LATEST STORIES

နိုဝင်ဘာ ၂၇၊ ၂၀၂၁။ (စနေ)

ချင်းပြည်နယ်ထန်တလန်မြို့လေးမှာဒီညမီးလောင်မှုတွေထပ်ပြီးဖြစ်ပွားနေတယ်။မြို့ခံလူထုတွေလုံးဝမရှိတော့ပဲစစ်သူပုန်တွေသာတပ်စွဲထားတဲ့နေရာမှာဒီမီးလောင်မှုတွေဟာဘယ်သူလက်ချက်လဲဆိုတာအသိသာကြီးပဲ။ထန်တလန်မှာမီးလောင်မှုတွေဖြစ်နေတာကိုးကြိမ်ခန့်ရှိနေပြီ။တမြို့လုံးလဲကုန်လောက်ပြီ။ဒါတောင်စစ်သူပုန်တွေကPDF တွေလက်ချက်ပါဆိုပြီးသူခိုးကလူလိုဟစ်ချင်နေသေးတယ်။ စစ်ကိုင်းတိုင်းအလယ်ပိုင်းဒီပဲယင်းမြို့နယ်မှာလဲညဘက်ကြီးရွာတွေကိုရဟတ်ယာဥ်တွေနဲ့ဝင်ပစ်နေလို့ဒေသခံဘေးလွှတ်ရာကိုညတွင်းချင်းပြေးနေရတယ်။စစ်သူပုန်တွေရဲ့ပစ်ခတ်မှုကြောင့်ရွာသား၁၈ဦးခန့်ပျောက်ဆုံးနေတယ်။သေလားရှင်လားမသိရသေးဘူး။စစ်တပ်ဟာကိုယ့်လူမျိုးကိုယ်ပြန်သတ်နေပြီ။

Read more

နိုဝင်ဘာ ၂၆၊ ၂၀၂၁။ (သောကြာ)

ရန်ကုန်မြို့ကနာမည်ကြီးစျေးဝယ်စင်တာတစ်ခုဖြစ်တဲ့မြန်မာပလာဇာမှာလူငယ်ငါးဦးခန့်ဆန္ဒပြပွဲလုပ်ကြတယ်။အဲ့ဒီမှာပလာဇာလုံခြုံရေးဝန်ထမ်းတွေကအတင်းထိုးကြိတ်ဖမ်းဆီးကြတယ်။ထိုသတင်းဟာလူထုကြားချက်ချင်းရောက်သွားပြီးမြန်မာပလာဇာကိုသပိတ်ဝိုင်းမှောက်ကြဖို့ဝိုင်းဝန်းဆော်သြကြတယ်။သိပ်မကြာခင်အချိန်အတွင်းမှာပဲမြန်မာပလာဇာကဆိုင်ခန်းတချို့ပိတ်သိမ်းကြောင်းကြေငြာချက်တွေဆိုရှယ်မီဒီယာတွေပေါ်တက်လာတယ်။ပလာဇာဘက်ကတောင်းပန်ကြောင်းပန်ကြားချက်ထွက်လာပေမယ့်မမှီတော့ဘူး။လူထုရဲ့boycottဟာချက်ချင်းအကျိုးသက်မှုရှိသွားတယ်။နောက်နေ့မှာတော့ပလာဇာတစ်ခုလုံးနီးပါးဆိုင်ခန်းတွေပိတ်ထားတာပြီးစျေးဝယ်သူတွေလဲမရှိသလောက်နည်းပါးသွားတယ်။ ဒီဖြစ်ရပ်ဟာရန်ကုန်မြို့နေလူထုတရပ်လုံးတော်လှန်ဘက်မှာအပြည့်အဝရပ်တည်နေဆဲပဲဆိုတာပြသလိုက်တာပဲ။လူတွေဟာလမ်းပေါ်ထွက်ဆန္ဒပြလို့မရတော့ပေမယ့်ကိုယ်နိုင်တဲ့တာဝန်ကိုတော့တတ်နိုင်သလောက်ထမ်းဆောင်နေကြတယ်။

Read more

စစ်ကောင်စီ၏ စစ်ကြောရေး ငရဲခန်း

ဒီဇိုင်း - မိုးထက်လျှမ်း/Myanmar Now ဖေဖော်၀ါရီ ၁ အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားနှင့် ရဲများက အရပ်သားများကို နေ့စဉ်ရက်ဆက် လိုက်လံဖမ်းဆီးလျက်ရှိသည်။ အဖမ်းခံရသူတို့ ထွက်ဆိုခဲ့သည်ဆိုသော အချက်များကိုသာ စစ်ကောင်စီက...

Read more

၂၀၂၂ တိုရစ်ဇမ်ပြန်အဖွင့်မှာ မြန်မာ့ခရီးသွား ဘာဖြစ်လာမလဲ?

"စကစနှင့်လက်ရှိခရီးသွားစီးပွား" သက်တမ်း၂၅နှစ်ကျော်လာပြီဖြစ်တဲ့ မြန်မာ့ခရီးသွားစီးပွားဟာ ယခုဆိုရင် ကိုဗစ်၁၉ နဲ့ စကစအာဏာသိမ်းမှုကြားမှာရပ်တန့်နေခဲ့တာ၂ နှစ်ကြာပါပြီ။ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာတော့၂၀၂၂ ခုနှစ်ရဲ့နှစ်ဦးပိုင်းမှာမြန့်မာခရီးသွားပြန်လည်ဖွင့်လှစ်တော့မယ်လို့ စကစ ကကမ္ဘာကို ​ကြေငြာလိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ စကစလက်အောက်မှာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းကြောင်းပြချင်တာရယ်၊ စကစရဲ့ဘတ်ဂျတ်လိုငွေပြနေမှုကြောင့်ခရီးသွားကဏ္ဍကနေနိုင်ငံခြားဝင်ငွေ/ဝင်ငွေလိုချင်တာရယ်ကြောင့်ပါပဲ။ သို့သော်လည်း မကြာသေးခင်ကမှ MOHT...

Read more

နိုဝင်ဘာ ၂၅၊ ၂၀၂၁။ (ကြာသပတေး)

မြို့ကြီးတွေရဲ့ဆင်ခြေဖုံးမြို့နယ်တွေမှာWFPကဆန်အိတ်တွေဝေနေတယ်။မရှိဆင်းရဲသားတွေကိုအဓိကထားပြီးပေးဝေနေတာတွေ့ရတယ်။တအိမ်ထောင်ကိုဆန်တစ်အိတ်နှုန်းရပြီးWFPကဝန်ထမ်းတွေကိုယ်တိုင်အောက်ခြေထိစာရင်းလိုက်ကောက်တော့တကယ်မရှိတဲ့ပြည်သူတော်တော်များများရကြတာပေါ့။ဆန်ကတော့သိပ်မကောင်းဘူး။ ခုလိုအခြေအနေမျိုးနာဂစ်မုန်တိုင်းတိုက်တုန်းကတစ်ခါကြုံဖူးတယ်။အဲ့တုန်းကတော့နိုင်ငံတကာကပေးတဲ့အကူအညီတွေဟာအောက်ခြေထိရောက်မလာပဲသက်ဆိုင်ရာအာဏာပိုင်တွေကရောင်းစားပြီးအိတ်ထဲထည့်လိုက်ကြလေရဲ့။စစ်တပ်ရဲ့အကျင့်ဆိုးတွေကိုသိလို့အခုတော့INGOတွေဟာအောက်ခြေထိဖိဖိစီးစီးကိုင်တွယ်နေတဲ့သဘောပဲ။အလေအလွင့်မရှိပဲရသင့်ရထိုက်တဲ့သူတွေရသွားတာပေါ့။  

Read more

နိုဝင်ဘာ ၂၄၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

NUGရဲ့ငွေတိုက်စာချုပ်တွေနှစ်ရက်အတွင်းဒေါ်လာဆယ်သန်းနီးပါးရောင်းထွက်သွားတယ်။စင်ကာပူမှာဆိုမြန်မာတွေတိုးကြိတ်ဝယ်ယူနေကြလို့စင်ကာပူဘဏ်ကြီးတွေရဲ့Mobile Bankingစနစ်တွေယာယီပြုတ်ကျကုန်တယ်။စင်ကာပူကမြန်မာတွေဟာခေတ်အဆက်ဆက်တာဝန်ကျေကြတယ်။အရင်ရွှေးကောက်ပွဲတွေတုန်းကလဲအလုပ်ပျက်ခံ၊အအိပ်အပျက်ခံပြီးနိုင်ငံကောင်းစားရေးအတွက်NLDကိုမဲပေးခဲ့ကြတယ်။အခုတော်လှန်ရေးကာလမှာလဲသူတို့ရဲ့ချွေးနဲစာတွေကိုနိုင်ငံအတွက်တတ်နိုင်သမျှပေးဆပ်နေကြတယ်။သူတို့အားလုံးကိုဦးညွတ်ပါတယ်။ စစ်ကိုင်းတိုင်းမှာတော့မုံရွာမန္တလေးလမ်းမကြီးပေါ်ဒီမနက်တိုက်ပွဲဖြစ်နေလို့ခရီးသွားတွေရောက်တဲ့နေရာမှာရပ်နေကြဖို့PDFကသတင်းထုတ်ပြန်ထားတယ်။မုံရွာ-မန္တလေးလမ်းဆိုတာပြည်မမှာရန်ကုန်-မန္တလေးအမြန်လမ်းပြီးရင်အသုံးအများဆုံးလမ်းမကြီးတွေထဲကတစ်ခုပဲ။အခုအဲဒီနေရာတွေထိတောင်PDF တွေစိုးမိုးလာနေပြီလား။

Read more

နိုဝင်ဘာ ၂၃၊ ၂၀၂၁။ (အင်္ဂါ)

မန္တလေးမြို့မှာလှုပ်ရှားသွားလာနေတဲ့သူတွေအကုန်စစ်ကောင်စီရဲ့အဓိပ္ပါယ်မရှိတဲ့အမိန့်တွေကြောင့်ဒုက္ခရောက်နေကြတယ်။မန္တလေးဟာမြန်မာနိုင်ငံမှာဆိုင်ကယ်အများဆုံးမြို့တော်ပါ။အဲ့ဒီလိုမြို့မှာဆိုင်ကယ်ကိုနှစ်ယောက်မစီးရအမိန့်ထုတ်တယ်။စစ်ကောင်စီတပ်သားတွေကိုဆိုင်ကယ်တွေလဲလာရောက်ပစ်ခတ်သွားလို့အကြောက်လွန်နေကြတယ်။အမိန့်ထုတ်ရုံနဲ့မပီးသေးဘူး။အစစ်အဆေးတွေအရမ်းကြမ်းနေတယ်။လိုင်စင်၊ဝှီးတက်အပြည့်အစုံပါလဲအပစ်ရှာပြီးငွေညစ်တယ်၊ဆိုင်ကယ်ပါသိမ်းတယ်။နောက်ဆုံးအပစ်ရှာမရရင်နှာခေါင်းစည်းတပ်လဲဖမ်းတယ်၊မတပ်လဲဖမ်းတယ်။စစ်ဆေးရေးရှိလို့အနားရောက်မှရှောင်မောင်းရင်လဲအမေးမြန်းမရှိပစ်ခတ်သေးတယ်။တကယ့်ကိုတရားလက်လွတ်ပြုမူနေကြတယ်။နေ့စဉ်ဆိုင်ကယ်ကိုသာအားပြုနေရတဲ့တမြို့လုံးကပြည်သူတွေဟာသွားရလာရတာအဆင်မပြေတော့ဘူး။ ဆင်ခြင်တုံတရားမရှိတဲ့ကောင်တွေရဲ့အနိုင်ကျင့်တွေအောက်ကဘယ်တော့မှလွတ်မြောက်မှာလဲ။

Read more

နိုဝင်ဘာ ၂၂၊ ၂၀၂၁။ (တနင်္လာ)

NUGရဲ့ဒေါ်လာသန်းတစ်ထောင်ဖိုးတန်ဖိုးရှိတဲ့ငွေတိုက်စာချုပ်တွေဒီနေ့စတင်ရောင်းချတယ်။ပထမအသုတ်အဖြစ်သန်းနှစ်ရာဖိုးအရင်ရောင်းမှာဖြစ်တယ်။ခုလောလောဆယ်တော့ပြည်တွင်းမှာမရသေးပဲပြည်ပကပဲဝယ်လို့ရဦးမယ်။ဒါတောင်ပထမဆုံးသုံးနာရီအတွင်းမှာပဲဒေါ်လာသုံးသန်းကျော်ဖိုးရောင်းလိုက်ရတယ်။နိုင်ငံတကာကမြန်မာတွေရဲ့အားပေးမှုဟာကြောက်ခမန်းလိလိပဲ။ပြည်တွင်းကပြည်သူတော်တော်များများလဲဝယ်ယူဖို့စိတ်ဝင်စားနေကြတယ်။ဒေါ်လာတစ်ရာဖိုးကစဝယ်လို့ရတယ်ဆိုတော့တော်တော်များများအတွက်လက်လှမ်းမှီတယ်လေ။ ငွေတိုက်စာချုပ်တွေများများနဲ့မြန်မြန်ရောင်းရလေ၊တော်လှန်ရေးအတွက်အထောက်အကူဖြစ်လေပဲ။NUGကတော့ဒါဟာတော်လှန်ရေးတဆစ်ချိုးလို့ပြောထားတယ်။အဲ့ဒီကရတဲ့ငွေတွေကိုဘာအတွက်သုံးမလဲဆိုတာတော့ပြောစရာမလိုပဲလူတိုင်းသဘောပေါက်ကြတယ်။ဒါကြောင့်ကြိတ်ကြိတ်တိုးဝယ်ယူအားပေးနေကြတာပေါ့။

Read more

နိုဝင်ဘာ ၂၁၊ ၂၀၂၁။ (တနင်္ဂနွေ)

အာဆီယံတရုတ်ထိပ်သီးအစည်းအဝေးပွဲမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုမဖိတ်ဖို့ဆုံးဖြတ်လိုက်တယ်။တရုတ်အနေနဲ့စစ်ခေါင်းဆောင်ကိုနေရာပေးဖို့ကြိုးစားပါသေးတယ်။ဒါပေမယ့်အာဆီယံနိုင်ငံတွေကလက်မခံကြဘူး။အထူးသဖြင့်စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားနဲ့ဘရူနိုင်းနိုင်ငံတွေပေါ့။ဘုံသဘောတူညီချက်ငါးချက်ကိုအကောင်အထည်မဖော်သ၍စစ်ခေါင်းဆောင်ကိုအာဆီယံရဲ့ဘယ်အစည်းအဝေးကိုမှတက်ခွင့်မပေးဖို့ဆုံးဖြတ်ထားကြပုံပေါ်တယ်။ပီးခဲ့တဲ့အပတ်ကတရုတ်ကိုယ်စားလှယ်မြန်မာပြည်လာတာအဲ့ဒီကိစ္စပဲ။ဒါပေမယ့်သူ့ရဲ့ခရီးစဉ်မအောင်မြင်လိုက်ဘူးပေါ့။ စစ်ကောင်စီကတော့ဆက်လက်ခေါင်းမာနေဦးမှာပဲ။အစည်းအဝေးတွေမတက်ရလဲဂရုစိုက်မယ့်ပုံမပေါ်ဘူး။ကြာရင်သူတို့အတွက်နေသားတောင်ကျသွားဦးမယ်။ဒီထက်ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့လိုတယ်။

Read more

နှလုံးသား ထဲက ဘွန်း

NUG ငွေတိုက်စာချုပ်များ သည် စတင် ရောင်းချသည့် နေ့မှာပင် အမေရိကန် ဒေါ်လာ ၆.၃ သန်း (စင်္ကာပူ ဒေါ်လာ ၈.၆ သန်း) ရရှိခဲ့ပြီ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့မှ...

Read more
Page 152 of 203 1 151 152 153 203

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist