ပဲခူးတိုင်းထဲမှာစစ်ကောင်စီဟာတပ်သားသစ်စုဆောင်းတဲ့အနေနဲ့ပြည်သူ့စစ်ဖွဲ့စည်းဖို့ဆိုပြီးအတင်းအကျပ်ပြုလုပ်နေပါတယ်။အထူးသဖြင့်တော်လှန်ရေးလှုပ်ရှားမှုးတွေအားနည်းနေသေးတဲ့ပဲခူးတိုင်းအနောက်ခြမ်းမှာစစ်တပ်နဲ့အုပ်ချုပ်ရေးမှုးတွေကလူဦးရေစာရင်းတွေတောင်းခံနေတယ်။ပြီးတော့ပြည်သူ့စစ်ဖွဲ့ဖို့ဆိုပြီးတရွာကိုဘယ်နှယောက်ဆိုပြီးတောင်းတယ်။လူမပေးနိုင်ရင်ငွေညစ်နေပါတယ်။ရထားတဲ့သတင်းတွေအရတချို့ရွာတွေမှာတစ်ရွာကိုငါးယောက်တောင်းပါတယ်။ပြည်သူ့စစ်ထဲမဝင်ချင်ရင်တစ်ယောက်ကိုသိန်း၂၀နှုန်းနဲ့တစ်ရွာကိုသိန်းတစ်ရာပေးရတယ်။တချို့ရွာတွေမှာတော့မဲနှိုက်ခိုင်းပြီးမဝင်မနေရပုံစံမျိုးလုပ်နေတယ်။ဒါ့ကြောင့်ထိုရွာတွေကလူငယ်လူရွယ်တွေဟာရွာထဲမှာမနေရဲပဲရှောင်တိမ်းနေရတယ်။ပြည်သူတွေစားဝတ်နေရေးမပြေလည်တဲ့ကြားထဲကစစ်တပ်ကရွာတွေကိုသူပုန်ဆန်ဆန်အတင်းဓားပြတိုက်ဆက်ကြေးတောင်းသလိုပုံစံလုပ်နေတာပါ။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြည်သူ့စစ်နဲ့လုံခြုံရေးကွန်ယက်များဖွဲ့စည်းမယ်လို့ပြောပြီးနောက်အခုလိုပြည်သူ့စစ်ဖွဲ့စည်းဖို့စစ်တပ်ကဖိအားပေးခြိမ်းခြောက်လာတာဖြစ်တယ်။ဒီကာလအတွင်းလျော့ပါးသွားတဲ့သူတို့ရဲ့စစ်အင်အားကိုရတဲ့နည်းနဲ့ဖြည့်တင်းချင်တာလဲပါမှာပေါ့။အရင်ခေတ်တွေတုန်းကတောင်တပ်သားသစ်စုဆောင်းတဲ့အနေနဲ့ပေါ်တာဆွဲရင်ခိုးကြောင်ခိုးဝှက်လုပ်ကြတာပါ။အခုတော့စစ်သူပုန်တွေဟာတကယ့်ကိုသူပုန်ဆန်ဆန်ပဲပေါ်ပေါ်တင်တင်လုပ်နေကြပြီ။
Read moreDetailsရှမ်းမြောက်မှာညီနောင်သုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးရပ်တန့်သွားပေမယ့်တိုက်ပွဲတွေကတော့ဆက်လက်ပြင်းထန်လျက်ရှိတယ်။ညီနောင်သုံးဖွဲ့နေရာမှာကချင်EAOတစ်ခုဖြစ်တဲ့KIAကအစာထိုးဝင်ရောက်လာတယ်လေ။KIAဟာ၁၀၂၇စစ်ဆင်ရေးမတိုင်မီကကချင်ပြည်နယ်မှာစစ်ကောင်စီကိုစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့ပေမယ့်၁၀၂၇စစ်ဆင်ရေးကာလအတွင်းမှာတော့ငြိမ်ချက်သားကောင်းနေတယ်။ဒါ့ပေမယ်ရှမ်းမြောက်မှာအပစ်ရပ်ပြီးနောက်နေ့ကစလို့KIAဟာမြန်မာပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေဖော်ဆောင်လာတာတွေ့ရတယ်။ရှမ်းပြည်နယ်နမ့်ဖက်ကာဒေသ၊မဘိမ်းနဲ့မိုးမိတ်မြို့တွေကိုတပြိုင်နက်ဆိုသလိုတိုက်ခိုက်လာတာတွေ့ရတယ်။မနေ့တနေ့ကတင်နမ့်ဖက်ကာဒေသမှာစစ်ကောင်စီရဲ့တိုက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့သေးတယ်လေ။KIAဟာကချင်ပြည်နယ်ထဲမှာလဲစစ်ကောင်စီကိုအနားမပေးပဲကျောက်စိမ်းထွက်ရှိရာဖားကန့်ဒေသစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်လျက်ရှိတယ်။မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ထိုးစစ်တွေတရုတ်ရဲ့ဖိအားကြောင့်ရပ်တန့်လိုက်ရချိန်မှာKIAကသူတို့နေရာဝင်ယူလိုက်တာဟာအားရဖို့ကောင်းတဲ့အချက်တစ်ခုပဲ။မြောက်ပိုင်းကEAOတွေအချင်းချင်းစစ်ရေးမှာအချိတ်အဆက်တွေရှိနေတယ်လို့ခံစားမိတယ်။စစ်ကောင်စီကိုလုံးဝအနားမပေးဘူးဆိုတဲ့ရည်ရွယ်ချက်တစ်ခုနဲ့တိုက်ပွဲဝင်နေကြတယ်လို့ထင်မိတယ်။ဒီတိုင်းဆိုရင်မြန်မာပြည်မြောက်ပိုင်းမှာမြို့သိမ်းတိုက်ပွဲတွေဆက်ရှိနေဦးမယ်။
Read moreDetailsချင်းနဲ့ရခိုင်ပြည်နယ်အစပ်ကအရေးပါတဲ့ပလက်ဝမြို့ကိုနောက်ဆုံးမှာတော့အေအေကသိမ်းပိုက်နိုင်လိုက်ပါပြီ။ပလက်ဝမြို့အခြေစိုက်ဗျူဟာကုန်းတွေနဲ့တပ်ရင်းစစ်ဌာနချုပ်တွေကိုဆက်တိုက်ဆိုသလိုသိမ်းပိုက်ပြီးနောက်အခုဆိုရင်မြို့ကိုပါအပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။အေအေရဲ့ထုတ်ပြန်ချက်အရသံချပ်ကာကားတွေ၊ဟောင်ဝစ်ဇာအမြောက်တွေအပါအဝင်လက်နက်ခဲယမ်းအမြောက်အမြားကိုပါသိမ်းဆည်းရမိပြီးနောက်စစ်ကောင်စီတပ်သားတွေကင်းစင်တဲ့ဒေသအဖြစ်ကြေညာလိုက်ပါတယ်။ဒါ့ကြောင့်ပလက်ဝမြို့ဟာအေအေပထမဆုံးထိန်းချုပ်နိုင်တဲ့မြို့နယ်ဖြစ်လာတယ်။ ပလက်ဝမြို့ဟာအိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့မြို့တစ်ခုဖြစ်တယ်။အိန္ဒိယရဲ့ကုလားတန်မြစ်ကြောင်းစီမံကိန်းကြီးဖြတ်သန်းသွားရာမြို့လဲဖြစ်တယ်။ထိုဒေသဟာဗျူဟာအရအရေးပါတာကြောင့်အေအေဟာအခြေခံနယ်မြေတစ်ခုရရှိရေးအတွက်အပြင်းအထန်တိုက်ခိုက်ခဲ့တာပါ။နောက်ဆုံးမှာတော့ရခိုင်မြောက်ပိုင်းမှာပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုကိုအေအေတို့ရရှိခဲ့ပါပြီ။ဆက်လက်ပြီးလဲရခိုင်မြောက်ပိုင်းကမြို့တွေဖြစ်တဲ့ပေါက်တော၊မင်းပြား၊မြေပုံ၊မြောက်ဦးစတဲ့မြို့တွေကိုရရှိရေးဆက်လက်တိုက်ပွဲဝင်လျက်ရှိပါတယ်။
Read moreDetailsရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့၊နမ့်ဖက်ကာမှာဗုံးလာကြဲတဲ့စစ်ကောင်စီလေယာဉ်တစ်စီးကိုKIAကဒီနေ့ပစ်ချနိုင်ခဲ့တယ်။ပစ်ချခံလိုက်ရတဲ့လေယာဉ်ဟာတရုတ်နိုင်ငံထုတ်FTC2000အမျိုးအစားဖြစ်တယ်လို့သိရတယ်။လေယာဉ်မှုးနှစ်ဦးစလုံးကတော့အသက်ရှင်ဖွယ်ရာမရှိဘူး။ထိုအမျိုးအစားလေယာဉ်တွေကိုစစ်ကောင်စီကအာဏာသိမ်းနောက်ပိုင်းကာလမှတရုတ်ထံတွင်ဈေးပေါပေါနဲ့ဝယ်ယူခဲ့တာလို့သိရတယ်။ဒီလဆန်းပိုင်းမှာလဲKIAကကချင်ပြည်နယ်မှာစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့သေးတယ်။ ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်မှာလဲစစ်ကောင်စီတပ်သား၂၀၀ခန့်အေအေထံကိုလက်နက်ချခဲ့တယ်လို့သိရတယ်။ရသေ့တောင်မြို့နယ်ကကြိမ်ချောင်းဗျူဟာကိုအေအေကတိုက်ခိုက်သိမ်းပိုက်ချိန်မှာစစ်ကောင်စီတပ်တွေလက်နက်ချခဲ့တာပါ။တချို့စစ်ကောင်စီတပ်သားတွေကတော့ခြေဦးတည့်ရာထွက်ပြေးသွားကြတယ်။ရှမ်းမြောက်လောက်ကိုင်မြို့မှစစ်သူပုန်တွေလက်နက်ချပြီးနောက်ပိုင်းမှာလဲရခိုင်ပြည်နယ်ဘက်မှာအစုလိုက်အပြုံလိုက်လက်နက်ချမှုတွေဆက်လက်ဖြစ်ပေါ်နေတယ်။
Read moreDetailsမြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေးဟာ တချိန်မှာရပ်တန့်သွားမယ်ဆိုတာမျှော်လင့်ပြီးသားပါ။ ဘယ်အချိန်မှာရပ်တန့်မယ်မှန်း ကြိုမသိခဲ့ပေမယ့် အခုရပ်တန့်လိုက်တဲ့အချိန်မှာတော့ တော်လှန်ရေးအတွက် အကျိုးများစွာဖြစ်ထွန်းခဲ့ပြီး စစ်ကောင်စီကိုအတော်အထိနာစေခဲ့တယ်။ ဒီစစ်ဆင်ရေးမရှိခင်ကဆို နွေဦးတော်လှန်ရေးဟာ သူမသာကိုယ်မသာအခြေအနေနဲ့ အချိန်အတော်ကြာအီနေခဲ့တာပါ။ ထိုသို့အီနေတဲ့အခြေအနေမျိုးကြောင့် ပြည်သူတွေဟာ လမ်းပျောက်နေသလို၊ မျှော်လင့်ချက်တွေတဖြည်းဖြည်းနည်းလာနေသလိုခံစားနေရတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကို ဒီစစ်ဆင်ရေးက...
Read moreDetailsရှမ်းမြောက်မှာ၂ဦးသဘောတူအပစ်ရပ်ထားပေမယ်ံစစ်ကောင်စီကတော့တရုတ်ဦးစီးဦးဆောင်ပြုထားတဲ့သဘောတူညီချက်ကိုပေါ်ပေါ်တင်တင်ပဲချိုးဖောက်လိုက်ပါတယ်။ကျောက်မဲမြို့ရှိစစ်ကောင်စီတပ်တွေဟာTLNAတပ်တွေတည်ရှိရာစခန်းကိုမနေ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲ၂နာရီခန့်ဖြစ်ပွားပြီးပြည်သူတွေထိခိုက်မှာစိုးသောကြောင့်TLNAဘက်နောက်ဆုတ်ပေးလိုက်ရတယ်။ဒါ့အပြင်TLNAသိမ်းယူထားတဲ့မြို့တွေကိုလဲလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်။ဒါဟာအပစ်ရပ်သဘောတူညီချက်ကိုပူပူနွေးနွေးချိုးဖောက်လိုက်တာပဲ။ဒီအတိုင်းဆက်သွားရင်တော့မကြာမီမှာသဘောတူညီချက်ကပျက်မှာပဲ။စစ်တပ်ဟာကတိမတည်ဘူးဆိုတာလူတိုင်းလဲသိနေတာပဲလေ။ဒါ့ကြောင့်လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်တပ်ဘက်ကထိုးစစ်တွေက်ဆက်လက်ရှိနေနိုင်တယ်။ ရှမ်းမြောက်မှာစစ်တပ်ဟာအနည်းငယ်အနားရသွားပေမယ့်ရခိုင်မှာတော့ဆုံးရှုံးမှုတွေဆက်တိုက်ကြုံတွေ့နေရတယ်။ပလက်ဝနယ်မြေကနာမည်ကြီးမီးဝဗျူဟာကုန်းစခန်းကြီးအေအေကအပြီးသတ်သိမ်းပိုက်ရရှိကြောင်းကြေညာလိုက်တယ်။ထိုဗျုဟာစခန်းကိုအေအေက၂၀၂၀ခုနှစ်တုန်းကလဲတိုက်ခိုက်ခဲ့သေးတယ်။အဲ့ဒီအချိန်တုန်းက၄၅ရက်တိုက်ခိုက်ခဲ့သော်လည်းမရရှိခဲ့ပဲပြန်လည်ဆုတ်ခွာခဲ့ရတယ်။အခုနောက်ဆုံး၂ပတ်သာသာအချိန်လောက်အတွင်းမှာပဲနာမည်ကြီးဗျူဟာကုန်းကြီးတစ်ခုကိုထပ်မံရရှိလိုက်တယ်။မီးဝဗျူဟာကုန်းကိုအလွယ်တကူရရှိလိုက်တာဟာစစ်ကောင်စီတပ်တွေစစ်ရေးနဲ့စိတ်ဓာတ်ရေးရာမှာဘယ်လောက်ထိကျဆင်းနေပြီဆိုတာသိသာစေတယ်။
Read moreDetailsရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင်သုံးဖွဲ့ကြားယာယီအပစ်ရပ်ဖို့သဘောတူခဲ့တယ်လို့သိရတယ်။တရုတ်နိုင်ငံကဦးဆောင်ပြီးကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာပထမနှစ်ရက်ကသဘောတူညီချက်တစုံတရာမထွက်ခဲ့ပေမယ့်တတိယမြောက်ရက်မှာယာယီအပစ်ရပ်ဖို့နှစ်ဖက်လုံးကဘောတူခဲ့တာဖြစ်တယ်။ဒီသဘောတူညီချက်ဟာဆွေးနွေးပွဲပြီးနောက်တစ်ရက်မှာစတင်အသက်ဝင်မမှာပါ။သဘောတူညီချက်တွေထဲမှာတော့နှစ်ဖက်တပ်တွေရောကတဲ့နေရာမှာအပစ်ရပ်ဖို့၊မြောက်ပိုင်းအဖွဲ့တွေဘက်ကမြို့နဲ့စခန်းသိမ်းတိုက်ပွဲတွေမလုပ်ဖို့နဲ့စစ်ကောင်စီဘက်ကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေမလုပ်ဖို့အဓိကပါဝင်တယ်။တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေပြန်လည်ဖွင့်လှစ်ဖို့ကိုတော့တိုက်ပွဲတွေငြိမ်သွားတဲ့အချိန်မှာစစ်ကောင်စီ၊မြောက်ပိုင်း၃ဖွဲ့နဲ့တရုတ်နိုင်ငံကြားပြန်လည်ညှိနှိုင်းသွားမှာဖြစ်တယ်။ဒီဆွေးနွေးပွဲရလဒ်ဟာရှမ်းမြောက်ဒေသအတွက်ပဲဖြစ်ပြီးရခိုင်ဒေသမပါဝင်ဘူးလို့သိရတယ်။ မြောက်ပိုင်းသုံးဖွဲ့နဲ့စစ်ကောင်စီတို့ဟာဒီဇင်ဘာလဆန်းကတည်းကတရုတ်အကူအညီနဲ့တွေ့ဆုံခဲ့ကြပြီးအခုသုံးကြိမ်မြောက်မှာအပစ်ရပ်ဖို့သဘောတူလိုက်တာပဲ။အခုလိုစစ်ဆင်ရေးအရှိန်ကောင်းနေချိန်မှာရုတ်တရက်အပစ်ရပ်လိုက်တဲ့အတွက်တော်လှန်ရေးအတွက်အတော်အထိနာတယ်လို့ပြောရမယ်။
Read moreDetailsစစ်ကိုင်းတိုင်းထဲမှာပဲတော်လှန်ရေးအဖွဲ့တွေဟာစစ်အုပ်စုခြေကုတ်ယူထားရာပျူစောထီးစခန်းတွေအလျင်းသင့်သလိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိတယ်။ဒီနေ့မှာလဲကန့်ဘလူနယ်တင်ငုတ်ကြီးရွာကပျူစောထီးစခန်းကိုစီးနင်းတိုက်ခိုက်ခဲ့ရာစခန်းသိမ်းနိုင်ခဲ့ပြီးစစ်အုပ်စုနဲ့ပျူစောထီး၂၅ယောက်သေခဲ့သလိုသေနတ်၁၄လက်ရရှိခဲ့တယ်။ထိုပျူစခန်းဟာကားလမ်းမပေါ်မှာဂိတ်ဖွင့်ပြီးပြည်သူတွေကိုဆက်ကြေးကောက်နေတဲ့စခန်းတစ်ခုဖြစ်တယ်။စခန်းသိမ်းခံရပြီးနောက်စစ်အုပ်စုဘက်ကစစ်ကားလေးစီနဲ့စစ်ကူပို့ခဲ့ပြီးအနီးရှိရွာတွေကိုလဲစီးနင်းလုယက်မီးရှို့နေတယ်။မီးရှို့ခံရတဲ့ထဲမှာစစ်ရှောင်တဲ၃၃လုံးလဲပါသွားပြီးနွားများကိုလဲခိုးယူသွားတယ်။စစ်အုပ်စုဟာထိုပျူစခန်းပတ်ဝန်းကျင်ကိုမကြာခဏစီးနင်းလုယက်နေလို့ဒေသခံတွေဟာရွာတွေမှာမနေရဲပဲအမြဲစစ်ပြေးနေရတာပါ။ရွာတွေမှာဘာမှမချန်ပဲအခြေခံစားသောက်ကုန်ကအစအကုန်သယ်ပြီးတောထဲမှာနေကြရတယ်။တောထဲကတဲကကိုယ့်အိမ်လိုဖြစ်နေတယ်။စစ်ကိုင်းတိုင်းထဲကရွာတွေအတော်များများထိုအခြေအနေအတိုင်းခံစားနေရတယ်။ဒီလတွေထဲရှမ်းမြောက်ကတိုက်ပွဲတွေကြောင့်စစ်သူပုန်တွေစစ်ကိုင်းတိုင်းထဲမှာစစ်ကြောင်းထိုးတာနည်းသွားတဲ့အချိန်တော်လှန်ရေးတပ်တွေကလဲစစ်အုပ်စုခြေကုတ်ယူထားရာစခန်းတွေကိုအခွင့်သာခိုက်မှာတိုက်ခိုက်သိမ်းပိုက်နေတယ်။စစ်ကိုင်းတိုင်းထဲမှာမြို့တွေကိုမသိမ်းနိုင်ရင်တောင်မှပဲရွာတွေကိုစစ်အုပ်စုရန်ကကာကွယ်ပေးနိုင်ရင်သိပ်ကောင်းမှာပဲ။
Read moreDetailsNUGသိမ်းပိုက်ထားတဲ့ကောလင်းမြို့အနီးတဝိုက်ဒေသမှာစစ်ကောင်စီကဖမ်းဆီးသွားတဲ့အရပ်သား၁၉ဦးရဲ့အလောင်းတွေကိုဝန်းသိုမြို့အနီးငါးမိုင်ခန့်အရပ်မှာတွေ့ရတယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာအမျိုးသမီးတွေအပါအဝင်ကားသမားတချို့နဲ့ကောလင်းမြို့ခံငါးဦးလဲပါဝင်တယ်။အလောင်းတွေကိုလဲဟိုတစ်စုဒီတစ်စုစွန့်ပစ်ထားခဲ့တာပါ။ရုပ်အလောင်တွေမှာခြေလက်နောက်ပြန်ကြိုးတုတ်ထားပြီးဗိုက်နဲ့ဦးခေါင်းပွင့်သေနတ်ဒဏ်ရာတွေတွေ့ရတယ်။တစ်ချက်ထဲတောင်မဟုတ်ပဲအချက်ပေါင်းများစွာရက်ရက်စက်စက်ပစ်ခံထားရတယ်။တချို့အလောင်းတွေကခြေထောက်အကြောတွေအဖြတ်ခံထားရတယ်။ကားမောင်းသမားတွေရောကုန်သည်တွေပါပါဝင်တယ်လို့သိရတယ်။ စစ်ကောင်စီဟာကောလင်းမြို့ကိုပြန်လည်သိမ်းယူနိုင်ဖို့မြို့အနီးတဝိုက်ကိုမြေပြင်ကနေစစ်ကြောင်းထိုးနေသလိုလက်နက်ကြီးတွေနဲ့လဲမြို့ထဲကိုနေ့တိုင်းနီးပါးပစ်ခတ်နေပြီးကြမ်းကြမ်းတမ်းတမ်းဖိအားပေးနေတယ်။အခြားဒေသတွေကိုနေကောလင်းမြို့အဝင်အထွက်ကိုလဲပိတ်ဆို့ထားတယ်။ကောလင်းမြို့ပေါ်မှာတော့NUGဒီဇင်ဘာလကစပြီးအုပ်ချုပ်ရေးတရားစီရင်ရေးနဲ့စီးပွားရေးကိစ္စတွေကိုစီမံခန့်ခွဲနေပါတယ်။
Read moreDetailsလောက်ကိုင်မှာလက်နက်ချခဲ့တဲ့ဗိုလ်မှုးချုပ်ခြောက်ယောက်ကိုစစ်ကောင်စီကအရေးယူဖို့ဖမ်းဆီးထားတယ်လို့တပ်တွင်းသတင်းအရင်းအမြစ်အရသိရတယ်။သူတို့ခြောက်ယောက်ဟာလောက်ကိုင်ကနေဆုတ်ခွာလာပြီးလားရှိုးရောက်နေစဉ်မှာပဲစစ်ကောင်စီကအကျဉ်းချထားလိုက်တယ်လို့သိရတယ်။တပ်တွင်းပြိုကွဲအောင်လုပ်မှု၊အမိန့်မနာခံမှုစတဲ့အမှုတွေနဲ့အရေးယူမယ်လို့လဲကြားတယ်။ဒါကိုထိုဗိုလ်မှုးချုပ်ခြောက်ယောက်ကမကျေနပ်ကျဘူးတဲ့။သူတို့အကောင်းဆုံးဆုံးဖြတ်ပြီးလုပ်ခဲ့ပေမယ့်နောက်ဆုံးကျအရေးယူခံလိုက်ရတယ်လေ။တချို့ကတော့ထိုခြောက်ယောက်ဟာလောက်ကိုင်ကမထွက်ခွာခင်TLNAခေါင်းဆောင်တွေနဲ့တဝိုင်းထဲအရက်အတူသောက်ခဲ့တဲ့ပုံတွေကြောင့်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစိတ်ဆိုးပြီးအရေးယူတာလို့သုံးသပ်ကြတယ်။စစ်တပ်အတွက်ကတော့သူတို့ကိုအရေးယူသည်ဖြစ်စေ၊မယူသည်ဖြစ်စေတပ်တွင်းညီညွတ်မှုကပြိုကွဲမှာပဲ။အရေးမယူရင်နောက်မှာသူတို့လမ်းစဉ်လိုက်ပြီးလက်နက်ချမယ်သူတွေတပုံကြီးရှိသလိုအရေးယူရင်လဲထိုခြောက်ဦးနဲ့အောက်လက်ငယ်သားအင်အား၂၀၀၀ကျော်ကကျေနပ်ကြမှာမဟုတ်ဘူး။ဘာပဲဖြစ်ဖြစ်စစ်ကောင်စီအခက်တွေ့လေလေ၊တော်လှန်ရေးအတွက်ကောင်းလေလေလို့မှတ်ယူရမှာပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.