LATEST STORIES

ဇွန် ၁၀၊ ၂၀၂၁။ (ကြာသပတေး)

ဒီမနက်ပြင်ဦးလွင်လေဆိပ်နားမှာစစ်တပ်ကသယ်ယူပို့ဆောင်ရေးလေယာဥ်ငယ်တစ်စင်းပျက်ကျသွားတယ်။လေယာဉ်ပေါ်ပါသူ၁၄ယောက်မှာ၁၂ယောက်သေဆုံးသွားတယ်။သေဆုံးသွားသူတွေထဲမှာနေပြည်တော်ကဆရာတော်ကြီးတပါးလဲပါတယ်။ပြည်သူတွေကတော့ပြည်သူ့ကျိန်စာဆူးနေပြီဆိုပြီဝမ်းသာနေကြလေရဲ့။စစ်ကောင်စီအဖွဲ့ဝင်ထိပ်တန်းအရာရှိကြီးတွေလဲပါတယ်လို့သတင်းတွေထွက်လာပေမယ့်အတည်ပြုလို့မရသေးပါဘူး။

Read more

ဇွန် ၉၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

KNUကစစ်ဦးစီးချုပ်ရဲ့NCAအတိုင်းအတိအကျလိုက်နာမယ်ဆိုတဲ့စာဒီနေ့ထွက်လာတယ်။ဘာသဘောလဲမသိပေမယ့်အဲ့ဒီ့စာနဲ့ပတ်သတ်ပြီးဝေဖန်သုံးသပ်မှုတွေလဲအစီအရီထွက်ပေါ်လာတယ်။ KNU ဟာမြန်မာပြည်မှာအကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါ။သူကစစ်ကောင်စီကိုဆက်လက်မတော်လှန်ဘူးလားဆိုတဲ့အတွေးတွေပြည်သူတွေထဲရောက်သွားရင်တော့သိပ်မကောင်းလှဘူး။ခုတောင်ကရင်ပြည်နယ်ထဲတိုက်ပွဲတွေသိပ်မဖြစ်တော့သလိုပဲ။ ပြည်မမှာတော့PDFအဖွဲ့လေးတွေလက်စွမ်းပြနေဆဲပဲ။ပေါက်ကွဲမှုတွေသိပ်ဖြစ်တော့ပေမယ့်စစ်ကောင်စီရဲ့လက်ပါးစေတွေကိုဆက်လက်ရှင်းလင်းနေတယ်။ဒီနေ့ဆိုရန်ကုန်မှာနာမည်ကြီးဒလန်အုပ်ချုပ်ရေးမှုးမတစ်ယောက်နဲ့မန္တလေးမှာရဲနှစ်ယောက်အနီးကပ်ပစ်သတ်ခံလိုက်ရတယ်။

Read more

ဇွန် ၈၊ ၂၀၂၁။ (အင်္ဂါ)

ကရင်ပြည်နယ်ကမြို့တချို့မှာအာဇာနည်ဗိမာန်တွေကိုစစ်သူပုန်တွေညဘက်ကြီးဘူဒိုဇာနဲ့ထိုးပြီးဖျက်စီးသွားတယ်။အာဇာနည်ဆိုတဲ့စကားလုံးကိုတောင်လက်ခံနိုင်စွမ်းမရှိဖြစ်နေကြတယ်။လုပ်ရပ်တွေဟာအပေါက်အလမ်းမတည့်ကလေးဆန်လွန်းတယ်။ ချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာလဲစစ်ကောင်စီဟာအင်အားအလုံးအရင်းဖြည့်တင်းနေတယ်။သူတို့ကိုတော်လှန်နေတဲ့နယ်မြေတွေကိုလေးဖက်လေးတန်ပိတ်ဆို့ပြီးချေမှုန်းမယ့်သဘောရှိတယ်။ကယားမှာဆိုခရစ်ယာန်ဘုရားကျောင်းတွေပါမချန်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်။

Read more

ဇွန် ၇၊ ၂၀၂၁။ (တနင်္လာ)

ILOအဖွဲ့ကြီးကလဲနောက်တပတ်ကျင်းပမယ့်ညီလာခံမှာစစ်ကောင်စီကိုယ်စားလှယ်ကိုလက်မခံဘူးပြောလိုက်ပြီ။တကမ္ဘာလုံးကအဖွဲ့အစည်းကြီးတွေကတော့စစ်ကောင်စီကိုအခုထိအသိအမှတ်မပြုကြသေးဘူး။တရုတ်နဲ့အာဆီယံသာအသိအမှတ်ပြုဖို့ကြိုးစားနေကြတာ။NUGကလဲဒီကိစ္စကိုကန့်ကွက်ထားတယ်။ဘာပဲဖြစ်ဖြစ်စစ်ကောင်စီကတော့သူတို့နောက်ခံနဲ့ရမ်းကားနေဉီးမှာပဲ။

Read more

ဇွန် ၆၊ ၂၀၂၁။ (တနင်္ဂနွေ)

ဧရာဝတီတိုင်း၊ကျုံပျော်မြို့လေးကရွာတစ်ရွာမှာစစ်သူပုန်တွေအကြမ်းဖက်ဝင်စီးလို့တစ်ရက်ထဲနဲ့အပြစ်မဲ့ပြည်သူ၂၀ခန့်သေဆုံးသွားတယ်။ဒလန်ကရွာထဲမှာလက်နက်တွေရှိတယ်လို့သတင်းပေးလို့ဝင်ပစ်တာလို့ကြားတယ်။တကယ်တော့ဧရာဝတီတိုင်းဆိုတာတော်လှန်ရေးလှုပ်ရှားမှုအနည်းဆုံးဒေသတစ်ခုပါ။လက်နက်တွေရှိဖို့နေနေသာသာနယ်ခံPDFအဖွဲ့တွေတောင်ရှိတာမဟုတ်ဘူး။ဒါပေမယ့်လဲစစ်သူပုန်တွေရဲ့ထုံးစံအတိုင်းမဲမဲမြင်ရာဝင်သောင်းကျန်းသွားတာပဲ။ အာဆီယံကိုယ်စားလှယ်အဖွဲ့ရောက်နေချိန်မှာတောင်ဒီလိုလူသတ်ရမ်းကားနေတာဟာစစ်ကောင်စီကဘယ်သူ့ကိုမှဂရုမစိုက်ပဲသူလုပ်ချင်ရာလုပ်မယ်ဆိုတာပြသလိုက်တာပဲ။

Read more

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၂ ဇွန် ၂၀၂၁)

ရန်ကုန်တိုင်းဒေသကြီး • ရန်ကုန်မြို့ အထင်ကရ ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်အနီး မီးပွိုင့်ရှိ လမ်းလယ်ကျွန်းတွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ စည်ပင်ဝန်ထမ်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ • ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်...

Read more

ဟားခါးနှင့် ထန်တလန်ဒေသ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၃၀ နီးပါး သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နှင့် ဂန့်ဂေါမြို့အကြား လန်တုတ်နှင့် ပီနန်ရွာနားတွင် မနေ့က ညနေ ၃ နာရီ ဝန်းကျင်ခန့် ဂန့် ဂေါဘက်မှ စစ်ကူပေးရန် တက်လာသည့် စစ်ကောင်စီ လက်နက်ကိုင်ယာဉ်တန်းတခုကို Chinland Defense Force (CDF-ဟားခါး)က...

Read more

ဇွန် ၅၊ ၂၀၂၁။ (စနေ)

အာဆီယံကမြန်မာ့အရေးဆွေးနွေးထုတ်ပြန်ချက်အပြီးပထမဆုံးလှုပ်ရှားမှုအဖြစ်အာဆီယံဥက္ကဌနဲ့အတွင်းရေးမှုးတို့ဒီနေ့နေပြည်တော်မှာမင်းအောင်လှိုင်နဲ့တွေ့ကြတယ်လို့ကြားတယ်။အစည်းအဝေးအပြီးတလကျော်ကြာမှလေးကန်နှေးကွေးစွာနဲ့မြန်မာပြည်ရောက်လာကြတယ်ထင်ပါတယ်။ခုလိုလာရောက်ဖို့တောင်အာဆီယံအဖွဲ့ထဲမှာအကြိတ်အနယ်ဆွေးနွေးခဲ့ရတယ်ဆိုပဲ။ဒီတခေါက်ကအကြိုသဘောမျိုးလာကြည့်တာနေမှာ။ခုထိအာဆီယံကိုယ်စားလှယ်ကိုတောင်မခန့်နိုင်သေးဘူး။အတော်အသုံးမကျတဲ့အဖွဲ့အစည်းပဲ။ခက်တာကနိုင်ငံတကာကလည်းမြန်မာ့အရေးကိုလောလောဆယ်အာဆီယံကိုလွဲထားတယ်ဆိုတော့မင်းအောင်လှိုင်တို့အကြိုက်ပေါ့။

Read more

ဇွန် ၄၊ ၂၀၂၁။ (သောကြာ)

ဒီနေ့NUGကပထမဆုံးအကြိမ်အွန်လိုင်းသတင်းစာရှင်းလင်းပွဲလုပ်တယ်။ဒီလိုရုန်းကန်ဆဲအခြေအနေမျိုးမှာNUGအနေနဲ့သတင်းစာရှင်းလင်းပွဲလုပ်နိုင်ဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။နိုင်ငံတကာကသတင်းထောက်တွေရဲ့မေးခွန်းတွေအောက်မှာတော်ရုံအဖွဲ့အစည်းဆိုရင်လမ်းပျောက်သွားနိုင်တယ်။ NUG ကတော့အဆင်ပြေပြေလုပ်သွားနိုင်တယ်ပြောရမယ်။သူ့အနေနဲ့ကအမှန်တရားဘက်မှာရပ်တည်နေတာကိုး။စစ်ကောင်စီလိုအကြမ်းဖက်လိမ်လည်လှည့်ဖျားနေတာမှမဟုတ်တာ။သတင်းစာရှင်းလင်းပွဲမှာတော့ရိုဟင်ဂျာကိစ္စ၊PDFကိစ္စတွေအမေးများတယ်။ဒီကြားထဲစစ်ကောင်စီကအချိန်ကိုက်တပြည်လုံးကိုအင်တာနက်ဖြတ်ပြီးသတင်းစာရှင်းလင်းပွဲကိုနှောက်ယှက်သေးတယ်။အင်တာနက်ဖြတ်တာနဲ့ပတ်သက်ပြီးပြည်သူတွေကတော့ထင်ကြေးအမျိုးမျိုးပေးကြတာပါပဲ။ဘာပဲပြောပြောစစ်ကောင်စီက NUG ကိုလန့်နေပြီဆိုတာတော့သေချာတယ်။ ဒီနေ့နေလည်ဘက်ကရန်ကုန်အထွက်အမြန်လမ်း ZERO MILE မှာပစ်ခတ်မှုတွေဖြစ်သွားသေးတယ်။

Read more

ဇွန် ၃၊ ၂၀၂၁။ (ကြာသပတေး)

ချင်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းအနောက်ခြမ်းမှာစစ်သူပုန်တွေနဲ့ဒေသခံတွေကြားတိုက်ပွဲတွေဆက်ဖြစ်နေတယ်။စစ်ဘေးရှောင်တွေလဲပိုများလာတာပေါ့။မိုးဦးကလဲကျလာပြီးဆိုတော့စစ်ဘေးရှောင်တွေအတွက်အခက်အခဲတွေဖြစ်ပေါ်နေတယ်။စစ်သူပုန်တွေဟာဘယ်လောက်တောင်ယုတ်မာသလဲဆိုရင်စစ်ဘေးရှောင်တွေကိုအကူအညီပေးတဲ့သူတွေကိုဖမ်းဆီးတယ်၊ပစ္စည်းတွေကိုသိမ်းပစ်တယ်။နောက်ဆုံးမထင်ရင်မထင်သလိုလူကိုပါသတ်ပစ်တယ်။တကယ့်ဖက်ဆစ်စစ်တပ်ပဲ။ဒီကောင်တွေလက်အောက်ကဘယ်တော့များမှလွတ်မှာလဲ။

Read more
Page 176 of 201 1 175 176 177 201

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist