ရန်ကုန်တိုင်းဒေသကြီး • တောင်ဒဂုံမြို့နယ်၊ (၇၀) ရပ်ကွက်၊ ရွှေပြည်အေးနေ ကိုအဲစုအား မေလ ၄ ရက်တွင် စစ်အုပ်စုလက်နက်ကိုင်များက ရိုက်နှက် ဖမ်းဆီးခံရကာ ဒဏ်ရာများဖြင့် ပြန်လွတ်ပေးခဲ့သော်လည်း ဆေးရုံတွင် ကုသနေစဉ် ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်သည်။...
Read moreရန်ကုန်တိုင်းဒေသကြီး • ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမရှိ အ.ထ.က (၅) ကျောင်းဝင်းအတွင်း ယမန်နေ့ နေ့လယ်ပိုင်းက မည်သူ ထောင်ထားမှန်းမသိသည့် ဗုံးခြောက်လုံး တွေ့ရှိခဲ့ကာ မပေါက်ကွဲသေးမီပင် စစ်အုပ်စုလက်နက်ကိုင်များက ရှင်းလင်းခဲ့သည်ဟု သိရသည်။ အဆိုပါ ကျောင်းအနီးတွင်ပင် ယနေ့နံနက်ပိုင်းအထိ...
Read moreဒီနေ့ဟာမြန်မာပြည်မှာအာဏာသိမ်းသွားတာရက်၁၀၀ပြည့်တဲ့နေ့ဖြစ်တယ်။ ဒီရက်တစ်ရာအတွင်းမှာကျဆုံးသွားသူက၈၀၀နီးပါးရှိနေပြီ။စစ်ကောင်စီဟာတစ်ရက်ကို၈ယောက်နှုန်း၊သုံးနာရီတိုင်းမှာတစ်ယောက်နှုန်းနဲ့အပြစ်မဲ့ပြည်သူတွေကိုဆက်လက်သတ်ဖြတ်နေဆဲပါ။ မတရားဖမ်းဆီးခံထားရသူတွေလဲ လေးထောင်နီးပါးရှိနေပါပြီ။ ခုချိန်ထိအကြမ်းဖက်မှုတွေကိုပျော်ပျော်ကြီးဆက်လက်ကျူးလွန်ဆဲပါ။ ပြစ်တင်၊ရှုံချ၊ဝမ်းနည်း၊အားပေးစတဲ့စကားလုံးတွေနဲ့အချိန်ကုန်နေတဲ့နိုင်ငံတကာအသိုင်းအဝိုင်းဟာအာပလာဆိုတာမြန်မာပြည်သူတွေလဲကောင်းကောင်းသိရှိနေပါပြီ။ ကိုယ့်အားကိုယ်ကိုးမှရမယ်ဆိုတာသဘောပေါက်နားလည်လာကြပါပြီ။ အဲ့ဒီအတွက်လဲပြင်ဆင်နေကြပါပြီ။ သေချာတာတစ်ခုကတော့တော်လှန်ရေးဟာအရင်ကထင်ခဲ့သလိုလွယ်လွယ်နဲ့မပြီးသွားဘူး။ သွေးတွေ၊ချွေးတွေရင်းပြီးဆက်လက်တိုက်ယူရဦးမယ်ဆိုတာပါပဲ။
Read moreYou can copy without credits to our site. We Need Freedom.