LATEST STORIES

စက်တင်ဘာ ၂၅၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

အင်းလေးကန်အနီးက နာမည်ကျော်ခရီးသွားမြို့လေးဖြစ်တဲ့ ကလောမြို့မှာလဲ ရေဘေးကိုအတော်လေးခံလိုက်ရပါတယ်။တောင်ပေါ်မြို့ဖြစ်တာကြောင့်မြေပြိုမှုတွေပါရှိခဲ့ပြီး အိမ်တွေအလုံးလိုက် မြေ​အောက်ရောက်ကုန်ကြတယ်။မိသားစုလိုက်ပျောက်ဆုံး၊သေဆုံးမှုတွေရှိခဲ့တာကြောင့် ထိုတစ်မြို့ထဲမှာတင် ပျောက်ဆုံးသေဆုံးသူ တစ်ရာကျော်ရှိနေတယ်။အခုတော့ရေကျသွားပေမယ့် မြို့ထဲမှာတင်နေတဲ့နှုန်းနှစ်တွေကို ခက်ခက်ခဲခဲရှင်းလင်းနေရတယ်။မြို့ရှင်းလင်းရေးလုပ်ငန်းတွေကို စစ်ကောင်စီကဘာမှကူညီပေးခြင်းမရှိပဲ ကိုယ်ထူကိုယ်ထလုပ်ဆောင်နေရတယ်။ မန္တလေးတိုင်းအလယ်ပိုင်းမှာတော့ အခုချိန်ထိတချို့ရွာတွေ ရေနစ်နေဆဲပဲ။မြစ်သားမြို့ကရွာတစ်ချို့ဟာ အနီးရှိကင်းတာဆည်က ရေဆက်လွတ်နေတာကြောင့် အခုချိန်ထိ ရေမကျသေးပါဘူး။မြေပြန့်ကမြို့ရွာတွေမှာတော့...

Read more

စက်တင်ဘာ ၂၄၊ ၂၀၂၄။ (အင်္ဂါ)

နိုင်ငံတဝန်းရေဘေးကြုံနေရတဲ့ ဒေသအများစုမှာ ရေတွေပြန်ကျသွားပေမယ့် အခုချိန်ထိရေပြန်မကျသေးတဲ့ ဒေသနှစ်ခုရှိနေပါတယ်။ကရင်နီပြည်နယ်လွိုင်ကော်၊မိုး​​​ဗြဲမြို့တွေနဲ့ ရှမ်းတောင်က အင်းလေးဒေသတွေပါ။ ကရင်နီပြည်နယ်မှာ ရေဘေးစကြုံကတည်းက ဘီလူးချောင်းရေလျှံမှုနဲ့မိုး​ဗြဲဆည်က ရေတွေဆက်တိုက်ဖောက်ချနေတာကြောင့် ရေဘေးကိုဆက်လက်ကြုံတွေ့နေရတယ်။လွိုင်ကော်မှာဆို မြို့လယ်ကောင်အထိရေတက်နေပြီး ထပ်တောင်တိုးလားနေတယ်။စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့တွေလဲ လွတ်လပ်စွာမသွားလာနိုင်ကြဘူး။မိုး​ဗြဲမြို့မှာလဲ ထိုနည်းတူပါပဲ။ရေပင်လယ်ကြီးဖြစ်လို့နေတယ်။ ရှမ်းတောင်ကနာမည်ကျော်အင်းလေးကန်ထဲက ရွာတွေလဲကန်ရေအဆမတန်...

Read more

စက်တင်ဘာ ၂၃၊ ၂၀၂၄။ (တနင်္လာ)

တရုတ်ကြားခံငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAAတောင်းဆိုပြီး ၃ရက်အကြာ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းကထပ်မံတိုက်ခိုက်ခဲ့ပါတယ်။မနေ့ည ၁၀နာရီ၁၅မိနစ်နှင့် ၁၀နာရီ ၂၀မိနစ် ကြားတွင် အင်အားပြင်း ဗုံးနှစ်လုံးကြဲသွားခြင်းဖြစ်တယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုကို မသိရှိရသေးဘူး။ထိုမတိုင်မီ စက်တင်ဘာ ၁၃ရက်ညကလည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ရာ...

Read more

စက်တင်ဘာ ၂၂၊ ၂၀၂၄။ (တနင်္ဂနွေ)

ပြည်ပရောက်လုပ်သားတွေရဲ့၃ လစာ လွှဲပို့​ငွေတွေကို အေဂျင်စီတွေမှတဆင့် စစ်​ကောင်စီက တောင်းနေပါတယ်။ပြည်ပအကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေကနေ နိုင်ငံအလိုက် စေလွှတ် ခဲ့ တဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲ ပို့ငွေ အထောက်အထားတွေကို တင်ပြရမယ်လို့ သိရတယ်။ တကယ်လို့မတင်ပြနိုင်ရင် အလုပ်ခေါ်စာအသစ်(Demand Letter)တင်ပြခွင့်ရပ်ဆိုင်းမယ့်အပြင်...

Read more

စက်တင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)

တရုတ်ရဲ့ဖိအားတွေကြောင့်နဲ့ ရေဘေးကြောင့် တနိုင်ငံလုံးမှာတိုက်ပွဲတွေ ခေတ္တရပ်တန့်သလို ဖြစ်သွားတယ်။စစ်ကောင်စီအတွက်တော့ အသက်ရှူချောင်သွားတာပေါ့။ဒါပေမယ့် TLNAက တောင်ခမ်းနဲ့သီပေါမြို့ကို အပြီးသတ်ရရှိရေး ဆက်လက်တိုက်ခိုက်နေသလို ကချင်ပြည်နယ်မှာလဲKIAနဲ့စစ်တပ်တို့ ကျောက်စိမ်းထွက်ရှိရာဖားကန့်မြို့မှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတယ်။ဒါ့အပြင် ဧရာဝတီမြစ်အထက်ပိုင်းမှာမြစ်ကြောင်းကို အသုံးပြုပြီး စစ်တပ်ကလက်နက်နဲ့ရိက္ခါတွေ ပို့ဆောင်နေတာကြောင့် ထိုစစ်ရေယာဥ်အုပ်စုကို တော်လှန်ရေးအဖွဲ့တွေ...

Read more

စက်တင်ဘာ ၂၀၊ ၂၀၂၄။ (သောကြာ)

MNDAAက ထုတ်တဲ့စာနဲ့ပတ်သက်ပြီး တချက်ချင်းဆီသုံးသပ်ရရင်တော့ NUGနဲ့မပတ်သတ်ဘူးလို့ပြောတာဟာ တရုတ်အလိုကျပြောရတာပါ။တကယ်မြေပြင်မှာNUGနဲ့ ပတ်သတ်ဆက်နွယ်မှုတွေ အများကြီးရှိနေပါတယ်။အနည်းဆုံးတော့ NUGကMNDAAကို လူအင်အားထောက်ပံပေးထားပြီးMNDAAက NUGကိုလက်နက်အင်အား ပြန်ထောက်ပံပေးထားပါတယ်။စစ်ရေး၊နိုင်ငံရေး သဘောတူညီချက်တွေလဲရှိထားတယ်လို့ သိရတယ်။ဒါပေမယ့်တရုတ်က မပတ်သတ်စေချင်ဘူးဆိုတော့လဲ တရုတ်အလိုကျစာထုတ်ပေးလိုက်တဲ့သဘောပါပဲ။ မန္တလေးနဲ့တောင်ကြီးကို မတိုက်ဘူးဆိုတာကလဲ ထိုမြို့တွေMNDAAကတိုက်ခိုက်မယ်လို့ ဘယ်တုန်းကမှာပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။ပြီးတော့MNDAAရဲ့ အဓိကခြေကုတ်နယ်မြေဟာ...

Read more

စက်တင်ဘာ ၁၉၊ ၂၀၂၄။ (ကြာသပတေး)

မနေ့ကMNDAAရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေ အမျိုးမျိုးထွက်ပေါ်လာပါပြီ။MNDAAက တော်လှန်ရေးကို ကျောခိုင်းသွားပြီဆိုတာကတဖွဲ့၊ဒီလောက်ကူတိုက်ပေးနေတာတောင် တော်လှပြီဆိုတာကတဖွဲ့၊စောင့်ကြည့်ပါဦးဆိုတာ​က တဖွဲ့စသဖြင့် တုန့်ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာတယ်။MNDAAဟာ လားရှိုးမြို့ကိုတောင်သိမ်းပိုက်ထားနိုင်တဲ့အဖွဲ့ဖြစ်ပြီး တရုတ်ရဲ့ကြီးမားတဲ့ဖိအားကြောင့်သာ အခုလိုထုတ်ပြန်လာရတာဖြစ်တယ်။ဒီကြေညာချက်ပတ်သက်ပြီး NUGကတော့ဘာမှမှတ်ချက်မပေးလိုဘူးလို့တော့ ပြောထားတယ်။တော်လှန်ရေးရဲ့ အရှိန်အဟုန်ကတော့ လျော့ကျသွားမှာသေချာတယ်။

Read more

စက်တင်ဘာ ၁၈၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်ကောင်စီကိုရှမ်းမြောက်မှာ ဦးတည်တိုက်ခိုက်နေတဲ့နေတဲ့ မြောက်ပိုင်းသုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့MNDAAက ကြေညာချက်တစ်စောင် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။MNDAAက NUGနဲ့စစ်ရေး၊နိုင်ငံရေးပူးပေါင်းမှာမဟုတ်သလို စစ်ရေးချဲ့ထွင်တဲ့အနေနဲ့ မန္တလေးနဲ့တောင်ကြီးကို သိမ်းပိုက်မှာမဟုတ်ဘူးလို့ ကြေညာချက်ထဲပါရှိလာတယ်။ဒါ့အပြင်တရုတ်နိုင်ငံကို ဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတက်ကြွစွာပါဝင်မှာဖြစ်ပေမယ့် ကိုယ့်ကိုကိုယ်ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ ကိုင်စွဲထားတယ်လို့ဆိုတယ်။ကြေညာချက်အနှစ်ချုပ်ကတော့ ဒီလောက်ပါပဲ။ စစ်ကောင်စီနဲ့တိုက်ပွဲတွေရပ်ဖို့ ညီနောင်သုံးဖွဲ့ကို တရုတ်ကဖိအားပေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်MNDAAရဲ့ ဒီကြေညာချက်ထွက်ပေါ်လာတာပါ။ပြီးခဲ့တဲ့လကုန်ပိုင်းကလဲ...

Read more

အတွေးအမြင်စစ်​ကောင်စီ၏ဗီဇကို ထပ်​ဖော်ပြ​လိုက်​သော ရေ​ဘေး

ယောနသံ/People’s Spring အာဏာသိမ်းခေါင်းဆောင်၏ မျက်နှာဖုံးကို နေပြည်တော်တွင်သူများက စက်တင်ဘာ ၁၁ရက်​နေ့မှာ မိုးထဲရေထဲတွင် ခွာချလိုက်သည်။ အာဏာသိမ်း​ခေါင်းဆောင်နှင့် စစ်အုပ်စုက ပြည်သူများအ​ပေါ် ရက်စက်ယုတ်မာမှု ၊တာဝန်မဲ့မှု၊ ​စေတနာမဲ့မှု ၊အရည်အချင်း မရှိမှု တို့ကို ၎င်းနှင့် အနီးဆုံးရှိ​နေ​သော...

Read more

စက်တင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)

နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ သေဆုံးသူသုံးရာခန့်ရှိပြီး ပျောက်ဆုံးသူလဲ အများအပြားရှိနေပါတယ်။ အမေရိကန်နဲ့ တချို့နိုင်ငံတွေကတော့ အကူအညီတွေ ပေးအပ်သွားမယ်လို့ ပြောထားတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလဲ နိုင်ငံတကာက အကူအညီတွေယူမယ်တဲ့။ ထိုအကူအညီတွေ...

Read more
Page 6 of 197 1 5 6 7 197

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist