LATEST STORIES

ဇွန် ၆၊ ၂၀၂၂။ (တနင်္လာ)

ယင်းမာပင်မြို့နယ် ထန်းဇင်ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့တပ်ဖွဲ့ မိုင်းဆွဲခံရတယ်လို့ သတင်းတွေ တက် လာတယ်။ ဒီလိုသတင်းတွေဟာ ပြည်သူတွေအတွက် စိတ်တက်ကြွစေမယ့်သတင်းတွေဖြစ်လာတယ်။ တစ်ဖက်မှာ စစ်ကောင်စီက နေအိမ်တွေ ကျေးရွာတွေကို မီးလိုက်ရှို့နေတယ်။ သူတို့ရဲ့ယုတ်မာချက်က ကမ်းကုန်တာမို့ ရေးပြလို့မနိုင်လောက်အောင်ပါပဲ။ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ယုတ်မာမှုတွေက...

Read moreDetails

ဇွန် ၅၊ ၂၀၂၂။ (တနင်္ဂနွေ)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် တို့ အပါအဝင် သေဒဏ်စီရင်ချက်ချထားခံရသူတွေကို ကွပ်မျက်မယ်လို့ စစ်ကောင်စီက သတင်းလွှင့် တယ်။ စိတ်ဓါတ်စစ်ဆင်ရေးမှန်းအားလုံးက သိပေမယ့် သူတို့အတွက် စိုးရိမ်မိတာပေါ့။ လောကကြီးကတရားမျှ တမှုမရှိဘူး။ တစ်ချိန်လုံးမကောင်းတာချည်းလုပ်နေတဲ့ စစ်ကောင်စီဖက်ကို...

Read moreDetails

ဇွန် ၄၊ ၂၀၂၂။ (စနေ)

စစ်ကိုင်းတိုင်းတစ်ခွင်မှာ စစ်ကောင်စီက လူနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့နေတာတွေ မရပ်နိုင်သေး ဘူး။ ဆက်တိုက်လုပ်နေတယ်။ စစ်ကောင်စီနဲ့ PDF တွေလည်း တိုက်ပွဲတွေ တစ်မျိုးပြီးတစ်မျိုးဖြစ်နေ တာကို ဒီတိုင်းကြည့်နေရတဲ့ဘဝ။ ကိုယ်တွေဖက်က တတ်နိုင်သမျှကူပေးချင်တယ်။ ပြည်သူတွေမှာ စိတ်ဓါတ်ပဲရှိတယ်။ လက်နက်မရှိတော့ အင်အားချင်းက...

Read moreDetails

ဇွန် ၃၊ ၂၀၂၂။ (သောကြာ)

ဆိုင်ကယ်စီးတဲ့သူတွေကို စစ်ကောင်စီက လိုက်ဖမ်းနေတာတွေ ဆက်တိုက်လုပ်နေတယ်။ ဒီလပိုင်းထဲမှာ လုပ်နေတာ။ ဆိုင်ကယ်တွေကိုဖမ်းပြီး ပိုက်ဆံတောင်းတာ။ ရဲစခန်းအထိ ဆိုင်ကယ်တွေကိုယူသွားပြီး ပိုက်ဆံနဲ့ လာရွေးခိုင်းတာတွေရှိတယ်။ ရန်ကုန်တိုင်းဒေသကြီးနေရာအနှံ့မှာပါပဲ။ မန္တလေးမှာဆိုရင်လည်း ဈေးချိုရှိဆိုင်ခန်းတွေကို ပြန်မဖွင့်ရင်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်တာမျိုးတွေရှိနေတယ်။ တိုင်းပြည်တည်ငြိမ်ပြီး သူတို့အုပ်ချုပ်နိုင်ပြီဆိုတာကို စစ်ကောင်စီကအရမ်းတွေပြချင်နေတယ်။...

Read moreDetails

ဇွန် ၂၊ ၂၀၂၂။ (ကြာသပတေး)

ကော့မှူးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၆၀ ကျော်ကို ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တယ် လို့သိရတယ်။ စစ်ကောင်စီဟာ သူတို့ အတွက် အန္တရယ်ဖြစ်စေမယ့်အရာမှန်သမျှကို လိုက်လံတားဆီး ပိတ်ပင်နေတယ်။ ပြည်သူတွေ ဘယ်လိုဒုက္ခရောက်မယ်၊ ဘယ်လောက်အခက်အခဲရှိမယ်ဆိုတာကိုမ တွေးဘူး။ ပြည်သူတွေဖက်က ဘယ်တုန်းကမှလည်းမတွေးခဲ့ဘူး။ သူတို့အာဏာတည်မြဲဖို့အတွက်ဆို...

Read moreDetails

ဇွန် ၀၁၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မနေ့ကရန်ကုန်မှာဗုံးပေါက်သလိုပဲ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ပညာရေးမှုးရုံးမှာအစည်းအဝေးလုပ်နေတုန်းပေါက်ကွဲမှုဖြစ်လို့ ဆရာမတစ်ဦးသေးဆုံးသွားတယ်။ အစည်းအဝေးလုပ်နေတဲ့ကျောင်းဝန်းတစ်ခုလုံးစစ်တပ်က လုံခြုံရေးယူထားတဲ့ကြားကဖြစ်သွားတာဆိုတော့ဘယ်သူ့လက်ချက်ဆိုတာအသိသာကြီးပဲ။ ဒီရက်ပိုင်းစစ်ကောင်စီကကျောင်းတွေပြန်ဖွင့်တော့မှာမို့ PDF တွေနှောင့်ယှက်နေတယ်လို့အများကထင်အောင်သတင်းတွေလျောက်ဖြန့်နေတယ်။ တချို့PDF အား ကောင်းတဲ့မြို့တွေမှာဆိုစစ်တပ်ကကျောင်းတွေမှာတပ်စွဲထားပြီးမီးရှို့နေတယ်။ ပြီးရင် PDF တွေလုပ်တာပါဆိုပြီးသတင်းထုတ်ပြန်တယ်။ တကယ့်ကိုအရှက်မရှိတဲ့ဗြောင်လိမ်ဗြောင်စားတွေပဲ။

Read moreDetails

မေ ၃၁၊ ၂၀၂၂။ (အင်္ဂါ)

ရန်ကုန်မြို့လည်ကောင်က ဘားလမ်းမှတ်တိုင်မှဗုံးပေါက်ကွဲလို့ ကားစောင့်နေတဲ့လူတွေထဲကတစ်ဦးသေဆုံးပြီး ဆယ်ဦးခန့်ဒဏ်ရာရရှိသွားတယ်။ အပြစ်မဲ့ပြည်သူတွေကိုစတေးပြီး PDF တွေကိုအပြစ်ဖို့မယ့် စစ်ကောင်စီရဲ့အကြံဆိုးပဲ။ ဒီလိုမျိုးလူစည်ကားရာမြို့လည်ကောင်မှာဘာမှမဆိုင်တဲ့ပြည်သူတွေကိုထိခိုက်အောင်လုပ်တာကတော့အတော်မိုက်ရိုင်းလွန်းတယ်။ အရင်စစ်အစိုးရခေတ်တုန်းကစျေးဝယ်စင်တာတွေမှာ ဗုံးထောင်သလိုမျိုးပေါ့။ အဲ့တုန်းကလည်းမဆိုင်တဲ့သူတွေကိုထိုးချထောင်ချခဲ့တယ်။ ပြည်သူကိုထိခိုက်အောင်လုပ်တဲ့အမှုမှန်သမျှစစ်တပ်ကလုပ်တယ်ဆိုတာဒီချိန်မှာလူတိုင်းသိကုန်ကြပြီ။

Read moreDetails

မေ ၃၀၊ ၂၀၂၂။ (တနင်္လာ)

ရှမ်းကယားနယ်စပ်ဖယ်ခုံနဲ့လွှိုင်ကော်မှာ UNHCR နဲ့ WFP တို့ပေါင်းပြီးစစ်ဘေးရှောင်တွေကိုဆန်အိတ်တွေဝေတယ်။ ဒါပေမယ့် ထိုနယ်တွေက တကယ့်စစ်ဘေးရှောင်ဒေသတွေမဟုတ်သေးဘူး။ တောထဲတောင်ထဲမှာအများကြီးကျန်သေးတယ်။ ထိုနေရာတွေအထိသွားဖို့ကျတော့စစ်ကောင်စီကခွင့်မပြုဘူး။ UN အောက်ကအဖွဲ့အစည်းတွေဟာစစ်ကောင်စီအလိုကျလိုက်လုပ်ပေးနေရတယ်။ အာဆီယံကပေးမယ့် စစ်ကောင်စီမှတဆင့်သွားဖို့ဆောက်ရွက်နေတယ်။ ဒါဆိုရင်တော့လာသမျှအကူအညီတွေဟာတကယ်လိုအပ်တဲ့နေရာကိုမရောက်ပဲစစ်ကောင်စီအိတ်ထဲပဲရောက်သွားလိမ့်မယ်။ နာဂစ်မုန်တိုင်းတုန်းကထင်ရှားတဲ့သာဓကတွေရှိခဲ့တာပဲလေ။

Read moreDetails

မေ ၂၉၊ ၂၀၂၂။ (တနင်္ဂနွေ)

NUCC မှာ NLD ပါတီမပါတော့ဘူးလို့သတင်းတွေထွက်လာတယ်။ မီဒီယာတွေကမေးမြန်းစုံစမ်းတော့ တကယ်လည်း NUCC မှာ NLD ကကိုယ်စားပြုကိုယ်စားလှယ်မခန့်အပ်ထားဘူး။ CRPH က NLD ကိုယ်စားလှယ်တွေနဲ့ ရောချထားတယ်။ တကယ်က NLD လိုဝါရင့်ပါတီကြီးမျိုးက NUCC မှာပါကိုပါသင့်တယ်။...

Read moreDetails

နွေဦးတော်လှန်‌ရေးဒုတိယအဆင့် သို့မဟုတ် ယှဉ်ပြိုင်ဒေသန္တရအုပ်ချုပ်ရေးယန္တရားများ

ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်အတွင်း နယ်မြေထိန်းချုပ်မှု ပိုမိုလုပ်လာနေသလို တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးရဲ့ အောင်မြင်မှုဟာလဲ မြန်မာပြည်အလယ်ပိုင်းအပါအဝင် အခြားဒေသတွေမှာ ယှဉ်ပြိုင်အုပ်ချုပ်ရေး ယန္တရားတွေ ဘယ်လောက် တည်ဆောက်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်သွားနိုင်ပါတယ်။ ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးလိုအပ်ချက်ကို...

Read moreDetails
Page 153 of 230 1 152 153 154 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist