ICJကမြန်မာနိုင်ငံကိုတရားစွဲခွင့်ရှိတယ်လို့ဒီနေ့မှာအမိန့်ချမှတ်လိုက်တယ်။စစ်ကောင်စီကခုခံချေပခဲ့ပေမယ့်လဲအရာမထင်ခဲ့ဘူး။
ဒါပေမယ့်လဲဒီအမှုကကြာဦးမှာပါ။တရားစွဲဆိုခွင့် ရှိတယ်လို့ ICJ ကအမိန့်ချမှတ်ခဲ့မယ်ဆို ဂမ်ဘီယာကတရားစွဲထားတဲ့လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဆက်ပြီးတရားဆိုင်ရမယ်။NLDအစိုးရလက်ထက်နဲ့စစ်ကောင်စီလက်ထက် ၂ ဆက်လုံးဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲခွင့်မရှိလို့ ICJ ကို ကန့်ကွက်ခဲ့ကြတယ်။ဂမ်ဘီယာကစွဲဆိုထားတဲ့စစ်တပ်ကနေလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့အမူတခုလုံးပြီးဖို့ကလအတော်ကြာအုံးမှာပါ။အခန့်မသင့်ရင် နှစ်ပေါက်အုံးမယ်ထင်မိတယ်။အခုတောင် နှစ်နဲ့ချီကြာနေပြီမဟုတ်လား။နှစ်လတွေကြာပြီးလို့ အမူတခုလုံးကိုICJ က အဆုံးသတ်အမိန့် ချမှတ်ပြီးလို့စစ်ကောင်စီက ရှိနေသေးရင်လက်မခံဘူးလို့ ငြင်းဆိုလိုက်ရင်တောင်အဲဒီအငြင်းပွားမူ UN လုံခြုံရေးကောင်စီမှာထပ်ပြီးတော့ ဆုံးဖြတ်ရမှာ ဖြစ်ပြန်တယ်။ICJ က စစ်တပ်ကို တိုက်ရိုက်အထိနာအောင် မလုပ်နိုင်လို့ ICJ ကိုမင်းအောင်လှိုင်က သိပ်စိုးရိမ်ပုံမရဘူး။