ရန်ကုန်မြို့သိရိမင်္ဂလာစျေးကြီးမှာဗုံးပေါက်လို့စစ်သူပုန်တွေလုံခြုံရေးယူတယ်။သူတို့လုံခြုံရေးယူတဲ့ညမှာပဲဆိုင်ခန်းတွေဖောက်ထွင်းခံရပြီးစျေးသည်တွေရဲ့ငွေတော်တော်များများပါသွားတယ်။CCTV တွေပြန်ကြည့်တော့စစ်သူပုန်တွေကိုယ်တိုင်ဖောက်ထွင်းယူငင်နေကြတာတွေ့ရတယ်။
မန္တလေးစျေးချိုစျေးရုံကြီးမှာလဲစျေးမဖွင့်တဲ့ဆိုင်ခန်းတွေဟိုတလောကဖောက်ထွင်းခံရတယ်။တချို့မဖွင့်တဲ့ဆိုင်ခန်းတွေကိုလဲစည်ပင်ကစစ်သားတွေနဲ့ပေါင်းပြီးချိတ်ပိတ်သွားသေးတယ်။
အခုအခြေအနေကလုံခြုံရေးယူထားတဲ့သူတွေကိုယ်တိုင်ကခိုးယူလုယက်နေကြပြီ။ဒါကိုတားဆီးမယ့်သူမရှိပျော်ပျော်ကြီးကျူးလွန်နေကြတယ်။စစ်တပ်ဆိုတဲ့အဖွဲ့အစည်းဟာကြာလေလေအော်ဂလီဆန်ဖို့ကောင်းလာလေလေပဲ။