LATEST STORIES

ဧပြီ ၁၂၊ ၂၀၂၁။ (တနင်္လာ)

ညဖက် ၉ နာရီ ၄၅ မိနစ်မှာ ဗဟိုလမ်းတစ်လျှောက်စစ်ကားတွေဖြတ်သွားသလို ဆိုင်ကယ်တွေလည်းဖြတ် သွားနေတယ်။ စစ်သူပုန်တွေဟာ ကင်းလှည့်နေတာလား။ ဘာအကောက်ကြံမလဲမသိတော့လောက် အောင်ပါပဲ။ အင်းစိန်မြို့သစ်ရက်ကွက်၊ က ၆ လမ်းမှာတော့ လူငယ်စာရင်းတွေထုတ်ပြန်လာတယ်။ အရံ မီးသတ်တပ်ဖွဲ့ဖွဲ့မယ်ဆိုပြီး လူငယ်တွေရဲ့နာမည်နဲ့တကွ...

Read moreDetails

ဧပြီ ၁၁၊ ၂၀၂၁။ (တနင်္ဂနွေ)

အင်တာနက်လိုင်းဖြတ်တောက်ခံရတာကြောင့် သတင်းစီးဆင်းမှုအဆက်အသွယ်ပြတ်သွားတယ်။ CRPH ဘာလုပ်နေသလဲ၊ ဒေါက်တာဆာဆာဘာလုပ်နေသလဲသိချင်နေမိတယ်။ အဲဒါနဲ့ အင်တာနက်လိုင်းရတဲ့ နေရာဆီကိုသွားပြီး ဟိုဟိုဒီဒီရှာဖွေကြည့်တော့ သိပ်ထူးခြားတာမတွေ့ရဘူး။ CRPH က အစိုးရဖွဲ့မယ်လို့ကြေညာထားတာ အခု ဒုတိယအပတ်ထဲကိုရောက်လာပြီး ထွေထွေထူးထူး ကြေညာချက်မတွေ့ရဘူး။ ဖယ်ဒရယ်အာမီဖြစ်ဖို့တော့ ထင်သလောက်မလွယ်ကူးမှန်းသိပါတယ်။ ဒါနဲ့...

Read moreDetails

ဧပြီ ၁၀၊ ၂၀၂၁။ (စနေ)

ဒီရက်ပိုင်းကြားရတဲ့သတင်းတွေက အရေးတော်ပုံအတွက်အားရစရာဘာတစ်ခုမှမရှိဘူး။ စစ်ကောင်စီက ဧည့်စာရင်းတွေတိုင်ခိုင်းလာတယ်။ ရပ်ကျေးအုပ်ချုပ်ရေးကို အကောင်အထည်ဖော်လာပြီဆိုတဲ့သဘော။ လူတွေကကြောက်ပြီးဧည့်စာရင်းသွားတိုင်ကြတယ်။ ဖမ်းစရာရှိရင်ဆိုင်ဆိုင်မဆိုင်ဆိုင်အဲ့ဒီအိမ်တွေလူတွေကိုပဲဖမ်းသွားတယ်။ တချို့အုပ်ချုပ်ရေးမှူးရုံးတွေလဲလက်သည်မပေါ်ပဲမီးလောင်ပြာကျကုန်တယ်။ အဖမ်းအဆီးတွေကတော့နေတိုင်းရှိနေတယ်။ မြို့လယ်ကောင်မှာတောင် ATM စက်မှာငွေလာထုတ်တဲ့သူတွေကိုအကြောင်းပြချက်မရှိဖမ်းသွားတယ်။ ဘာဥပဒေမှမရှိဘဲလုပ်ချင်တိုင်းလုပ်နေကြတယ်။

Read moreDetails

ဧပြီ ၉၊ ၂၀၂၁။ (သောကြာ)

ရန်ကုန်နဲ့မိုင်၅၀ ခန့်သာ ဝေးတဲ့ပဲခူးမြို့မှာ သပိတ်ခံတပ်ဖြိုခွဲခံရတယ်။ ထုံးစံအတိုင်းအင်အားသုံးပြီး ပစ်တယ်။ နောက်ဆုံးရရှိတဲ့သတင်းအရမြို့နေပြည်သူ ၈၀ ခန့်ကျဆုံးသွားပြီ။ အလောင်းတွေကို စစ်တပ်ကပုံထားပြီးထုတ်ယူခွင့်မပေးဘူး။ ကျဆုံးသူတွေထဲမှာ ဆေးကုသခွင့်မပေးလို့သွေးထွက်လွန်ပြီးသေဆုံးသွားသူတွေအတော်များများရှိတယ်။ တစ်မြို့လုံးနေရာအနှံ့ပစ်ခတ်နေလို့ ကိုယ့်အိမ်မှာကိုယ်မနေရဲတော့ဘဲ အတော်များများဟာလယ်ကွင်းတွေဘက်ကိုတိမ်းရှောင်နေရတယ်။ ဒီအဖြစ်အပျက်တွေဟာနေ့စဥ်နဲ့အမျှမုံရွာလို၊ ပဲခူးလိုမြို့ကြီးပြကြီးတွေမှာဖြစ်နေတာပါ။ တစ်နိုင်ငံလုံးမှာကျဆုံးသူအရေအတွက်၇၀၀ နားကပ်နေပြီ။...

Read moreDetails

ဧပြီ ၈၊ ၂၀၂၁။ ( ကြာသပတေး)

လန်ဒန်မြို့လယ်ကမြန်မာသံရုံးလည်း အာဏာသိမ်းခြင်းခံလိုက်ရပါတယ်။ သံအမတ်ကြီးမရှိတဲ့အချိန်မှာ စစ်သံမှုးနဲ့ ဒုသံမှုးတို့ပူးပေါင်းပြီးသံရုံးကိုထိန်းချုပ်လိုက်တာပါ။ ဒါပေမဲ့ သံအမတ်ကြီးဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ပြည်သူ့ဘက်တော်သားတယောက်တော့မဟုတ်ပါဘူး။ ခြံစည်းရိုးခွထိုင်နေတဲ့လူတစ်ယောက်ပါ။ ဘာပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ဒီလုပ်ရပ်ဟာ နိုင်ငံတကာမှာအရုပ်ဆိုးအကျည်းတန်လွန်းလှပါတယ်။ ပြည်တွင်းမှာလည်း အရေးတော်ပုံမှာပါဝင်လှုပ်ရှားနေတဲ့နိုင်ငံကျော်အနုပညာရှင်တွေ၊ Celebrities တွေ၊ Social Influencer တွေကို ပုဒ်မ...

Read moreDetails

ဧပြီ ၇ ၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ဒီနေ့လည်း ကလေးမြို့က တာဟန်းသပိတ်စခန်းဖြိုခွဲခံရလို့ပြည်သူ၁၀ဦးထပ်မနည်းကျဆုံးသွားပါတယ်။ စစ်သူပုန်တွေကအင်အားအလွန်အကျွံသုံးပြီးလက်နက်ကြီးတွေနဲ့ပါပစ်ခတ်ခဲ့လို့သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်ပါတယ်။ မြေပြင်အခြေအနေတွေကတော့ ဆက်လက်ဆိုးရွားနေဆဲပါ။ ဧပြီလပထမအပတ်ထဲမှာ အစိုးရသစ် ဖွဲ့မယ်လို့ကြေငြာထားတဲ့ CRPH ကတော့ခုရက်ပိုင်းငြိမ်ချက်သားကောင်းနေပါတယ်။ ဒီနေ့ထိ အစိုးရသစ်ကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။ CRPH အနေနဲ့အခက်အခဲတွေအများကြီးရှိနေမယ်ဆိုတာသိပေမယ့်လည်း ဒီထက် ပိုပြီးမြန်မြန်ဆန်ဆန်လှုပ်ရှားစေချင်တယ်။ မဟုတ်ရင်တော့...

Read moreDetails

ဧပြီ ၆၊ ၂၀၂၁။ (အင်္ဂါ)

စစ်ကောင်စီတပ်တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေနေ့စဥ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ KIA နဲ့ KNU တို့ရှိတဲ့ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာအဓိကဖြစ်ပွားနေတာပါ။ စစ်တပ်ကအာဏာသိမ်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများက သဘောမတူ ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ မတ်လလယ်လောက်ကစပြီး ထိုနယ်မြေတွေမှာတိုက်ပွဲတွေ ပြန်ဖြစ်လာရာ ကနေ ခုဆိုရင်နေ့တိုင်းလိုလိုစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေကြပါပြီ။ စစ်သူပုန်တွေဟာ လက်နက်မဲ့ ပြည်သူကိုအနိုင်ကျင့်လို့ရနေပေမယ့်ထိုတိုက်ပွဲတွေမှာတော့အကျအဆုံးများနေပီးအထိနာနေပါတယ်။ လေ​ကြောင်းပစ်ကူတွေပါယူနေရတဲ့အခြေအနေပါ။ စစ်သူပုန်တွေရဲ့မဆင်မခြင်ဗုံးကျဲတိုက်ခိုက်မှုကြောင့်...

Read moreDetails

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၃ ဧပြီ ၂၀၂၁)

ရန်ကုန်တိုင်းဒေသကြီး • သာကေတတွင် လူမဲ့ သင်္ကြန်အတာအိုး အာရုဏ်ဦးသပိတ်ကို နံနက် ၅ နာရီခန့်က ပြုလုပ်ခဲ့သည်။ ထို့ပြင် ဇကောများတွင် "စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ" ဟု ရေးသားကာ လမ်းများပေါ်၌ ထောင်ထားခဲ့သည်။ •...

Read moreDetails

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဧပြီ ၂၀၂၁)

ရန်ကုန်တိုင်းဒေသကြီး လက်နက်ကိုင်စစ်အုပ်စုက အကြမ်းဖက်ဖြိုခွဲခဲ့သည့်အတွက် ဒေသခံများစွာ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်သို့ စစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဧပြီလ ၁၁ ရက်က သွားရောက်၍ စားနပ်ရိက္ခာများ လှူဒါန်းခဲ့သည်ဟု တပ်အာဘော် သတင်းများတွင် ဖော်ပြထားကာ...

Read moreDetails
Page 219 of 235 1 218 219 220 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist