၂၀၂၂နှစ်စကစပြီးတနိုင်ငံလုံးမှာဓာတ်အားပျက်တောက်မှုတွေပိုမိုဆိုးရွားလာတယ်။ရန်ကုန်မှာဆိုအချိန်ပိုင်းဓာတ်အားပျက်တောက်မှုတွေမကြာခဏဖြစ်နေတယ်။နယ်မြို့တွေမှာပိုဆိုးတယ်။တနေကုန်နီးပါးမီးတွေပျက်နေတယ်လို့သိရတယ်။စစ်ကောင်စီကတော့အများပြည်သူသုံးဓာတ်အားကိုဖြတ်ခငေ်တဲ့အချိန်ဖြတ်တောက်မယ်လို့ခပ်ဗြောင်ဗြောင်ပဲကြေငြာထားတယ်။နိုင်ငံတကာကဓာတ်အားပေးစနစ်မှာရင်နှီးမြုပ်နှံမှုတွေပြန်ထွက်ခွာကုန်ပြီလေ။NLDအစိုးရလက်ထက်ကသေချာတည်ဆောက်ခဲ့တဲ့ရေရှည်စီမံကိန်းတွေလဲရေစုန်မျောကုန်ပြီပေါ့။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာလျှပ်စစ်ကား၊လျှပ်စစ်ရထားစီမံကိန်းတွေကိုပါးစပ်ကအရူးလိုပြောနေပေမယ့်လက်တွေ့မှာတော့တော်တော်အခြေအနေဆိုးနေတယ်။ဒါတောင်နွေရာသီရောက်ဖို့အတော်လိုသေးတယ်။လာမယ့်နွေရာသီမှာဒီထက်ပိုပြီးဆိုးဖို့ပဲရှိမယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။