စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ဘယ်သူမှမဖိတ်ခေါ်ပဲနဲ့ရုရှားထွက်သွားပြန်ပြီ။ရုရှားဘက်ကတော့သူရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ရောက်လာတာလို့သတင်းထုတ်ပြန်ထားတယ်။အာဏာသိမ်းပြီးတစ်နှစ်ကျော်ကာလအတွင်းသူ့ကိုဘယ်နိုင်ငံမှအသိအမှတ်မပြုလို့ရုရှားကိုပဲသွားနေရတယ်။ရုရှားကလဲသူ့ကိုတူတူတန်တန်ဆက်ဆံတာမဟုတ်ဘူး။အခုလဲရုရှားအဆင့်နိမ့်အရာရှိတွေနဲ့ပဲတွေ့ဆုံနေရတယ်။သူလိုလူမျိူးကအရှက်သိက္ခာလဲရှိမှာမဟုတ်ဘူး။ မင်းအောင်လှိုင်ကိုသံအမတ်ခန့်အပ်လွှာလာမပေးတဲ့အတွက်ဖိအားပေးလို့မရတော့တဲ့အဆုံးဗြိတိန်သံအမတ်ကြီးကိုလဲစစ်ကောင်စီကနှင်ထုတ်လိုက်တယ်။သူတို့ကိုအသိအမှတ်မပြုတဲ့ဘရူနိုင်းလိုနိုင်ငံတွေကိုလဲလက်တုံ့ပြန်တဲ့အနေနဲ့သံတမာန်အဆင့်လျော့ချထားသေးတယ်။စစ်ကောင်စီဟာနိုင်ငံတကာသံတမာန်အရေးမှာအခုချိန်ထိထွက်ပေါက်ပိတ်နေပေမယ့်ပြည်တွင်းမှာတော့အာဏာကိုအလုံးစုံချုပ်ကိုင်ထားဆဲပဲ။