ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့နဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းဘက်မှာ စစ်ဆင်ရေး ပြန်ပြီးလုပ်ဆောင်လာပါတယ်။ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဆားလင်းကြီး၊ ဘုတလင်၊ အရာတော်၊ ကန့်ဘလူ စတဲ့မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အိမ်တွေ မီးရှို့၊ ရွာသားတွေကို...
Read moreDetailsစစ်တပ်နဲ့ရှစ်ကြာအပစ်ရပ်ထားပြီးNCAကိုလက်မှတ်ထိုးထားတဲ့PLNOအဖွဲ့နဲ့စစ်တပ်တို့ကြားပီးခဲ့တဲ့ရက်တွေကတိုက်ပွဲတွေစတင်ဖြစ်ပွားလာပြီးနောက်ရှမ်းတောင်နဲ့ကရင်နီပြည်နယ်အစပ်ကဆီဆိုင်မြို့ကိုPLNOကသိမ်းပိုက်ထိန်းချုပ်လိုက်ပါပြီ။ဆီဆိုင်မြို့ဟာအရင်ကတည်းကPLNOအဖွဲ့ရဲ့အခြေခံနယ်မြေပြီးအခုမှစစ်ကောင်စီလက်ထဲကသိမ်းပိုက်လိုက်တာပါ။မြို့ပေါ်ကစစ်တပ်ရဲ့တပ်ရင်းတွေ၊ရဲစခန်းတွေအကုန်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီဘက်ကထုံးစံအတိုင်းလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေပါတယ်။မြို့ထဲကစစ်ဘေးရှောင်တွေကတော့ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးဘက်ကိုထွက်ပြေးတိမ်းရှောင်နေကြတယ်။ဆီဆိုင်မြို့ဟာကရင်ပြည်နယ်ထဲကိုတောင်ကြီးဘက်ကလာတဲ့ဝင်ပေါက်မှာတည်ရှိနေတယ်။အခုလိုမြို့ကိုသိမ်းပိုက်နိုင်ခြင်းဟာကရင်နီပြည်နယ်လွတ်မြောက်ရေးအတွက်ပိုမိုအခွင့်အလမ်းများလာစေတယ်။ တပြိုင်နက်ထဲကရင်နီပြည်နယ်ထဲမှာလဲမော်ချီးမြို့ကိုစစ်ကောင်စီတပ်တွေစွန့်ခွာသွားတာကြောင့်မတိုက်ခိုက်လိုက်ရပဲတော်လှန်ရေးအဖွဲ့တွေသိမ်းယူလိုက်နိုင်တယ်။ဒါ့ကြောင့်ကရင်နီပြည်နယ်မှာမယ်စဲမြို့နဲ့နန်းမယ်ခုံမြို့အပါအဝင်တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်နိုင်တဲ့မြို့သုံးမြို့အထိရှိလာတယ်။တော်လှန်ရေးတပ်ဖွဲ့တွေဟာကရင်နီပြည်နယ်အတွင်းမှာပြည်နယ်တစ်ခုလုံးရဲ့၇၅ရာခိုင်နှုန်းကိုထိန်းချုပ်ထားနိုင်ပြီးမြို့တော်လွိုင်ကော်ကိုရရှိရေးဆက်လက်တိုက်ပွဲဝင်နေပါတယ်။
Read moreDetailsနွေဦးတော်လှန်ရေးအရှိန်ကိုအလှည့်အပြောင်းဖြစ်စေတဲ့၁၀၂၇စစ်ဆင်ရေးကြီးဟာဒီနေ့နဲ့ဆိုသုံးလတိတိပြည့်မြောက်ခဲ့ပါပြီ။သုံးလပြည့်လာတဲ့အချိန်တွင်တနိုင်ငံလုံးမှာအနည်းဆုံးမြို့ပေါင်း၃၃မြို့ကိုသိမ်းပိုက်ပြီးခဲ့ပြီ။မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း၃၃၀ကျော်ရှိတယ်။၃၃မြို့ကိုသိမ်းနိုင်တယ်ဆိုတော့တနိုင်ငံလုံးရဲ့၁၀ရာခိုင်နှုန်းခန့်ကိုအပြည့်အဝထိန်းချုပ်နိုင်တဲ့သဘောပါပဲ။ ၁၀၂၇စစ်ဆင်ရေးဟာတရုတ်ရဲ့ဖိအားတွေကြောင့်ဒီလ၁၂ရက်နေ့တွင်ရှမ်းမြောက်မှာအပစ်ရပ်လိုက်ရတယ်။ဒါပေမယ့်ရခိုင်ပြည်နယ်မှာအေအေကတော့စစ်တပ်နဲ့အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားနေဆဲပဲ။အပစ်ရပ်လိုက်တဲ့မြောက်ပိုင်းသုံးဖွဲ့ရဲ့နေရာကိုကချင်EAOဖြစ်တဲ့KIAကအတိုင်းအတာတစ်ခုအထိဝင်ရောက်နေရာယူပြီးရှမ်းမြောက်နဲ့ကချင်ပြည်နယ်မှာစစ်ကောင်စီကိုဆက်လက်တိုက်ခိုက်နေတယ်။ဒါ့ကြောင့်အခုအချိန်အထိတော့နေရာအနှံ့မှာတိုက်ပွဲတွေဖြစ်ပွားနေဆဲပါပဲ။ တရုတ်ရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့ယာယီအပစ်ရပ်လိုက်ပေမယ့်စစ်အာဏာရှင်အမြစ်ဖြတ်ရေးအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့မြောက်ပိုင်းသုံးဖွဲ့ကအခါခါကတိပြုထားတယ်။ဒါ့ကြောင့်တရုတ်နှစ်သစ်ကူးရာသီအပြီးဖေဖော်ဝါရီလကုန်မတ်လဆန်းလောက်မှာ၁၀၂၇ရဲ့ဒုတိယလှိုင်းတစ်ခုဖြစ်လာလောက်တယ်လို့ထင်မိတယ်။
Read moreDetailsရှမ်းတောင်နဲ့ကရင်နီနယ်စပ်မှာစစ်မျက်နှာအသစ်တစ်ခုထပ်ပွင့်လာပါပြီ။စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးစာချုပ်NCAကိုလက်မှတ်ထိုးတားတဲ့ပလောင်တပ်ဖွဲ့PLNOဟာဒီရက်ပိုင်းမှာစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်လာပါတယ်။ဖြစ်စဉ်ကတော့PLNOနယ်မြေကိုဖြတ်လာတဲ့လက်နက်ခဲယမ်းတွေတင်တာသောယာဉ်တန်းကိုစစ်တပ်ကကြားဖြတ်ဖမ်းဆီးခဲ့ပြီးလက်နက်တွေကိုမီးရှို့ဖျက်စီးလိုက်ပါတယ်။ထိုလက်နက်တွေကိုရှမ်းမြောက်ကEAOအဖွဲ့တွေကPLNOကိုပေးပို့တာလို့သိရတယ်။ဒါ့အပြင်ထိုလက်နက်တွေဟာကရင်နီတော်လှန်ရေးတပ်တွေဆီသွားမယ့်လက်နက်တွေလို့လဲပြောကြတယ်။အရင်အခေါက်တွေကလဲစစ်ကောင်စီကဖမ်းမိတာတွေရှိခဲ့ပေမယ့်အခုတော့ထိုကိစ္စနဲ့ပတ်သက်ပြီးPLNOကစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်လာပါတယ်။အခုလောလောဆယ်တော့ရှမ်းတောင်ကဆီဆိုင်မြို့မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ်။ထိုတိုက်ပွဲတွေမှာကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေပါမဟာမိတ်အဖြစ်PLNOဘက်မဟာမိတ်အဖြစ်ပါဝင်တိုက်ခိုက်နေတယ်လို့သိရတယ်။ ဒါ့အပြင်ကရင်နီတော်လှန်ရေးအဖွဲ့တွေကကရင်နီပြည်နယ်ထဲကစစ်ကောင်စီတပ်တွေတော်လှန်ရေးဘက်ပြောင်းဖို့ရှိနေတယ်လို့ထုတ်ပြန်လာတယ်။ဒါဟာသတင်းကောင်းတစ်ခုပဲ။အချိန်တစ်ခုကိုစောင်နေပေမယ့်ဒီလိုအချိန်မှာစစ်ကောင်စီတပ်တွေဘက်ပြောင်းလာရင်ကရင်နီပြည်နယ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေအလွယ်တကူသိမ်းပိုက်ထိန်းချုပ်သွားနိုင်လိမ့်မယ်။
Read moreDetailsကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ပြသာနာကိုစစ်ကောင်စီဘက်ကဒုတပ်ချုပ်စိုးဝင်းကိုယ်တိုင်ကရင်ပြည်နယ်အထိသွားပြီးစောချစ်သူနဲ့တွေ့ခဲ့ပေမယ့်ပြေလည်မှုမရခဲ့ပါဘူး။စောချစ်သူကိုစစ်တပ်ကအဆင့်မြင့်ရာထူးဖြစ်တဲ့ဗိုလ်မှုးချုပ်အဆင့်ထိမက်လုံးပေးကမ်းလှမ်းခဲ့ပေမယ်လက်မခံခဲ့ဘူးလို့လဲကြားနေတယ်။ထိုပြသာနာဟာအစောကတည်းကအားနည်းနေတဲ့စစ်တပ်အတွက်ခေါင်းခဲစရာဖြစ်လာပြီ။ကရင်BGFအဖွဲ့ဟာအင်အား၅၀၀၀နဲ့၁၀၀၀၀ကြားမှာရှိပြီးကရင်ပြည်နယ်ထဲမှာစစ်တပ်အတွက်အားထားရတဲ့အင်အားစုတစ်ခုဖြစ်တယ်။ထိုအဖွဲ့ကိုလက်လွတ်ရရင်ကရင်ပြည်နယ်ထဲမှာစစ်တပ်ဟာသိသိသာသာအင်အားနည်းသွားလိမ့်မယ်။ခွဲထွက်သွားတဲ့BGFတွေကိုချေမှုန်းတိုက်ခိုက်ဖို့လဲစစ်ကောင်စီမှာအင်အားမရှိပြန်ဘူး။ဒါ့ကြောင့်စစ်ကောင်စီအနေနဲ့သူတို့ကိုစောင့်ကြည့်ယုံသာတတ်နိုင်မယ်။ တဖက်မှာလဲထိုဖြစ်ရပ်ကြောင့်KNUအတွက်အခွင့်အလမ်းတစ်ခုဖြစ်လာတယ်။ဒီအချိန်မှာအင်အားနည်းသွားတဲ့စစ်တပ်ကိုမောင်းထုတ်ပြီးကရင်ပြည်နယ်ထဲမှာမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်ဖို့အတွက်အခွင့်အရေးပဲ။အရင်ကစစ်တပ်ဘက်မှာBGFတွေပါနေတာကြောင့်ကရင်အချင်းချင်းတိုက်ခိုက်နေရသလိုဖြစ်နေမယ်ဆိုတဲ့အကြောင်းပြချက်တွေလဲမလိုတော့ဘူး။စောချစ်သူတို့အဖွဲ့အနေနဲ့ကြားနေမယ်ဆိုရင်တောင်တော်လှန်ရေးကိုအကျိုးရှိစေမှာပဲ။KNUနဲ့ပူးပေါင်းမယ်ဆိုရင်တော့အတိုင်းအထက်အလွန်ပေါ့။KNUအနေနဲ့လဲဒီအခွင့်အရေးကိုအသုံးချပြီးရှမ်းမြောက်လိုကရင်ပြည်နယ်ထဲကစစ်တပ်ကိုမောင်းထုတ်ဖို့အချိန်ကျလာပါပြီ။ဒီလိုအချိန်မှမထူးခြားဘူးဆိုရင်တော့မြန်မာပြည်တောင်ပိုင်းကတစ်ခုတည်းသောအင်အားကြီးEAOဖြစ်တဲ့KNUဟာအသံသာရှိပြီးအဆံမရှိတဲ့သင်္ကြန်အမြှောက်လို့သတ်မှတ်ရတော့မယ်။
Read moreDetailsကရင်ပြည်နယ်ကစစ်ကောင်စီလက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့အကြီးအကဲစောချစ်သူကစစ်တပ်လက်အောက်မှာမနေတော့ပဲသီးခြားရပ်တည်တော့မယ်လို့ကြေညာလိုက်ပါတယ်။စစ်တပ်ဟာတိုင်းရင်းသားနယ်မြေတွေနယ်စပ်ဒေသတွေမှာတိုင်းရင်းသားလက်နက်ကိုင်တွေကိုအခွင့်အရေးတချို့ပေးပြီးနယ်ခြားစောင့်တပ်BGFအဖြစ်တနိုင်ငံလုံးမှာဖွဲ့စည်းထားတယ်။အခုလောလောဆယ်အထင်ရှားဆုံးအဖွဲ့တွေကတော့လောက်ကိုင်ကကိုးကန့်နယ်ခြားစောင့်အဖွဲ့တွေနဲ့အခုကရင်ပြည်နယ်ကBGFတွေပါပဲ။ကိုးကန့်အဖွဲ့တွေကတော့၁၀၂၇စစ်ဆင်ရေးကြောင့်လက်နက်ချသူချ၊သေတဲ့သူကသေနဲ့တပ်ပျက်သလောက်ဖြစ်သွားပြီ။အခုစောချစ်သူဦးဆောင်တဲ့အဖွဲ့ဟာလဲကရင်ပြည်နယ်မှာအကြီးဆုံးစစ်ကောင်စီလက်အောက်ခံကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တယ်။လောက်ကိုင်ကအဖွဲ့တွေနဲ့ပိုပြီးတူညီတာကသူတို့ဟာကရင်ပြည်နယ်မြဝတီမြို့နားမှာKK PARKဆိုတဲ့လောင်းကစားမြို့တစ်ခုကိုလဲပိုင်ဆိုင်ထားသေးတယ်။လောင်ကိုင်ကအဖွဲ့တွေကစစ်ကောင်စီကဘာမှအကာအကွယ်မပေးနိုင်ခဲ့တဲ့နောက်စောချစ်သူဟာလဲအခုလိုခွဲထွက်ဖို့ဆုံးဖြတ်လိုက်တယ်ထင်တယ်။အခုလောလောဆယ်မှာစစ်တပ်နဲ့ပေါင်းပြီးစွဲထားတဲ့ကရင်ပြည်နယ်ထဲကတပ်စခန်းတွေကနေBGFတွေပြန်ဆုတ်ခွာလာပြီးသူတို့ဌာနချုပ်မှာခံစစ်အနေအထားနဲ့ရှိနေတယ်လို့သိရတယ်။စောချစ်သူတို့အဖွဲ့ဟာခုလောလောဆယ်မှာစစ်ကောင်စီနဲ့တော်လှန်ရေးဘက်ဘယ်ဘက်ကိုမှမပါပဲကြားနေမယ်လို့သိရတယ်။
Read moreDetailsနိုင်ငံရဲ့စီးပွားရေးကျဆင်းနေတာကြောင့်၂၀၂၃ခုနှစ်တစ်နှစ်တာအတွင်းရန်ကုန်တိုင်းမှာအထည်ချုပ်စက်ရုံအများအပြားပိတ်သိမ်းခဲ့ပါတယ်။စစ်အာဏာသိမ်းကာလမှာပြည်တွင်းမှာရှိကြတဲ့အထည်ချုပ်စက်ရုံတချို့ယာယီပိတ်သိမ်းတာနဲ့အပြီးသတ်ပိတ်သိမ်းတာတွေပေါင်းရင်၃၀ဝန်းကျင်ခဲ့ရှိတယ်လို့သိရတယ်။လက်ရှိကာလမှာတော့စက်ရုံပိတ်သိမ်းရင်အလုပ်သမားတွေကိုနစ်နာကြေးမပေးတာများတယ်။စစ်အာဏာသိမ်းထားတဲ့ကာလမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေကိုလဲဘယ်သူမှမဖြေရှင်းပေးကြတော့ဘူး။တချို့စက်ရုံတွေဆိုရင်လျော်ကြေးမပေးချင်တော့ယာယီအပိတ်ပြတယ်။ပြီးတော့နာမည်အသစ်နဲ့ပြန်ဖွင့်တယ်။အလုပ်သမားတွေကိုလဲအနိမ့်ဆုံးလုပ်ခလဟာထက်နည်းတဲ့ပမာဏကိုပဲပေးတယ်။အာဏာသိမ်းပြီးနောက်မှာအလုပ်သမားသမဂ္ဂတွေလဲထွက်ပြေးနေရတော့အလုပ်သမားအရေးတွေမလုပ်ပေးနိုင်တော့ဘူး။ဒါ့အပြင်တာဝန်ယူမှု၊တာဝန်ခံမှုမရှိတဲ့ကုန်အမှတ်တံဆိပ်တွေ၊စက်ရုံအလုပ်ရုံပိုင်ရှင်တွေနဲ့ဆိုရင်အလုပ်သမားတွေကကြုံသမျှလည်ဆင်းခံနေရပြီးဘာမှမတတ်သာတဲ့အခြေအနေကိုကြုံနေရတယ်။ဒီလိုအခြေအနေတွေကြောင့်အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်လာကြပြီးတချို့ကတော့ပြည်ပထွက်အလုပ်လုပ်ကိုင်ကြရတာတွေရှိသလိုတချို့ကလဲပြည်တွင်းမှာပဲရရာအလုပ်တွေလုပ်ကိုင်ပြီးနေကြရတယ်။
Read moreDetailsရခိုင့်တပ်တော်အေအေရဲ့ထိုးစစ်ဆင်မှုကြောင့်ပလက်ဝဒေသမှအိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားအရေအတွက်ဟာ၆၀၀ကျော်ထိရှိလာပြီဖြစ်ပါတယ်။အေအေကပလက်ဝဒေသတစ်ခုလုံးကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်ထိုဒေသရှိစစ်ကောင်စီတပ်ဗျူဟာကုန်းတွေကစစ်သားတွေဟာမြန်မာပြည်မဘက်ထွက်ပြေးစရာလမ်းကြောင်းတွေပိတ်ဆို့နေတာကြောင့်အိန္ဒိယနိုင်ငံထဲကိုအလုံးအရင်းနဲ့တသုတ်ပြီးတသုတ်ထွက်ပြေးကြပြီးနောက်မီဇိုရမ်ပြည်နယ်ထဲမှာအရေအတွက်ရာကျော်ရှိလာခဲ့တယ်။ဒါ့ကြောင့်အိန္ဒိယဘက်ကလဲထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုစစ်ကောင်စီထံလွဲပြောင်းမှုတွေပြုလုပ်နေတယ်။မနေ့ကတော့အဆိုပါစစ်ကောင်စီတပ်သားတွေကိုသွားခေါ်တဲ့စစ်တပ်ရဲ့အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးဟာပြေးလမ်းချော်ပျက်ကျပြီးတဲ့နောက်သုံးပိုင်းကျိုးသွားခဲ့ပါတယ်။တရုတ်နိုင်ငံထုတ်Y8အမျိုးအစားသယ်ယူပို့ဆောင်ရေလေယာဉ်ဖြစ်ပြီးစစ်တပ်မှာထိုလေယာဉ်မျိုးအရေအတွက်များများစားစားတော့ရှိမနေပါဘူး။အိန္ဒိယဟာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေကိုကောင်းကောင်းမွန်မွန်လက်ခံပြီးပြန်ပို့နေတာဟာတော်လှန်ရေးကိုအနှောက်အယှက်ပေးနေတယ်လို့မြင်မိတယ်။ထိုစစ်သားတွေကိုစစ်ကောင်စီကတိုက်ပွဲတွေမှာပြန်သုံးမှာပဲလေ။
Read moreDetailsအေအေကရခိုင်မှာတမြို့ပြီးတမြို့သိမ်းနေသလိုKIAကလဲရှမ်းမြောက်ကမဘိမ်းမြို့ကိုသိမ်းယူလိုက်ပါပြီ။ပြီးခဲ့တဲ့ရက်ပိုင်းကစပြီးရှမ်းမြောက်နဲ့ကချင်ပြည်နယ်အစပ်ကဒေသတွေကိုKIAနဲ့PDFပူးပေါင်းအဖွဲ့တွေစတင်တိုက်ခိုက်ခဲ့ပြီးနောက်ဒီနေ့မှာတော့မဘိမ်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်။ဒါ့အပြင်မဘိမ်းမြို့အရှေ့ဘက်ရှိမိုးမိတ်မြို့ကိုလဲဆက်လက်တိုက်ခိုက်လျက်ရှိတယ်။ထိုဒေသတွေဟာရှမ်းမြောက်၊ကချင်၊စစ်ကိုင်း၊မန္တလေးအစပ်မှာတည်ရှိနေပြီးဆက်သွယ်ရေးလမ်းကြောင်းအရဗျူဟာကျတယ်။ထိုလမ်းကြောင်းကိုရရှိရင်ရှမ်းမြောက်ကနေစစ်ကိုင်းတိုင်းအထိတော်လှန်ရေးအဖွဲ့တွေဘက်ကလက်နက်ရိက္ခာတွေအတားအဆီးမရှိပို့နိုင်မှာဖြစ်တယ်။ဒါ့ကြောင့်ထိုလမ်းကြောင်းပေါ်ကမြို့တွေဖြစ်တဲ့စစ်ကိုင်းတိုင်းမှာဆိုရင်ထီးချိုင့်နဲ့ကသာ၊ရှမ်းမြောက်မှာဆိုရင်နမ့်ဖက်ကာဒေသနဲ့မိုးမိတ်မြို့တို့ကိုထိန်းချုပ်နိုင်အောင်ကြိုးစားနေကြတယ်။နမ့်ဖက်ကာကိုတော့ဟိုတရက်ကစစ်တပ်ရဲ့ရဟတ်ယာဉ်ပျက်ကျပြီးကတည်းကတော်လှန်ရေးအဖွဲ့တွေရရှိထားတယ်။ထိုဒေသတွေဟာစစ်ရေးအရအရေးပါတာကြောင့်စစ်ကောင်စီဘက်ကလဲအပြင်းအထန်ခုခံနေတယ်။
Read moreDetailsရခိုင်ပြည်နယ်မှာအေအေကပလက်ဝပြီးနောက်ဒုတိယမြောက်မြို့အဖြစ်ပေါက်တောမြို့ကိုထပ်မံသိမ်းပိုက်လိုက်ပါတယ်။မနေ့ကတနေကုန်နီးပါးတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးစစ်ကောင်စီကကြည်းရေလေပူးပေါင်းခုခံခဲ့ပေမယ့်နောက်ဆုံးမှာတော့မြို့ကိုအေအေကသိမ်းပိုက်နိုင်ခဲ့တယ်။နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့်မြို့ခံတွေကိုတော့မြို့ထဲပြန်ဝင်ခွင့်မပြုသေးဘူး။ ရခိုင်ပြည်နယ်မြို့တော်စစ်တွေအရှေ့ဘက်ရေမိုင်၁၆မိုင်ခန့်အကွာတွင်ရှိသောပေါက်တောမြို့ကို၂၀၂၃နိုဝင်ဘာလလယ်လောက်ကတည်းကအေအေကစတင်တိုက်ခိုက်ခဲ့တာပါ။ထိုအချိန်ကအေအေကမြို့မရဲစခန်းကိုစီးနင်းပြီးပြန်ဆုတ်ခွာပြီးနောက်စစ်တပ်ကပေါက်တောမြို့ကိုပြန်လည်ထိန်းချုပ်ကာဒေသခံအများအပြားကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးထားခဲ့တယ်။ဒါကြောင့်မြို့တွင်းတိုက်ပွဲများဖြစ်ခဲ့ပြီးအေအေကဒေသခံတွေကို၃ကြိမ်ထက်မနည်းကယ်ထုတ်ခဲ့ရတယ်။လက်ရှိအချိန်မှာပေါက်တောမြို့ပတ်ဝန်းကျင်မြို့တွေမှာလဲတိုက်ပွဲတွေဖြစ်ပွားနေပြီးမင်းပြားနဲ့ရမ်းဗြဲမြို့တွေမှာဆိုစစ်တပ်ကမြိုပေါ်ရပ်ကွက်တွေကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေလေကြောင်းတွေနဲ့အပြင်းအထန်တိုက်ခိုက်နေလို့ပိတ်မိနေတဲ့ဒေသခံပြည်သူတချို့သေဆုံးမှုတွေရှိနေတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.