ကရင်နီပြည်နယ်၊ ဖရူဆိုရှိ စစ်ဘေးရှောင်စခန်းကို ယနေ့ နံနက် ၁ နာရီအချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် အသက် ၁၂ နှစ်နှင့် ၁၅ နှစ်အရွယ် သမီးငယ်အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ ဖရူဆိုက သတင်းထုတ်ပြန်သည်။
သေဆုံးသွားကြသူများမှာ အသက် ၁၂ နှစ်အရွယ် မခိုင်၊ အသက် ၁၅ နှစ်အရွယ် မချောစု၊ အသက် ၅၂ နှစ်အရွယ် ဦးအန်ဒြေးယာ နို့နို တို့ဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီ လ ၁၇ရက်နေ့ နံနက် ၁နာရီ၁၀မိနစ်ခန့်တွင် ဖရူဆိုအနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်ခု ကို စစ်ကောင်စီက လေယာဉ် ဖြင့် ဗုံးကျဲ သွားပါသဖြင့် စစ်ရှောင်သုံးဦး ၃ ဦးကို ထိမှန်သဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရှိရသည် ။
သေဆုံးသွားသောစစ်ရှောင်များမှာ မိုဆိုကျေးရွာမှ စစ်ရှောင်လာသောပြည်သူများဖြစ်ကြောင်း သိရှိရသည်။