LATEST STORIES

စက်တင်ဘာ ၁၆၊ ၂၀၂၄။ (တနင်္လာ)

ရန်ကုန်လေဆိပ်မှာ အစစ်အဆေး ၊အတားအဆီးမရှိ ပြည်ပထွက်ခွင့်ရရှိရေး VIP Service  ရရှိမည်ဟုဆိုကာ ငွေလိမ်လည်မှုများ ဖြစ်ပွားနေပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်လေဆိပ်တွင် အလည်အပတ် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်မှုများ မရှိစေရေး စိစစ်တားဆီးရန် ဩဂုတ်လမှစတင်၍ ဆောင်ရွက်ခဲ့ပြီးနောက်...

Read more

စက်တင်ဘာ ၁၅၊ ၂၀၂၄။ (တနင်္ဂနွေ)

တနိုင်ငံလုံးရေဘေးကြုံနေရတာတောင် စစ်ကောင်စီဟာဗုံံးကြဲမပျက်ပါဘူး။တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့မင်းတပ်မြို့ကို မနေ့ညကဗုံးကြဲခဲ့ပါသေးတယ်။ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလဲ ရုပ်ပြကောင်းအောင်သာ လုပ်ဆောင်နေတယ်။ဒီထက်ဆိုးတာက တစ်ချို့ဒေသတွေမှာ လူမှုရေးအသင်းအဖွဲ့တွေ၊ပြည်သူတွေက တနိုင်တပိုင်ကူညီကယ်ဆယ်ရေးလုပ်နေတာတွေကို တားဆီးပိတ်ပင်လာတယ်။တောင်ငူမြို့မှာ ရေဘေးကူတဲ့အဖွဲ့တွေကိုလုံခြုံရေးအကြောင်းပြပြီး လွတ်လပ်စွာကယ်ဆယ်ရေးလုပ်ငန်းတွေမလုပ်နိုင်အောင် နှောက်ယှက်နေတယ်။ကရင်နီပြည်နယ်မှာ​ဆို ရေဘေးသင့်နေတဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေထဲကို လူတွေရော၊ရိက္ခါပစ္စည်းတွေပါ လုံးဝပေးမဝင်ပါဘူး။ဒါဟာရေဘေးသင့်ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာပါ။အခုကြုံနေရတဲ့ရေဘေးကြောင့်...

Read more

စက်တင်ဘာ ၁၄၊ ၂၀၂၄။ (စနေ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ ချောင်းဘေးတစ်လျှောက်မှာ ရေကြီးရေလျှံပြီး လူနေအိမ်တွေနဲ့ ဆေးရုံတွေ ရေနစ်မြုပ်ပြီးနောက် သေဆုံးသူ တစ်ရာခန့် ရှိလာပါပြီ။ ကလောမြို့ဟာ တောင်ပေါ်အပန်းဖြေမြို့လေးတစ်ခုဖြစ်ပြီး ရေကြီးမှုတွေအပြင် မြေပြိုမှုတွေပါ ဖြစ်နေလို့ အသေအပျောက်များနေတယ်။ အိမ်တွေဆို အလုံးလိုက်၊ မိသားစုလိုက်ကို ရေထဲမျောပါသွားပြီး...

Read more

စက်တင်ဘာ ၁၃၊ ၂၀၂၄။ (သောကြာ)

တနိုင်ငံလုံးနီးပါးရေဘေးကြုံနေရပေမယ့် စစ်ကောင်စီကတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဘာတစ်ခုမှ လုပ်ဆောင်တာမတွေ့ရသေးပါဘူး။တခြားဒေသတွေမှာ ကူညီပေးဖို့နေနေသာသာ သူတို့ရုံးစိုက်ရာနေပြည်တော်မှာတောင် ကယ်ဆယ်ရေးလုပ်ဆောင်တာ တွေ့ရသေးပါဘူး။မုန်တိုင်းအရှိန်ကြောင့် တချိန်ထဲမှာပဲထိုင်းနိုင်ငံမှာလဲ ရေကြီးနေပါတယ်။ထိုင်းအစိုးရဟာချက်ချင်း ရဟတ်ယာဥ်တွေသုံးပြီးကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်။တာချီလိတ်မြို့တဖက်ကမ်းက ချင်းမိုင်မြို့မှာထိုင်းစစ်တပ်ရေဘေးသင့်ပြည်သူတွေအတွက် လေကြောင်းကနေရိက္ခါတွေချပေးနေတာတွေ့ရတယ်။စစ်ကောင်စီကတော့ ရဟတ်ယာဉ်တွေကိုပြည်သူတွေကိုဗုံးကြဲသတ်ဖြတ်ဖို့သာ သုံးနေတာပါ။ ရေဘေးကြောင့် သေဆုံးသူတွေဟာလဲ အဆမတန်မြင့်တက်လာပါပြီ။ရမည်းသင်းနဲ့တောင်သာမြို့နယ်ထဲမှာတင် သေဆုံးသူအရေအတွက်...

Read more

စက်တင်ဘာ ၁၂၊ ၂၀၂၄။ (ကြာသပတေး)

ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံရဲ့ဒေသအများအပြားမှာရေကြီးမှုအခြေအနေဟာ ပိုမိုဆိုးရွားလာတယ်။ရေဘေးသင့်​ဒေသတွေဟာ ရှမ်းပြည်အရှေ့ပိုင်း၊ရှမ်းပြည်တောင်ပိုင်းကနေမန္တလေးတိုင်း၊ကရင်ပြည်နယ်၊ပဲခူးတိုင်းအထိပါ ကျယ်ပြန့်လာပြီ။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာဆို တာချီလိ​တ်မြို့၊ကရင်ပြည်နယ်မှာ ဘားအံနဲ့ မြဝတီမြို့၊မြဝတီမြို့ဆို မိုးဦးကာလကရေကြီးခဲ့သေးတာကြောင့် ၃လအတွင်းမှာဒါဒုတိယအကြိမ်မြောက်ဖြစ်တယ်။ပဲခူးတိုင်းမှာဆို တောင်ငူမြို့နဲ့စစ်တောင်းမြစ်ဘေးက မြို့တွေရေဘေးကြုံနေရတယ်။အဆိုးရွားဆုံးကတော့ မန္တလေးတိုင်းအလယ်ပိုင်းက နေပြည်တော်အပါအဝင်မြို့တွေပါ။မိုးသည်းထန်စွာရွာသွန်းလို့ ဆည်ရေတွေဖောက်ချတာကြောင့် တခါမှရေမကြီးဘူးတဲ့ဝမ်းတွင်း၊ရမည်းသင်း၊တောင်သာမြို့တွေမှာ ရေဘေးအကြီးအကျယ်ကြုံနေရတယ်။ဆည်ရေတွေဖောက်ချတာကိုလဲ စစ်ကောင်စီက ကြိုတင်သတိမပေးခဲ့ဘူး။ရမည်းသင်းမြို့နယ်မှာဆို ရွာလုံး​ကျွတ်ရေထဲမြောပါသွားပြီး...

Read more

စက်တင်ဘာ ၁၁၊ ၂၀၂၄။ (ဗုဒ္ဓဟူး)

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ဆိုးရွားစွာ ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပျဥ်းမနားနှင့် တပ်ကုန်းမြို့နယ်တို့တွင် ရေတက်နေပြီး ကျေးရွာအများအပြားရေမြုပ်ကာ ပြည်သူများပိတ်မိနေကြတယ်။ ရေစီးသန်နေတာကြောင့် စက်လှေတွေနဲ့ ကူးမရလို့ခ သစ်ပင်ပေါ်တွေ၊ ခေါင်မိုးပေါ်က လူတွေကိုထမင်းထုပ် လိုက်ဝေနေရတယ်။ ဖေ့ဘုတ်ပေါ်မှာလဲ ရေဘေးဒုက္ခတွေ့နေသူတွေရဲ့...

Read more

စက်တင်ဘာ ၁၀၊ ၂၀၂၄။ (အင်္ဂါ)

စစ်ကောင်စီဟာ နိုင်ငံရဲ့နေရာဒေသ အများအပြားမှာ အတင်းအကြပ် ပေါ်တာဆွဲ လူသစ်စုဆောင်းမှုတွေ လုပ်နေတာဟာ အင်မတန် ကြောက်ဖို့ကောင်းလာပါပြီ။ အခုလက်ရှိမှာ တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းထားတဲ့ မြို့ပေါင်း ၈၀ ခန့် ရှိလာပါပြီ။ နှစ်ဖက်တပ်တွေ အကြိတ်အနယ်ဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတဲ့မြို့က ဆယ်နဲ့ချီရှိနေတယ်။...

Read more

စက်တင်ဘာ ၀၉၊ ၂၀၂၄။ (တနင်္လာ)

စစ်ကောင်စီဟာ ပြည်တွင်းမှာသာမက ပြည်ပကလူတွေကိုပါ ပေါ်တာဆွဲနေပါပြီ။ထိုင်းနိုင်ငံမှာ တရားမဝင်လုပ်ကိုင်နေတဲ့အလုပ်သမားတွေကို ထိုင်းဘက်ကစစ်ကောင်စီလက်ထဲ ဒီရက်ပိုင်းပြန်လွဲပေးနေတယ်။ထိုအလုပ်သမားတွေကို စစ်ကောင်စီကနေရပ်ပြန်မပို့ပဲ စစ်တပ်ထဲကိုစစ်မှုထမ်း​ဖို့ ​ခေါ်သွားပါတော့တယ်။ထိုင်းဘက်ကပြန်ပို့တဲ့အရေအတွက်ဟာ ထောင်ဂဏန်းကိုအတော်လေးကျော်ပါတယ်။ထိုလူတွေအားလုံး စစ်တပ်ထဲရောက်ကုန်ကြတယ်။ တနေ့ကဆို ထိုကဲ့သို့စစ်တပ်ကဖမ်းဆီးသွားခြင်းခံရတဲ့လူငယ်လေးတွေဟာ အစောင့်စစ်သားနှစ်ဦးကိုသတ်ဖြတ်ပြီး တော်လှန်ရေးနယ်မြေထဲခိုလှုံလာကြတယ်လို့သိရတယ်။ဒီတိုင်းဆိုရင် စစ်တပ်ရဲ့ပေါ်တာဆွဲမှုတွေဟာ အတော်ကိုဆိုးဆိုးရွားရွားဖြစ်လာပါပြီ။

Read more

စက်တင်ဘာ ၀၈၊ ၂၀၂၄။ (တနင်္ဂနွေ)

စစ်ကောင်စီဟာ TNLA MNDAA AAတို့ကို အကြမ်းဖက်အဖြစ် ကြေညာပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများကို သူတို့ တိုက်ချင်သည့်ပုံစံဖြင့် အရပ်သားပစ်မှတ်များကို ခွဲခြားမှုမပြုဘဲ ပိုမို တိုက်ခိုက်လာနေပါတယ်။ လက်လွှတ်ထားရသည့်နယ်မြေများအား ပြန်လည်ထိုးစစ်ဆင်ရာတွင် သတင်းရရှိမှုအခြေအနေ အရပ်ရပ်ပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်...

Read more

စက်တင်ဘာ ၀၇၊ ၂၀၂၄။ (စနေ)

တရုတ်ကTLNAကို စာပစ်ခြိမ်းခြောက်ပြီးနောက် နိုင်ငံတဝန်းစစ်ရေးအရှိန်တွေ သိသိသာသာလျော့ကျသွားတာတွေ့ရတယ်။ထိုစာနဲ့ပတ်သက်ပြီး TLNAဘက်ကတရားဝင်တုန့်ပြန်မှု အခုအချိန်အထိမလုပ်သေးပါဘူး။ဒါပေမယ့် တောင်ခမ်းနယ်ဘက်မှာတော့ စစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲပဲ။MNDAAကတော့ လောလောဆယ်မှာထိုးစစ်တွေ ရပ်တန့်ထားပြီးသူတို့သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ပြန်လည်တည်ဆောက်ရေးကို အာရုံစိုက်နေတယ်။ စစ်ကောင်စီတပ်တွေအပေါ် ထိုးစစ်ကြီးတွေလျော့ကျသွားပေမယ့် ​ဒေသအလိုက်တိုက်ပွဲတွေကတော့ ဆက်လက်ရှိနေဆဲပါပဲ။ကချင်နဲ့စစ်ကိုင်းအစပ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလိုစစ်ကိုင်းတိုင်းထဲမှာလဲပျူစောထီးရွာတွေကို ဒေသခံတော်လှန်ရေးတပ်တွေက ဆက်တိုက်ဆိုသလိုစီးနင်းတိုက်ခိုက်နေတယ်။၁၀၂၇လိုစစ်ဆင်ရေးကြီးတွေကတော့...

Read more
Page 7 of 197 1 6 7 8 197

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist