ကယားပြည်နယ်မှာစစ်ကောင်စီတပ်တွေနဲ့KNDFတို့ရဲ့ တိုက်ပွဲတွေပြန်လည်ပြင်းထန်လာတယ်။ဒီတခါတော့တိုက်ပွဲတွေဟာပြည်နယ်မြို့တော်လွိုင်ကော်မြို့ထဲထိပြန့်နှံလာပြီ။အရင်ကလွိုင်ကော်တောင်ဘက်ဒီမော့ဆိုမြို့နားမှာပဲတိုက်ပွဲတွေရှိခဲ့တာ။ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကထိုးစစ်စဆင်နေပြီလို့ယူဆရတယ်။ဒါဟာဒီတော်လှန်ရေးကာလမှာပြည်နယ်တစ်ခုရဲ့မြို့တော်အထိပထမဆုံးခြိမ်းချောက်နိုင်ခြင်းပဲ။
အရင်းအနှီးကလဲမသေးလှဘူး။အခုဆိုမြို့ပေါ်ကပြည်သူအတော်များများစစ်ဘေးရှောင်ဖို့စတင်ထွက်ခွာနေကြတယ်။ကယားပြည်နယ်မှာစစ်ဘေးရှောင်တွေတိုးလာတော့မယ်။