နှစ်သစ်ကူးနေ့ကစပြီးရန်ကုန်မှာစစ်ကောင်စီတပ်တွေပျောက်ကျားတိုက်ခိုက်ခံရမှုတွေနေ့တိုင်းနီးပါးဖြစ်ပေါ်နေပြီးအကြိမ်ရေပိုစိပ်လာတယ်။ဒီနေ့ဆိုရင်မြို့နယ်တစ်ခုကစစ်သူပုန်တွေတပ်စွဲထားတဲ့ဘောလုံးကွင်းထဲကိုဗုံးပစ်လောင်ချာနဲ့မနက်စောစောစီးစီးစိမ်ပြေနပြေလာပစ်သွားလို့စစ်သူပုန်ဆယ်ယောက်ကျော်သေဆုံးသွားတယ်။တခြားမြို့နယ်တွေမှာလဲတိုက်ခိုက်မှုတွေကွက်ကြားကွက်ကြားဖြစ်ပေါ်လျက်ရှိတယ်။
မန္တလေးမြို့မှာလဲစစ်သူပုန်တွေတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေရန်ကုန်လောက်မများပေမယ့်ရှိတော့ရှိသေးတယ်။ဒါပေမယ့်တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင်ရန်ကုန်၊မန္တလေး၊မုံရွာလောက်ကလွဲပြီးတခြားမြို့ကြီးတွေမှာတိုက်ခိုက်မှုတွေမရှိသလောက်နည်းပါးသွားတယ်။တခြားမြို့ကြီးတွေကပြည်သူတွေနေသားကျသွားပြီလား၊စစ်ကောင်စီကအုပ်စီးမိသွားပြီလား။