LATEST STORIES

မေ ၂၃၊ ၂၀၂၁။ (တနင်္ဂနွေ)

ကယားပြည်နယ်မှာနယ်မြေခံPDFနဲ့စစ်သူပုန်တွေကြားဒီနေ့တိုက်ပွဲတွေထပ်ဖြစ်တယ်။အရင်နေ့ကဒီမော့ဆိုမြို့နယ်တစ်ခုထဲမှာဖြစ်ရာကနေတိုက်ပွဲတွေဟာဒီနေ့မှာမိုးဗြဲ၊လွိုင်ကော်အထိပါကူးစပ်လာပြီ။ဒီမော့ဆိုကိုကူပေးတဲ့အနေနဲ့တခြားမြို့တွေကပါထကြွပေးတဲ့သဘောပေါ့။ညနေပိုင်းမှာစစ်သူပုန်တွေဘက်ကတင့်ကားတွေရဟတ်ယာဉ်တွေနဲ့ပါစစ်ကူဝင်လာလို့PDFတွေဘက်ကဆုတ်ခွာပေးရတယ်။စစ်ဘေးရှောင်ပြည်သူတွေလဲတဖြည်းဖြည်းများလာပြီ။စစ်မီးဟာချင်းပြည်နယ်ကနေကယားပြည်နယ်ကိုရောက်လာပါပြီ။

Read more

အာဏာသိမ်းစစ်တပ်ကို စွန့်ခွာလာသည့် CDM စစ်သား ၈၀၀ ခန့်ရှိပြီဟုဆို

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းလိုတော့သဖြင့် စစ်တပ်ကို စွန့်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသူ စစ်သည်အင်အားမှာ ၈၀၀ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးက ထုတ်ဖော်ပြောကြားသည်။ တပ်တွင်းမှ ထွက်လိုသဖြင့် ဆက်သွယ်အကူအညီတောင်းခံလာသူ အရေအတွက်မှာ တစ်ရက်လျှင် ၅၀ မှ...

Read more

ကျနော် မွေးရပ်မြေ ဘော့စနီးယားစစ်ပွဲအကြောင်း ပြောချင်ပါသည်။

ဆာဗီးယားခေါင်းဆောင် မီလိုဆီဗစ် ( ဘော်လကန် သားသတ်သမားဟုလည်း သိကြသည်) နှင့် ဘော့စနီးယားရှိ ဆာ့ဖ် အမျိုးသားရေး ဝါဒီတို့ဘက်မှ လက်နက်အင်အား အလွန်အမင်း သာလွန်ခဲ့သည်။ ယူဂိုစလားဗီးယား ပြိုကွဲ၍ ဆာ့ဖ်၊ ခရိုအက်နှင့် ဘော့စနီးယားများ သီးခြားစီဖြစ်ခဲ့ရာတွင်...

Read more

အမေရိကန်တို့ စစ်ရေးအရ ဝင်ရောက် စွက်ဖက်နိုင်ရန် အရံသင့်ရှိပြီး အလားအလာများ အပေါ် သုံးသပ်ချက်

အမေရိကန် ကွန်ဂရက်သည် ဘိုင်ဒင် အစိုးရ၏ မြန်မာစစ်တပ်အပေါ် အသင့်အတင့်မျှသာ စီးပွားရေး အရ ပိတ်ဆို့ ဒဏ်ခတ်နေမှုအား ပုံစံပြောင်းနိုင်ရန် စဉ်းစားနေစဉ်တွင် နိုင်ငံအတွင်းရှိ ဆန့်ကျင် ကန့်ကွက်နေသူ အချို့က အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုက်အဝန်းအား...

Read more

မေ ၂၂၊ ၂၀၂၁။ (စနေ)

မနေ့ကရန်ကုန်၊စမ်းချောင်းမှာရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကိုကားနဲ့လာပစ်သွားတယ်။ ဒီနေ့လဲသုဝဏ္ဏမှာစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာကိုလမ်းပေါ်ကနေပစ်ခတ်သွားတယ်။ ပစ်ခတ်မှု၂ခုလုံးမှာစစ်သူပုန်တွေဖက်ကထိခိုက်မှုရှိခဲ့တယ်။ မြို့ပြပျောက်ကျားတော်လှန်ရေးဟာနောက်တဆင့်တက်လာပြီလား။ အရင်လိုလက်လုပ်ဗုံးလောက်နဲ့ပြီးစလွယ်ပစ်သွားတာမျိုးမဟုတ်ပဲရန်ကုန်မြို့လယ်မှာသေနတ်တွေနဲ့ထိထိရောက်ရောက်ပစ်ခတ်မှုတွေဖြစ်ပေါ်လာတာကစစ်ကောင်စီကိုခြောက်ခြားစေပါတယ်။ ဒါမျိုးဖြစ်စဥ်တွေခပ်စိပ်စိပ်ဖြစ်လာဖို့မျှော်လင့်ပါတယ်။

Read more

မေ ၂၁၊ ၂၀၂၁။ (သောကြာ)

ကယားပြည်နယ်၊ဒီမောဆိုမြို့လေးက PDF တွေရရာလက်နက်ဆွဲကိုင်တော်လှန်နေကြပြီ။ ဟိုနေ့တွေကငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်တွေကိုစစ်သူပုန်တွေအကြမ်းဖက်ဖမ်းဆီးသွားရာကနေစတာပဲ။ချင်းပြည်နယ်၊မင်းတပ်မှာလို့ပေါ့။မနက်ပိုင်းအပြန်အလှန်ပစ်ခတ်ကြပြီးညနေပိုင်းမှာစစ်သူပုန်တွေရဲ့ကင်းစခန်းတစ်ခုကိုသိမ်းပိုက်ဖျက်စီးလိုက်နိုင်တယ်။နောက်နေ့တွေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်လာဖို့ရှိနေတယ်။ စစ်မီးဟာတဖြည်းဖြည်းနဲ့ကျယ်ပြန့်လာနေပြီ။

Read more

မေ ၂၀၊ ၂၀၂၁။ (ကြာသပတေး)

ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေမှာဆိုင်ကယ်တွေဖမ်းနေတယ်။ဖောက်ခွဲမှုတွေပြုလုပ်ရင်ဆိုင်ကယ်တွေအသုံးပြုလို့တဲ့။စစ်သူပုန်တွေတပ်စွဲထားတဲ့နေရာတွေလဲခုဆိုရင်ဘန်ကာအထပ်ထပ်၊သံဇကာအထပ်ထပ်နဲ့။ သေရဲတဲ့ကောင်ထွက်ခဲ့လို့သေနတ်ကြီးတကားကားနဲ့ပြောနေတဲ့သူတွေကေကြာက်ချီးပန်းနေကြတာမြင်မကောင်းဘူး။ ဒီမနက်လဲလမ်းမတော်မြို့နယ်ကအုပ်ချုပ်ရေးမှုးစောစောစီးစီးသေနတ်နဲ့ပစ်ခံရပြီးခေါင်းပွင့်သွားတယ်။ ဒါတောင်အစပဲရှိသေးတယ်။ နောက်ဆက်တွဲတွေအတွဲလိုက်လာဦးမှာ။

Read more

မေ ၁၉၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

နိုင်ငံတဝန်းမြို့ကြီးတွေမှာပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေပါတယ်။အထူးသဖြင့်ရန်ကုန်နဲ့မန္တလေးမှာနေ့တိုင်းဗုံးတွေပေါက်နေတယ်။ တရားခံကတော့ရှင်းပါတယ်။စစ်ခွေးတွေထိရင်ပြည်သူ့လက်ချက်၊ပြည်သူတွေထိရင်စစ်ခွေးတွေလက်ချက်ပဲ။စစ်ခွေးတွေသာသူတို့အချင်းချင်းထိုးကျွေးရင်ထိုးကျွေးလိမ့်မယ်၊ပြည်သူတွေဘက်ကတော့အချင်းချင်းထိခိုက်အောင်ဘယ်တော့မှလုပ်မည်မဟုတ်ပါ။ခုတောင်စစ်တပ်ကပြည်သူကိုထင်ယောင်ထင်မှားဖြစ်အောင်သူတို့ရဲ့အရပ်ဘက်အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကိုပျူစောထီးအမည်နဲ့ဖွဲ့စည်းထားတယ်ကြားတယ်။ အခြေအနေတွေကတော့ဆက်လက်ဆိုးရွားဖို့ရှိနေတယ်။

Read more

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ ဇွန် ၂၀၂၁)

ရန်ကုန်တိုင်းဒေသကြီး • မရမ်းကုန်းမြို့နယ် သပြေသာလမ်းသစ်ရှိ အ.မ.က (၁၇) ကျောင်းတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က ပျူစောထီးဟု ဒေသခံ များက သတ်မှတ်ထားသည့် လူနှစ်ဦးက လမ်းမီးမျာပိတ်ချလိုက်ကာ ဆိုင်ကယ်များဖြင့် လမ်းအတွင်းဝင်ရောက်ကာ ကျောင်းအတွင်းသို့ ဓာတ်ဆီပုလင်းနှစ်လုံး...

Read more

မေ ၁၈၊ ၂၀၂၁။ (အင်္ဂါ)

ဒီလိုအချိန်၊ဒီလောက်ပူတဲ့ရာသီဥတုအောက်မှာဆန္ဒပြနေဆဲတနိုင်ငံလုံးကမြို့ပေါ်ကျေးလက်သပိတ်တွေကိုမလေးစားပဲမနေနိုင်ဘူး။သူတို့ခင်မျှာအပေါ်ပူ၊အောက်ပူ၊ရင်ထဲကအပူတွေကိုအံတုပြီးတော်လှန်နေကြရတာ။ စစ်ခွေးတွေရဲ့အန္တရာယ်ကိုလဲကြည့်‌ရှောင်ရသေးတယ်။မြို့ပေါ်အဲကွန်းခန်းလေးထဲမှာနေပြီး "ပူလိုက်တာ " လို့ညည်းနေတဲ့သူတွေကိုပြောချင်တာက...ခုချိန်တော်လှန်ရေးမအောင်မြင်ခဲ့ရင်နောင်နှစ်ဒီလိုအချိန်မှာဒီထက်အဆများစွာပိုတဲ့အပူတွေနဲ့ရင်ဆိုင်ရလိမ့်မယ်။မရှိမဲ့ရှိမဲ့လက်ကျန်သစ်တောတွေခုတ်ရောင်းလို့ပိုပူလာမယ့်ရာသီဥတုကတမျိုး၊စားဝတ်နေရေးခက်ခဲလာလို့ပူရတဲ့အပူကတမျိုး၊လူငယ်တွေဆိုအနာဂတ်တွေပျောက်ဆုံးကုန်လို့ပူရတဲ့အပူတွေနဲ့လုံးခြာလိုက်နေလိမ့်မယ်။ဒီချိန်မှာအဲကွန်းလေးဖွင့်ပြီးနှပ်နေနိုင်ပေမယ့်အခြေအနေမကောင်းရင်နောင်တချိန်မှာမီးပျက်ညတွေအလယ်မှာယပ်တောင်နဲ့သာနှစ်ပါးသွားရလိမ့်မယ်ဆိုတာသတိချပ်ကြပါအရပ်ကတို့ရေ။

Read more
Page 178 of 201 1 177 178 179 201

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist