LATEST STORIES

အောက်တိုဘာ ၁၃၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ခုတလောတော်လှန်ရေးအဖွဲ့တွေအတွက်အလှူငွေကောက်ခံတဲ့ကိစ္စမှာအငြင်းပွားဖွယ်ရာတွေဖြစ်ပေါ်နေတယ်။တနိုင်ငံလုံးကPDF  တွေရှင်သန်လှုပ်ရှားနိုင်ဖို့ကပြည်တွင်းပြည်ပကမြန်မာတွေရဲ့အလှူငွေတွေအပေါ်မှာတိုက်ရိုက်မူတည်နေတာပါ။အထူးသဖြင့် NUG နဲ့ချိတ်ဆက်မထားတဲ့ Local PDF တွေအတွက်အတော်အရေးပါတယ်။နိုင်ငံတကာအကူအညီဆိုတာကလဲခုချိန်ထိဘာမှဖြစ်မလာသေးပါဘူး။ ဒီအခြေအနေမှာအလှူခံတဲ့သူရဲ့ပုံရိပ်ပေါ်မူတည်ပြီးယုံကြည်မှုတည်ဆောက်ကြရတယ်။တချို့ကလဲအကွက်ကျကျအယုံသွင်းပြီးအလှူငွေတွေကိုလိမ်သွားတဲ့ကိစ္စတွေပေါ်ပေါက်လာတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ဖို့အတွက်တချို့တွေကပြန်လည်ဖြေရှင်းနေကြတယ်။ဘာပဲလုပ်လုပ်ယုံကြည်မှုကအရေးကြီးတယ်လေ။ဒီပြသာနာဟာလဲသိပ်ကြီးကြီးမားမားဖြစ်လာမှာမဟုတ်ဘူး။ပြည်သူတွေရဲ့အသိဥာဏ်ကဒီခေတ်မှာမြင့်မားနေပြီလေ။

Read moreDetails

အဆုံးအဖြတ်ကာလလား..

စကစဟာ မိုးကုန်တာနဲ့ စစ်ဆင်ရေး တွေ အမြဲစတင်လေ့ရှိပါတယ်။ အခုလည်း အားလုံး ကြားထားတဲ့အတိုင်း ချင်း+စစ်ကိုင်းစစ်ရေးနယ်မြေ (ချင်း၊ စစ်ကိုင်း၊ မကွေး) ကို စစ်ဆင်ရေး စဖို့ ပြင်ဆင်မှု အကြီးကြီး လုပ်နေပြီ ဖြစ်ပါတယ်။ ကစထမှူးနှစ်ယောက်...

Read moreDetails

အောက်တိုဘာ ၁၂၊ ၂၀၂၁ (အင်္ဂါ)

အာဆီယံကိုယ်စားလှယ်ရဲ့မြန်မာပြည်လာမယ့်ခရီးစဥ်ကိုနောက်ဆုံးမိနစ်မှာပဲဖျက်သိမ်းလိုက်တယ်။အာဆီယံကိုယ်စားလှယ်ကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့တောင်းဆိုတာကိုစစ်ကောင်စီကလုံးဝလက်မခံပဲတော်လှန်ရေးနဲ့ဘာမှမဆိုင်တဲ့ဒုသမ္မတ၊လွှတ်တော်ဥက္ကဌနဲ့သာပေးတွေ့လို့ခရီးစဥ်ပျက်သွားတယ်ပြောတယ်။ဒါတောင်စစ်ကောင်စီကအာဆီယံကိုမလိမ့်တပတ်လုပ်ချင်သေးတာ။တကမ္ဘာလုံးကဖိအားတွေဝိုင်းပေးထားကြတော့အာဆီယံဟာလဲစစ်ကောင်စီကိုအရင်လိုအလျော့မပေးနိုင်တော့ဘူး။လက်ရှိအခြေအနေမှာဆက်လက်စောင့်ကြည့်ရမှာကဒီလကုန်မှာကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာမင်းအောင်လှိုင်ကိုပေးတက်မတက်ဆိုတာပဲ။

Read moreDetails

အောက်တိုဘာ ၁၁၊ ၂၀၂၁။ (တနင်္လာ)

ဒီနေ့အလုပ်ကိစ္စတစ်ခုနဲ့အစိုးရဘဏ်ကိုရောက်ဖြစ်တယ်။လူတွေများမြင်မကောင်းဘူး၊ဘဏ်ထဲခြေချစရာနေရာတောင်မရှိဘူး။ဒီကြားထဲဘဏ်အပြင်မှာတစ်ခါ၊ဘဏ်ထဲမှာတစ်ခါနှစ်ဆင့်တန်းစီရသေးတယ်။လာသမျှလူတွေအကုန်နီးပါးကငွေထုတ်တွေချည်းပဲ။အချိန်အကြာကြီးစောင့်ရသေးတယ်။ရတော့တစ်လကိုသုံးသိန်းတဲ့။ကိုယ်အပ်ထားတဲ့ငွေကိုခုလိုဒုက္ခမျိုးစုံခံပြီးထုတ်တာတောင်အပြည့်ထုတ်ခွင့်မရပဲခွဲတမ်းနဲ့ထုတ်နေရတာအာဏာသိမ်းပြီးကတည့်ကပဲ။ဒီလကဒေါ်လာစျေးတွေတက်ကုန်တော့ငွေထုတ်တဲ့သူတွေပိုများလာတယ်လို့ပြောကြတယ်။ဘဏ်ထဲမှာနေရင်တန်ဖိုးကျနေမဲ့အစားငွေထုတ်ပြီးတစ်ခုခုဝယ်ထားရမယ်လို့တွေးကြတာပေါ့။စစ်ကောင်စီမှာလဲပေးစရာငွေမကျန်တော့ဘူး။လူတွေကလဲဘဏ်ကိုအယုံအကြည်မရှိတော့ဘူး။တွေးကြည့်ရင်စိတ်ညစ်စရာကြီးပဲ။

Read moreDetails

အောက်တိုဘာ ၁၀၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်ကောင်စီဟာစစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ချင်းပြည်နယ်ကိုတပ်အင်အားတွေအများအပြားဖြည့်တင်းနေတယ်။အဲ့ဒီဒေသတွေကိုမကြာမီမှာစစ်ဆင်ရေးအကြီးအကျယ်လုပ်ဖို့ရှိလိမ့်မယ်။ဒေသခံPDF တွေကလဲရသလောက်ခုခံကာကွယ်နေတယ်။စစ်ကောင်စီတပ်တွေသွားရာလမ်းတလျှောက်မိုင်းတွေတဝုန်းဝုန်းကွဲနေတယ်။ ထိတွေ့မှုအများဆုံးဖြစ်ပွားနေတဲ့ဒေသကတော့စစ်ကိုင်းတိုင်းပဲ။ စစ်သူပုန်တွေတိုက်ပွဲမှာသေဆုံးနှုန်းကလဲသိသိသာသာမြင့်တက်လာနေတယ်။အချက်အတွေအရNUGကခုခံစစ်မကြေငြာမီစက်တင်ဘာ၇ရက်ရှေ့ပိုင်းမှာတရက်ကိုနှစ်ဆယ်ပတ်ဝန်းကျင်သာရှိရာကနေခုခံစစ်ကြေငြာပြီးနောက်ပိုင်းတရက်ကိုသုံးဆယ်နှုန်း၊ဒီလထဲမှာဆိုခြောက်ဆယ်နှုန်းလောက်ထိမြင့်တက်လာတယ်။ရှေ့လျှောက်ဒီထက်ပိုတက်လာဖို့ပဲရှိမယ်။ကြာရင်သူတို့တွေလုံးပါးပါးလာတော့မယ်။ လေ့လာသူတွေကတော့အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာသုံးလဟာစစ်ရေးအရအဆုံးအဖြတ်လို့သုံးသပ်ကြတယ်။ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းနေပါပြီ။

Read moreDetails

စစ်တပ်၏ လူသားဒိုင်းအစီအစဉ်ကြောင့် PDF အခက်တွေ့နေ

မြန်မာပြည်တစ်နေရာမှ PDF သင်တန်းတစ်ခု။ (ဓာတ်ပုံ- PDF) တိုင်းရင်းသားတပ်များကို ၅ လ အပစ်ရပ်ကြောင်း ကြေညာပြီး မြန်မာပြည်အလယ်ပိုင်းကို အပြင်းအထန်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်သည် အရပ်သားများကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးချနေသဖြင့် ဝင်တိုက်ရ ခက်ခဲနေသည်ဟု...

Read moreDetails

ထောင်ချီသော တပ်ကူများကို နိုင်ငံအထက်ပိုင်းသို့ စစ်ကောင်စီပို့နေ

စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့တွင် စစ်ဆင်ရေးများ ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီသည် အနည်းဆုံး တပ်ရင်း ၄ ရင်းရှိသော တပ်ကူများကို စေလွှတ်နေသည် အရပ်သား ခုခံရေးတပ်များကို ရှင်းလင်းသည့် စစ်ဆင်ရေးများ ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီသည်...

Read moreDetails

အောက်တိုဘာ ၉၊ ၂၀၂၁။ (စနေ)

ပြီးတဲ့လကုန်ပိုင်းကထိုးတက်ခဲ့တဲ့ဒေါ်လာစျေးနဲ့ရွှေစျေးဟာစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ရဲ့ဆေးမှီးတိုကုစားမှုတွေကြောင့်မတက်ခင်အခြေအနေကိုတော့ပြန်ရောက်လာပြီ။ဒေါ်လာစျေးကနှစ်ထောင်ဝန်းကျင်၊ရွှေစျေးက၁၉သိန်းဝန်းကျင်ပေါ့။ဒါပေမယ့်ပြန်မကျတော့တာကစက်သုံးဆီစျေးနှုန်းနဲ့ကုန်စျေးနှုန်းတွေပဲ။အဲ့ဒါတွေကပြည်သူလူထုကိုတိုက်ခိုက်ထိခိုက်နေတာဆိုတော့လူတိုင်းဟာကြပ်တည်းနေကြတယ်။ ဒေါ်လာစျေးပြန်ကျနေတာလဲခဏပဲဖြစ်လိမ့်မယ်။အဓိကအကြောင်းရင်းဖြစ်တဲ့ပို့ကုန်နဲ့ကုန်သွယ်ရေးကိုတိုးတက်အောင်မလုပ်ဆောင်နိုင်သ၍တချိန်ချိန်မှာပြန်တက်လာမှာပဲ။စစ်ဖြစ်ခါနီးအခြေအနေမှာထိုအရာတွေကိုတိုးတက်အောင်လုပ်ဖို့ဆိုတာလဲဘယ်လိုမှမဖြစ်နိုင်ပါ။အခုဆိုတရုတ်ဘက်လဲနယ်စပ်ဂိတ်တွေအကုန်ပိတ်လိုက်ပြီဆိုတော့ကုန်သည်တွေ၊တောင်သူတွေ၊ကားသမားတွေဒုက္ခရောက်ကြလိမ့်ဦးမယ်။

Read moreDetails

အောက်တိုဘာ ၀၈၊ ၂၀၂၁။ (သောကြာ)

EUပါလီမန်ကမဲခွဲဆုံးဖြတ်ပြီးNUGကိုထောက်ခံကြောင်းကြေငြာချက်ကဒီနေ့အတွက်အတော်မင်္ဂလာရှိတဲ့သတင်းပဲ။ဥရောပကနိုင်ငံပေါင်းနှစ်ဆယ်ကျော်နဲ့ဖွဲ့စည်းထားတဲ့EUဆိုတာUNပြီးရင်ကမ္ဘာမှာဩဇာအကြီးဆုံးအဖွဲ့အစည်းပဲ။သူ့ဆီကဒီလိုသဘောထားမျိုးပြလာတာဟာတော်လှန်ရေးကိုအတော်ရှေ့ရောက်သွားစေလိမ့်မယ်။ အမေရိကန်ကကိုတော့ခုထိNUGကိုထောက်ခံဖို့နှာစေးနေတုန်းပဲ။အရင်တုန်းကUNကဘာမှသုံးစားမရမှန်းသိလို့USကိုအားကိုးမိသေးတယ်။ခုတော့ဂျိုးဘိုင်ဒင်ရဲ့မပြတ်သားမှုတွေ၊မရေရာမှုတွေကြောင့်သူ့နိုင်ငံရေးပြသနာတွေမှာတင်လည်ထွက်နေလေရဲ့။ ဘာပဲဖြစ်ဖြစ်ဒီရက်ပိုင်းနိုင်ငံတကာရေးရာမှာဆက်တိုက်ကောင်းသတင်းတွေကြားနေရတယ်။

Read moreDetails

အောက်တိုဘာ ၇၊ ၂၀၂၁။ (ကြာသပတေး)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရန်ကုန်ရောက်နေလို့တမြို့လုံးစစ်ခွေးတွေခြေရှုပ်နေကြတယ်။ရန်ကုန်ကလမ်းမကြီးတွေပေါ်မှာလမ်းဆုံတိုင်းမှာသူတို့တွေချည်းပဲ။ဆင်ခြေဖုံးမြို့နယ်တွေမှာဆိုရင်ဆိုင်ကယ်တွေလုံးဝပေးမစီးတော့ဘူး။အတင်းလိုက်ဖမ်းနေတယ်။မင်းအောင်လှိုင်သွားလေရာဘယ်နေရာမှအကျိုးမပေးဘူး။ရန်ကုန်ရောက်တုန်းလေးသူ့ကိုဦးတည်တဲ့တိုက်ခိုက်မှုတွေဖြစ်သွားစေချင်တယ်။ခုတောင်တော်တော်ကြောက်နေတာ။သူ့လမ်းကြောင်းကိုသူ့လူတွေတောင်ကြိုမပြောပဲထိပ်တန်းလျှို့ဝှက်လုပ်ထားတယ်တဲ့။ မင်းအောင်လှိုင်ဟာလူကြားကောင်းအောင်အရည်မရမဖတ်မရခရီးစဥ်တွေထွက်နေတဲ့အချိန်မှာပဲစစ်ကိုင်းတိုင်းကတိုင်းမှုးကတော့ထိန်းသိမ်းခံလိုက်ရတယ်။PDFတွေကိုမထိန်းချုပ်နိုင်လို့ဆိုပြီးစစ်အုပ်စုကခေါင်းစဉ်တက်ပေမယ့်ထိုတိုင်းမှုးဟာCDMလုပ်ဖို့ကြိုးစားနေရင်းဖမ်းခံရတယ်လို့လဲကြားတယ်။စစ်ကြောရေးမှာလက်လွန်ပြီးသေဆုံးသွားပြီးလို့လဲသတင်းတွေထွက်နေတယ်။ဘယ်လိုပဲဖြစ်ဖြစ်တိုင်းမှုးအဆင့်ထိအရေးယူခံနေရပြီးဆိုတော့စစ်အုပ်စုထဲမှာအပ်ကြောင်းတော့ထတာကျိန်းသေတယ်။ပြည်သူတွေအတွက်ကတော့အမြတ်ပဲ။

Read moreDetails
Page 177 of 221 1 176 177 178 221

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist