်နယ်ကိုလဲ ပြန်လည်ထိန်းချုပ်သွားမှာပါ။ဒီအတိုင်းဆိုရင် ဒီနှစ်ကုန်လောက်မှာ စစ်ကော်မရှင်ဘက်ကသိသိသာသာ စစ်ရေးအရအသာစီးရလာနိုင်ပါတယ်။ ဒုတိယအဆင့်အနေ​နဲ့ရွေးကောက်ပွဲအပြီးမှာ...

Read moreDetails

စက်တင်ဘာ ၀၈၊ ၂၀၂၅။ (တနင်္လာ)

မနေ့ဟာNUGအနေနဲ့ မတရားအာဏာလုယူထားတဲ့ စစ်အာဏာရှင်တွေကို ခုခံတော်လှန်စစ်​စတင်ပြီလို့ကြေညာခဲ့တဲ့နေ့ပါ။၂၀၂၁ခုနှစ်ကကြေညာခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင်လေးနှစ်​​ကျော်ရှိလာခဲ့ပါပြီ။လေးနှစ်ကျော်ကာလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဟာ နယ်မြေအတော်များများ သိမ်းပိုက်စိုးမိုးနိုင်နေပေမယ့် လက်ရှိအချိန်မှာတော့ စိန်ခေါ်မှုတွေအကြပ်အတည်းတွေကို အကြီးအကျယ်ရင်ဆိုင်နေရတယ်။ စစ်ကော်မရှင်ဟာ တရုတ်အကူအညီနဲ့တနိုင်ငံလုံံးမှာ တော်လှန်ရေးအင်အားစုတွေကို တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် စစ်ပွဲတွေပြင်းထန်နေတယ်။ပြည်နယ်နဲ့တိုင်း ၁၄ခုမှာတိုက်ပွဲတွေလုံးဝမရှိသေးတဲ့ မွန်ပြည်နယ်နဲ့ရန်ကုန်တိုင်းကလွဲပြီး ကျန်တဲ့ဒေသကြီး၁၂ခုလုံးမှာတန်ပြန် ထိုးစစ်ဆင်နေတာပါ။စစ်ကော်မရှင်ရဲ့ထိုးစစ်တွေကြောင့်...

Read moreDetails

စက်တင်ဘာ ၀၇၊ ၂၀၂၅။ (တနင်္ဂနွေ)

အာရှလမ်းမကြီးကို ပြန်လည်လက်လွတ်ရတာဟာ ကရင်ပြည်နယ်ကတော်လှန်ရေးတပ်ဖွဲ့တွေအတွက် များစွာနစ်နာပါတယ်။ကော့ကရိတ်မြို့ကနေ မြဝတီမြို့မထိထိုဒေသတကြောလုံးကို ၁၀၂၇စစ်ဆင်ရေးကာလနဲ့အပြိုင်အသက်သွေးချွေးနဲ့ အချိန်များစွာရင်းနှီးပြီးတိုက်ယူခဲ့ရတာပါ။အခုတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ခြေကုတ်ယူထားတဲ့ဒေသတစ်ခုလုံးနီးပါးကို အလွယ်တကူပြန်လည် လက်လွတ်လိုက်ရတယ်။ကရင်ပြည်နယ်ထဲကတော်လှန်ရေးကို အရှိုက်ထိစေခဲ့တယ်။ အခုချိန်မှာတော့ စစ်ကောင်မရှင်တပ်တွေဟာ နယ်မြေထိန်းချုပ်ရေးကို လုပ်ဆောင်နေတယ်။ပြီးရင်တော့ဒေသတွင်းက အခြားနေရာတွေကိုပါ ဆက်လက်ထိုးစစ်ဆင်လာတော့မှာပါ။ဒီတိုင်းဆိုရင် မကြာသေးမှီကသိမ်းပိုက်ထားတဲ့ ထိုင်းနယ်စပ်ကဥကရစ်ထစခန်းလို့...

Read moreDetails

စက်တင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)

ကရင်ပြည်နယ်ကစစ်ရေးနဲ့စီးပွားရေးအရ အလွန်အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကိKNUနဲ့ပူးပေါင်းအဖွဲ့တွေရုတ်တရက် ဆုတ်ခွာပေးလိုက်ခြင်းမှာနောက်ကွယ်က အကြောင်းတရားတွေ ရှိနေပါတယ်။ထိုလမ်းကြီးတလျောက်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေအပြင်​ စောချစ်သူရဲ့နယ်ခြားစောင့်တပ် BGFတွေလဲရှိနေတယ်။စစ်ကောင်မရှင်ရဲ့ အောင်ဇေယျစစ်ကြောင်းစတင်ကတည်းက BGFဟာနှစ်ဘက်လုံးဘက်မပါပဲခွထိုင်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။အခုတော့BGFဟာ စစ်ကော်မရှင်ကိုကူညီပြီး ဒေါနတောင်ပေါ်တက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကို လမ်းပြပေးတယ်။မြဝတီဘက်ကတက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုလဲ လမ်းဖွင့်ပေးလိုက်တယ်။ဒါကြောင့်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအနေနဲ့ ဆက်လက်ခုခံဖို့မဖြစ်နိုင်တော့ပဲအာရှလမ်းမကြီးကို လက်လွတ်လိုက်ရတာဖြစ်တယ်။တကယ်တော့...

Read moreDetails

စက်တင်ဘာ ၀၅၊ ၂၀၂၅။ (သောကြာ)

ကရင်ပြည်နယ်ဒေါနတောင်ပေါ်ကစစ်အုပ်ရဲ့ အောင်ဇေယျစစ်ကြောင်းဟာစစ်ကြောင်းလေးခုခန့်ခွဲပြီး ထိုးစစ်ဆင်လာတာလို့သိရတယ်။ပင်မစစ်ကြောင်းကို ဒေါ်နတောင်ပေါ်မှာတော်လှန်ရေးတပ်ဖွဲ့တွေက ကောင်းစွာပိတ်ဆို့ထားနိုင်ပေမယ့်တောလမ်းကနေ နောက်ထပ်စစ်ကြောင်းနှစ်ခု ပတ်တက်လာခဲ့တယ်။ဒါ့အပြင်မြဝတီမြို့မှ စုစည်းနေတဲ့စစ်ပြေးစစ်သားတွေက နောက်ထပ်စစ်ကြောင်းတစ်ခုအဖြစ် တပ်လာတာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့သုံးဘက်ညှပ်ပြီး တိုက်ခိုက်ခံနိုင်ရခြေရှိတာကြောင်း ဆုတ်ခွာပေးလိုက်ရတာလို့သိရတယ်။အခုတော့စစ်တပ်စစ်ကြောင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်ခဲ့တဲ့ သင်္ဃန်းညီနောင်အထိ ရောက်ရှိလာပါပြီ။အာရှလမ်းမကြီးမှာလဲအတားအဆီးမရှိသလောက် ဖြစ်သွားတာမို့သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ မြဝတီမြို့အထိမကြာခင် ရောက်ရှိသွားပါလိမ့်မယ်။ ထိုအောင်ဇေယျစစ်ကြောင်းဟာ ၂၀၂၄ဧပြီလကတည်းကမြဝတီမြို့ကိုသုံးရက်အတွင်း...

Read moreDetails

စက်တင်ဘာ ၀၄၊ ၂၀၂၅။ (ကြာသပတေး)

မြဝတီမြို့အနီးဒေါ်နတောင်တန်းပေါ် အာရှလမ်းမပေါ်မှာစစ်ကော်မရှင်ရဲ့အောင်ဇေယျစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့​KNUနဲ့ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေ ပြန်ဆုတ်လာရပြီလို့သိရတယ်။စက်တင်တာဘာလတစ်ရက်နေ့ကစပြီး စစ်ကော်မရှင်ကမြဝတီမြို့ကို ရက်ကိုးဆယ်နဲ့ချီတက်မယ်လို့ကြွေးကြော်ပြီးအင်အားအများအပြားနဲ့ ဒေါ်နတောင်ပေါ်စစ်ကြောင်းပြန်ထိုးလာလို့ဒီရက်တွေအတွင်း တိုက်ထိုဒေသတဝိုက်မှာတိုက်ပွဲတွေ အလွန်ပြင်းထန်နေပါတယ်။အစောပိုင်းရက်တွေက တိုးလာတဲ့စစ်တပ်စစ်ကြောင်းတွေအကြိမ်ကြိမ် ပြန်လန်ကျနေတဲ့သတင်းတွေကို သာသိနေရတယ်။အခုမှရုတ်တရက်ကြီးအောင်ဇေယျစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အဖွဲ့တွေ ပြန်ဆုတ်လာရတဲ့အခြေအနေကိုတော့သေချာမသိရသေးပါဘူး။ထိုနေရာကဆုတ်ခွာပေးရရင် အာရှလမ်းမကြီးကို တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်မှုကို လက်လွတ်ရနိုင်ပါတယ်။

Read moreDetails

စက်တင်ဘာ ၀၃၊ ၂၀၂၅။ (ဗုဒ္ဓဟူး)

တရုတ်ပြည်ရောက်နေတဲမင်းအောင်လှိုင်ဟာ မြန်မာပြည်မှာအကောင်အထည်ဖော်မယ့်မြစ်ဆုံဆည်လို တရုတ်စီမံကိန်းကြီးတွေအားလုံးကို အမြန်ပြန်လည်စတင်ဖို့အာမခံခဲ့တယ်။ထိုစီမံကိန်းတွေအားလုံးဟာ မြန်မာပြည်အကျိုးအတွက် တစ်ခုမှမပါပဲတရုတ်ပြည်ကောင်းစားရေး စီမံကိန်းတွေပါ။ဒါ့ကြောင့်အရပ်သားအစိုးရလက်ထက်တွေမှာ တချို့စီမံကိန်းတွေကိုဖျက်သိမ်းပြီးတစ်ချို့ကို အရွယ်အစားလျော့ချခဲ့တယ်။အခုမင်းအောင်လှိုင်ကတော့ သူရှင်သန်ရေးအတွက် တရုတ်ကိုဖားပြီးတရုတ်ကျွန်လုပ်တော့မယ့်သဘောပဲ။ ဒါ့အပြင်မင်းအောင်လှိုင်ဟာ တရုတ်ပြည်မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့လဲ တွေ့ဆုံနိုင်ခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတကာသံတမာန်ရေးရာမှာ စစ်အုပ်စုဟာတဖြည်းဖြည်းနဲ့လက်တန်ရှည်လာပါပြီ။စစ်ခေါင်းဆောင်နောက်တစ်ခေါက်အလည်အပတ် သွားရောက်မယ်ံနိုင်ငံကအိန္ဒိယနိုင်ငံဖြစ်လာတော့မှာပါ။စစ်အုပ်စုကိုနိုင်ငံကြီးတွေ တနိုင်ငံပြီးတနိုင်ငံထောက်ခံနေချိန်မှာတော်လှန်ရေးအင်အားစုတွေကတော့ ဖိအားတွေနဲ့ တဖြည်းဖြည်းရင်ဆိုင်နေရပါတယ်။

Read moreDetails

စက်တင်ဘာ ၀၂၊ ၂၀၂၅။ (အင်္ဂါ)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကျဥ်းထောင်ထဲမှာကျန်းမာရေးမကောင်းတဲ့ သတင်းတွေထွက်ပေါ်နေတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာနှလုံးရောဂါခံစားနေရတယ်။စစ်အုပ်စုကသမားတော်နဲ့ ကုသခွင့်မပေးပဲ သာမာန်ထောင်ဆရာဝန်နဲ့သာ လွတ်ထားတာကြောင့်အခြေအနေပိုဆိုးလာတယ်လို့သိရတယ်။ပြီးခဲ့တဲ့တစ်ခေါက်ကလဲ သူမဟာသွားကိုက်ဝေဒနာ ခံစားနေရတဲ့သတင်းတွေ တက်လာသေးတယ်။စစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုအနုနည်းနဲ့သတ်ချင်ရင်ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှော​က်မှုအလုံအလောက်မပေးယုံနဲ့ ပြုလုပ်နိုင်တာကြောင့် သူမရဲ့အခြေအနေကစိုးရိမ်စရာပါ။

Read moreDetails

စက်တင်ဘာ ၀၁၊ ၂၀၂၅။ (တနင်္လာ)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်​နိုင်ငံကိုရောက်နေပြန်ပါပြီ။တရုတ်သမ္မတရှီကျင့်ပင်ဖိတ်လို့ စစ်ရေးပြအခမ်းအနားနဲ့စီးပွားရေးဆိုင်ရာ အစည်းအဝေးတစ်ခုကိုတက်ရောက်ရန်သွားတာဖြစ်တယ်။အရင်တစ်ခေါက်က ခန့်မှန်းခဲ့သလိုပါပဲ။ရုရှားမှာတရုတ်သမ္မတနဲ့တွေ့ဆုံ​အပြီးမှာ တရုတ်ပြည်ကိုဖိတ်ခေါ်ခံရတယ်။တရုတ်မြေမှာသမ္မတရှီကျင့်ပင်နဲ့လဲ သီးခြားတွေ့ဆုံခွင့်ရတယ်။စစ်ကော်မရှင်ပြုလုပ်မယ့်အတုအယောင်ရွေးကောက်ပွဲကိုလဲ ထောက်ခံသွားမယ်ပြောတယ်။ဒါတွေကိုကြည့်ရင် တရုတ်ရောရုရှားပါ စစ်ကော်မရှင်ကိုအတိအလင်း ထောက်ခံနေတဲ့သဘောပါပဲ။နောက်ပိုင်းမှာလဲ စစ်ကော်မရှင်ဟာသူအသက်ဆက်နိုင်​ရေးအတွက် တရုတ်ဆီကအကူအညီများစွာ ဆက်လက်ရရှိသွားမှာပါ။

Read moreDetails

သြဂုတ် ၃၁၊ ၂၀၂၅။ (တနင်္ဂနွေ)

မန္တလေးမြို့အနီးကMDY PDFတွေ သိမ်းပိုက်ထားတဲ့ဖ​ယောင်းတောင်ရွှေလုပ်ကွက်နဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ အယ်လဖာဘိလပ်မြေစက်ရုံတို့ကို စစ်အုပ်စုကထိုးစစ်ဆင်ပြီးပြန်လည်သိမ်းပိုက်လိုက်ပါတယ်။ထိုဒေသကထိုးစစ်တွေမှာတော့ စစ်အုပ်စုဟာ လူအင်အားအလုံးအရင်းအသုံးမပြုပဲ နည်းပညာအင်အားသုံးဒရုန်းတွေနဲ့ တိုက်ခိုက်သွားတာလို့သိရတယ်။ထိုနေရာတွေကို MDY PDFကတစ်နှစ်နီးပါးခန့် ထိန်းချုပ်ထားရာမှ အခုပြန်လက်လွတ်လိုက်ရတာပါ။စစ်အုပ်စုရဲ့သာလွန်လာတဲ့ ဒရုန်းတွေကို တုန့်ပြန်ဖို့တော်လှန်ရေးအင်အားစုတွေမှာ လုံလောက်နဲ့နည်းပညာမရှိသေးပါဘူး။ထိုဒရုန်းနည်းပညာကို သေချာမကာကွယ်နိုင်ရင် တော်လှန်ရေးအင်အားစုတွေ တဖြည်းဖြည်းနဲ့...

Read moreDetails
Page 5 of 235 1 4 5 6 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist