LATEST STORIES

ဇွန် ၂၃၊ ၂၀၂၂။ (ကြာသပတေးနေ့)

ရခိုင်မှာအေအေနဲ့စစ်တပ်တို့အပြိုင်အဆိုင်လူဖမ်းပွဲတွေကျင်းပနေကြတယ်။စစ်တပ်ကအရင်ထဲကရခိုင်မှာအစစ်အဆေးတွေတင်းကြပ်ထားတာပါ။အေအေနဲ့သက်ဆိုင်တယ်လို့ထင်တဲ့သူတွေကိုမထင်ရင်မထင်သလိုဖမ်းဆီးလေ့ရှိတယ်။ဒါကိုလက်တုန့်ပြန်တဲ့အနေနဲ့အေအေကလဲစစ်ကောင်စီဖက်တော်သားတွေကိုဆက်တိုက်ဖမ်းဆီးလာတယ်။မောင်တော၊ကျောက်တော်၊စစ်တွေ၊မြောက်ဦးစတဲ့မြို့တွေမှာရဲတွေ၊စစ်သားတွေ၊စရဖတွေ၊အုပ်ချုပ်ရေးမှုးတွေကိုဖမ်းဆီးသွားတာကြောင့်စစ်တပ်ကမဆိုင်တဲ့အရပ်သားတစ်ရာကျော်ကိုနေရာပေါင်းစုံမှာဖမ်းဆီးထားတယ်။ ရခိုင်မှာကစစ်ရေးတင်းမာနေတာကြာပြီ။ဒါပေမယ့်အခုချိန်ထိရင်ဆိုင်တိုက်ခိုက်မှုတွေမလုပ်ပဲလူဖမ်းပွဲတွေပဲလုပ်နေတော့ကြားထဲကပြည်သူတွေကျီးလန့်စာစားနေနေရတယ်။    

Read moreDetails

ဇွန် ၂၂၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်မှာPDFတွေပါလာတဲ့ကားတစ်စီးကိုစစ်သူပုန်တွေခြုံခိုတိုက်ခိုက်လို့ကားပေါ်ပါသူ၁၂ယောက်ခန့်ကျဆုံးသွားပြီးလက်နက်တွေပါဆုံးရှုံးသွားတယ်။စစ်သူပုန်တွေကကားရှေ့တည့်တည့်ကလက်နက်ကြီးနဲ့ပစ်လို့ထိုမျှအကျအဆုံးများကုန်တာပဲ။ဒီကာလမှာPDFတွေဘက်ကတကြိမ်ထဲအကျအဆုံးအများဆုံးကဒီတခေါက်ဖြစ်မယ်ထင်တယ်။ထိုနယ်မြေဟာPDFစိုးမိုးနယ်မြေဖြစ်ပြီးစစ်သူပုန်တွေကအလစ်အငိုက်ချောင်းတိုက်တာဆိုတော့သတင်းပေါက်ကြားသွားတာလို့ယူဆရတယ်။ကိုယ့်လူတွေဖက်ကပေါ့ဆတာလဲပါတာပေါ့လေ။ တစ်ခုဖြေသာသွားတာကနေ့မကူးပဲစစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာစစ်သူပုန်အုပ်စုကိုPDFကအလစ်ချောင်းတိုက်လို့ရဲမှုးအပါအဝင်စစ်အုပ်စုဖက်က၁၃ယောက်ခန့်သေဆုံးသွားတယ်။လက်နက်တွေလဲရလိုက်တယ်။တိုက်ဆိုင်မှုလို့ဆိုပေမယ့်ကိုယ်တွေဘက်နစ်နာမှုပိုများတယ်။

Read moreDetails

ဇွန် ၂၁၊ ၂၀၂၂။ (အင်္ဂါ)

NUGကသတင်းစာရှင်းလင်းပွဲလုပ်တယ်။သူတို့ပြောသွားတာကတော့မကြာမှီမှာတော်လှန်ရေးကိုအရှိန်မြင့်မယ်တဲ့။အရှိန်မြင့်မယ်လို့ပြောနေတာတကယ်တော့ကြာနေပြီ။လက်တွေ့မှာအခုထိဖြစ်မလာသေးဘူး။စစ်ရေးအရှိန်မြင့်ပြီးခုခံစစ်ကနေတိုက်စစ်ပြောင်းမယ်ဆိုရင်တလကိုဒေါ်လာဆယ်သန်းခန့်လိုတယ်လို့ပြောသွားသေးတယ်။အခုလောလောဆယ်တော့ဘွန်းနဲ့မင်းအောင်လှိုင်အိမ်ရောင်းရငွေကနေ၄၅သန်းလောက်ရနေပြီ။သန်း၅၀တောင်မပြည့်သေးတဲ့ဒီပမာဏဟာစစ်ရေးမှာသုံးမယ်ဆိုရင်ဘာမှမပြောပလောက်ဘူး။ဒါကြောင့်လက်ရှိအချိန်မှာအဓိကကငွေပဲ။ NUGကနည်းလမ်းပေါင်းစုံနဲ့ရှာဖွေနေတယ်ဆိုပေမယ့်အဖျားရှူးရှူးသွားတယ်။ရံပုံငွေရှာဖွေရေးပရောဂျက်တစ်ခုလုပ်ပြီဆိုရင်အစပိုင်းမှာတက်ကြွပေမယ့်နောက်ပိုင်းမှာသွေးအေးသွားတယ်။အခုရပ်တန့်ထားရတဲ့နွေဦးထီကသက်သေပဲ။NUG PAY ဟာလဲဘယ်လောက်ထိဖြစ်လာမလဲမပြောတတ်သေးဘူး။အခုချိန်ထိလဲနိုင်ငံတကာကဘာစစ်ရေးအကူအညီမှမရသေးဘူး။ငွေအလုံအလောက်မရှိရင်တော့တော်လှန်ရေးဟာကြာလိမ့်ဦးမယ်။

Read moreDetails

ဇွန် ၂၀၊ ၂၀၂၂။ (တနင်္လာ)

NUG ကသူ့ရဲ့ကိုယ်ပိုင်ငွေကြေးစနစ်ဖြစ်လာမယ့်NUG PAYကို Launch လုပ်တော့မယ်လို့ကြေငြာလိုက်ပြီ။ NUG PAY ဟာဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုလဲဖြစ်လို့စစ်ကောင်စီကခြေရာခံလို့မရနိုင်ဘူး။NUG Pay အောင်မြင်ရင် တော်လှန်ရေးအောင်ဖို့ပိုမြန်မှာမို့ဝိုင်းပြီးသုံးဖို့လိုမယ်။ NUG Pay ရဲ့ ကြီးမားတဲ့အားသာချက်ကြီးတခုကတော်လှန်ရေးထောက်ပို့လမ်းကြောင်းတရားဝင်ပွင့်သွားပြီဖြစ်တယ်။အဓိကကတော့ပြည်တွင်းထဲပြည်သူတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းကြားမှာ လုံခြုံပြီးစိတ်ချရတဲ့ ငွေလမ်းကြောင်းတခုကို နည်းပညာသုံးပြီး ဖန်တီးလိုက်ပြီဖြစ်လို့ တော်လှန်ရေးထဲ...

Read moreDetails

စစ်ကောင်စီတပ်က ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်သွားခဲ့သော အရပ်သား ၂၈ ဦး၏ အမည်များ

RFA သတင်းတွင်ပါရှိသော ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရသူ အရပ်သားများ၏ အမည်စာရင်းကို မဇ္ဈိမက လက်ခံရရှိထားပါသည်။ ဒေသခံများပြောကြားချက်အရ မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က မုံတိုင်ပင်ရွာသား စုစုပေါင်း၂၈ ဦးကို သတ်ဖြတ်ကာ...

Read moreDetails

မြန်မာ စစ်တပ် အရေးနိမ့်ဖို့ အစပျိုးလာမည့် မိုးရာသီ

ပြည်သူ့တပ်မတော်ဟု တခါက လူထု ယုံကြည်ကိုးစားခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ကြီးသည် ယခုအခါ မင်းအောင်လှိုင်၏ ပံ့ပိုးမှုဖြင့် မိမိနိုင်ငံသားများကို ပြန်လည် တိုက်ခိုက်နေရသည့် အကြမ်းဖက် စစ်တပ်ကြီး အသွင်သို့ တမဟုတ်ချင်း ပြောင်းလဲသွားရပြီ ဖြစ်သည်။ တဖြေးဖြေး နှင့် ရုပ်လုံး...

Read moreDetails

ဇွန် ၁၉၊ ၂၀၂၂။ (တနင်္ဂနွေ)

ဒီနေ့ဟာပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တယ်။မနှစ်ကလိုပဲပြည်သူတွေဟာနေရာအနှံ့အပြားမှာသူမမွေးနေ့အတွက်ဆုတောင်းမှုတွေပြုလုပ်ပေးကြတယ်။အခုဆိုရင်သူမဟာအသက်၇၇နှစ်ရှိနေပြီးဖြစ်ပြီးသူမရဲ့အချိန်အများစုကိုထောင်ထဲမှာပဲကုန်ဆုံးနေရတယ်။အခုလဲစစ်ကောင်စီဟာလောလောလတ်လတ်သူမကိုထောင်ဒဏ်ဆယ်နှစ်ခန့်ချပြီးပြီ။မတရားရင်ဆိုင်နေရတဲ့နောက်ထပ်အမှုများစွာလဲကျန်သေးတယ်။ဒီအရေးတော်ပုံသာမအောင်မြင်ရင်သူမဟာကျန်ရှိနေတဲ့လူ့သက်တမ်းကိုထောင်ထဲမှာပဲကုန်ဆုံးသွားဖို့ရှိမယ်။ဒါကြောင့်အရေးတော်ပုံအမြန်အောင်မြင်အောင်ကြိုးစားကြရမယ်။  

Read moreDetails

ဇွန် ၁၈၊ ၂၀၂၂။ (စနေ)

မေလ ၁၀ ရက်နေ့က စစ်သူပုန်တွေဟာ စစ်ကိုင်းတိုင်း မုံတိုင်ပင်ရွာသား စုစုပေါင်း၂၈ ဦးကို သတ်ဖြတ်ကာ အလောင်းများကို အိမ်နှင့်အတူမီးရှို့သွားခဲ့တယ်လို့  RFA ကထုတ်လွင့်သွားတယ်။ ဘုန်းကြီးကျောင်းတစ်ခုဝင်းအတွင်း လူငယ်၊ လူကြီး အရပ်သား ၃၀ ခန့်ကို သုံးတန်းစုပြီး...

Read moreDetails

ဇွန် ၁၇၊ ၂၀၂၂။ (သောကြာ)

ကမ္ဘာဘဏ်ကလာမယ့်နှစ်တွေအတွက်မြန်မာ့စီးပွားရေးအခြေအနေကိုမခန့်မှန်းနိုင်တော့ဘူးလို့ထုတ်ပြန်လိုက်တယ်။ပြီးခဲ့တဲ့နှစ်ကမြန်မာ့စီးပွားရေးဟာ၁၈ရာခိုင်နှုန်းကျုံဝင်သွားခဲ့ပြီးဒီနှစ်မှာလဲပြန်ကောင်းလာဖို့လမ်းမမြင်ဘူး။အာဆီယံနိုင်ငံတွေအားလုံးကိုဗစ်အလွန်မှာစီးပွားရေးအတက်ပြနေပေမယ့်မြန်မာနိုင်ငံကတော့အနုတ်ဂဏန်းအောက်ထိုးဆင်းလျက်ပဲ။ထိုင်းနယ်စပ်မှာဆိုတရားမဝင်ရွှေ့ပြောင်းမြန်မာနိုင်ငံသားအလုပ်သမားတွေထောင်ချီဖမ်းဆီးနေရလို့ထောင်တွေတောင်မဆန့်တော့ဘူး။ပြည်တွင်းမှာလူတန်းစားပေါင်းစုံဟာဘာမှလုပ်ကိုင်စားသောက်လို့မှမရတော့ပဲ။စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အတွင်းမှာစီးပွားရေးဟာဗုံးဗုံးလဲပြိုဆင်းသွားပြီ။စစ်တပ်ကနိုင်ငံကိုအုပ်ချုပ်နေသ၍အဖတ်ဆယ်ဖို့ရလမ်းမမြင်ဘူး။

Read moreDetails

ဇွန် ၁၆၊ ၂၀၂၂။ (ကြာသပတေး)

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာစစ်တပ်ကCDMကျောင်းအုပ်၊သူနာပြုဆရာမ၊ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင်အရပ်သားပြည်သူငါးဦးကိုအရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားတယ်။သူတို့တွေဟာဘေးလွတ်ရာစစ်ဘေးရှောင်ရင်းစစ်သူပုန်စစ်ကြောင်းနဲ့တိုးပြီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်။တကယ်ဆိုသူတို့တွေဟာPDFပုံစံလဲပေါက်နေကြတာမဟုတ်ဘူး။အရပ်သားစစ်စစ်ဆိုတာသိသာနေတာပဲ။စစ်သူပုန်တွေဟာသူတို့အပြင်ရွာတွေကိုမီးတိုက်ရင်မပြေးနိုင်ပဲရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေပါမကျန်၊အိမ်မွေးတိရိစ္ဆာန်တွေပါမကျန်နေရာစုံမှာမီးရှို့သတ်ဖြတ်လေ့ရှိတယ်။ အခုဆိုရင်ဖျက်စီးခံလိုက်ရတဲ့ရွာတွေကအရွယ်ကောင်းလူငယ်တွေအကုန်PDFတွေဖြစ်ကုန်ပြီ။ဖက်ဆစ်စစ်တပ်ကိုနာကျည်းမှုတွေကအဆုံးစွန်ထိရောက်နေပြီ။စစ်တပ်အနေနဲ့ဒီလိုပြည်သူတွေကိုထိန်းနိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။

Read moreDetails
Page 151 of 230 1 150 151 152 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist